Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Boreanaz
6.6
The Mighty Macs (2009)
The Mighty Macs (2009)IMDb - 6.6ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~The Mighty Macs(2009) ကတော့ Spy Kidမင်းသမီး Carla Gugino နဲ့ Oscarဆုရှင် Ellen Burstyn မှသရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် sport drama လေးဖြစ်ပါတယ်။ ကေသီရက်က အားကစားသမားဘဝကနေအနားယူပြီး NBAဒိုင် ယောကျာ်းဖြစ်သူကိုပဲ အားပေးနေရပါတယ်။ သူမက တနေ့မှာတော့ ကတ်သလစ်ကျောင်းလေးက အမျိုးသမီးဘတ်စကတ်ဘောအသင်းအတွက် နည်းပြနေရာလျှောက်လိုက်ပြီး အင်တာဗျူးအခေါ်ခံရရာကနေ ဇာတ်လမ်းလေးကစပါတယ်။ အသင်းသားတွေဟာ ပစ္စည်းကိရိယာတောင်စုံစုံလင်လင်မရှိတဲ့အခြေအနေထဲမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ရပြီး တခုထဲသောပိုင်ဆိုင်မှုဖြစ်တဲ့ မျှော်လင့်ချက်ပျောက်ဆုံးခါနီး အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာ Sister Sunday ဆိုတဲ့ စစ်စတာက လက်ထောက်အဖြစ်လုပ်ပြီး ကူညီပေးဖိုသဘောတူလိုက်ပါတယ်။ ဒီ့အပြင်မှ စီးပွားရေးယိုင်နဲ့ပြီး ကျောင်းကို သမိုင်းဝင်အမွေအနှစ်အဖြစ် ရောင်းရတော့မယ့်အခြေအနေမှာ ဘယ်လိုရင်ဆိုင်သွားမလဲ။ ကတ်သီရက်ရဲ့ တင်းကြပ်တဲ့ နည်းပြမှုအောက်မှာရော အသင်းသားတွေ တောင့်ခံနိုင်ပါ့မလား။ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး အမြင်ကျဥ်းသေးတဲ့ ...
movie
The Mighty Macs (2009)
The Crow: Wicked Prayer (2005)
ဒီကားကတော့ 2005 မှာထွက်ခဲ့တဲ့ The crow ရဲ့ လေးကားမြောက်ဖြစ်ပြီး Edward Furlong က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ The crow sequel တွေထဲမှာ အစုတ်ပြတ်ဆုံးဖြစ်ပြီးတော့ imdb 3 out of 10 တောင် ရထားပါတယ်။Dialogue တွေဟာကောင်းလွန်းလို့ Cringe ဖြစ်ပြီး သေသွားနိုင်ပါတယ်။ အဲ့လောက်ကောင်းတဲ့ကားကြည့်ချင်တဲ့လူတွေအတွက်တော့ ဒီကားဟာ ကြည့်ရအဆင်ပြေမှာပါ။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Luc Crash ရဲ့ ကောင်မလေး ထုံးစံအတိုင်း အသတ်ခံလိုက်ရတာကနေ ဘယ်လိုလက်စားချေမလဲကို တဝါးဝါးသန်းပြီး ကြည့်ရှုရမှာပါ (အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့စကားတွေပါပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre... Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie
The Crow: Wicked Prayer (2005)
5.0
Valentine (2001)
Valentine (2001) =================၁၉၈၈ တုန်းက ဂျူနီယာအထက်တန်းကျောင်းတစ်ကျောင်းရဲ့ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ်ကပွဲဖြစ်ပါတယ်။ ဘယ်သူမှအရောမဝင်တဲ့ ဂျယ်ရမီဆိုတဲ့ကျောင်း သားလေးတစ်ယောက်ဟာ သူနဲ့တွဲကဖို့မိန်းကလေးတွေကို တစ်ယောက်ပြီးတစ် ယောက်လိုက်မေးနေခဲ့ပေမယ့် အားလုံးကလှောင်ပြောင်ငြင်းပယ်တာကိုခံခဲ့ရပါ တယ်။ အဲ့ဒီထဲကမှ သူဌေးသမီးတစ်ယောက်ဖြစ်တဲ့ ဒေါ်ရသီက သူ့ဖိတ်ကြားချက် ကို လက်ခံခဲ့သလိုနမ်းတာကိုလည်းလက်ခံခဲ့ပါတယ်။ဒါပေမယ့် ကျောင်းသားကြီးတစ်ချို့နဲ့ဒေါ်ရသီ သူငယ်ချင်းတွေ သူတို့နှစ်ယောက် ကိုမြင်သွားတဲ့အချိန်မှာတော့..ဒေါ်ရသီက သူ့ကို ဂျယ်ရမီက အတင်းဝင်လုံးတာ ဖြစ်ကြောင်းငြင်းတဲ့အတွက် အားလုံး၀ိုင်းပြီးထိုးကြိတ်ကန်ကြောက်တာကို ဂျယ် ရမီခံခဲ့ရပြီးကျောင်းကထွက်တဲ့အထိဖြစ်သွားခဲ့ပါတယ်။လက်ရှိခေတ်ကာလမှာတော့ အဲ့ဒီတုန်းက ဒေါ်ရသီနဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကိတ်၊ လီလီ၊ ပေ့ချ် နဲ့ ရှယ်လီတို့ဟာ တစ်ယောက်တစ်ယောက်နေရာစီမှာ ကိုယ့်ဘ၀နဲ့ ကိုယ်ဖြစ်နေကြပါပြီ၊ သူတို့ကိုပြန်လည်ဆုံဆည်းစေခဲ့တာကတော့ ရှယ်လီတစ် ယောက်ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုကြောင့်ဖြစ်ပြီး ဒီအမှုဟာ အစပဲရှိ သေးတာကို သိလိုက်ကြရချိန်မှာတော့ မေ့ထားချင်တဲ့အတိတ်ကို ပြန်အစဖော်ဖို့ ဖြစ်လာပါတော့တယ်။Slasher ကားတွေခေတ်စားတဲ့ကာလ၊ထွက်တိုင်းလည်းပေါက်ခဲ့တဲ့ ကာလက ဇာတ်ကားဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ဇာတ်ကားမဟုတ်ပေမယ့် ဇာတ် လမ်းဇာတ်အိမ်၊ သရုပ်ဆောင်တွေနဲ့ twist တွေအရပါ ပေါ့ပေါ့ပါးပါးကြည့်ပျော် တာထက်ပိုတဲ့ကားပါ။ Denise richards ကလည်း အရမ်းလှပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.5 GB) / (700 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 36Min Subtitle...........Myanmar ...
movie
Valentine (2001)
6.9
Justice League: The New Frontier (2008)
IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့်Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman,အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman,ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash,ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့်ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲစစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင်ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။File size… ...
movie
Justice League: The New Frontier (2008)
5.5
Officer Down (2013)
Officer Down (2013) ==================ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းကိုတော့ "ကယ်လာဟမ်" လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံ----- ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ...
movie
Officer Down (2013)