Channel Myanmar

David Bennent

The Universal Theory (2024) 6.1
The Universal Theory (2024)  The Universal Theory (2024)IMDb Rating (6.1) / Rotten Tomatoes (70%) ဒီဇာတ်လမ်းကတော့ ၁၉၆၂ ခုနှစ်တုန်းက ဆွဇ်ဇာလန်နဲ့ ဂျာမနီနိုင်ငံတို့က သိပ္ပံပညာရှင်ကြီးတွေစုစည်းဦးဆောင်ပြီး အက်ပ်မြို့မှာပြုလုပ်ခဲ့တဲ့ ညီလာခံအကြောင်းကို မှီငြမ်းပြီးတော့ စိတ်ကူးယာဉ်ဆန်ဆန်ရိုက်ကားထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အဲဒီအချိန်တုန်းက quantum mechanics အဏုမြူနဲ့ပတ်သက်တဲ့ သီအိုရီတွေက ယနေ့ခေတ်လူတွေ သိမြင်လက်ခံထားတဲ့အဆင့်လိုမျိုးရောက်ခဲ့တာမဟုတ်ဘဲ ပညာရှင်တွေအချင်းချင်း သီအိုရီဖြစ်မဖြစ်ကို စမ်းသပ်အတည်ပြုနေဆဲကာလတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျိုဟန်ဆိုတဲ့ ၂၀ ကျော်ကောင်လေးတစ်ယောက်ဟာ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်သည့်တိုင်အောင် ဘယ်အရာကိုမှလက်ပွန်းတတီးလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကို နားလည်နေတဲ့မိခင်ဟာ မိသားစုဂုဏ်ကျပြီး ဘိုးဘွားတွေဆီကနေ အမ​ွေမရမှာစိုးရိမ်ပြီး သူ့ကို ပညာနယ်ပယ်မှာနာမည်ခံရှိတဲ့ သိပ္ပံပညာရှင်တစ်ယောက်လက်ထဲကိုထည့်ပေးခဲ့ပါတယ်။ဘွဲ့လွန် ပါရဂူဘွဲ့အတွက် စာတမ်းပြုစုနေတဲ့ ဂျိုဟန်ဟာ သူ့ရဲ့ကြီးကြပ်သူပါမောက္ခစထရာတန်နဲ့အတူ ညီလာခံတစ်ခုကိုတက်ဖို့ဖြစ်လာပါတယ်။ဖြစ်ချင်တော့ ပြုစုနေတဲ့စာတမ်းက quantum mechanics ပေါ် အခြေခံထားတဲ့ အရာအားလုံးရဲ့ သီအိုရီ "The Theory of Everything" အကြောင်းပဲဖြစ်ပါတယ်။Quantum Mechanics တောင်မှ မတွင်ကျယ်သေးတဲ့အချိန် ခိုင်မာမှုမရှိတဲ့အဲဒီဘာသာရပ်ကိုအခြေခံပြီး ...
movie

The Universal Theory (2024)

2024
She Hate Me (2004)
She Hate Me (2004)  ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie

She Hate Me (2004)

Legend (1985) 6.3
Legend (1985) Legend (1985) IMDB: 6.3/10 Rotten Tomatoes: 41% Metacritic: 30% Genre: Dark FantasyLegend (1985) ရုပ်ရှင်ဟာ Gladiator, The Martian, Alien တို့လို နာမည်ကြီးကားတွေကိုရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Ridley Scott ရဲ့ လက်ရာတစ်ပုဒ်ဖြစ်ပါတယ်။ ဒါတင်မကသေးပဲမင်းသားကလည်း အချစ်တော် Tom Cruise ဖြစ်တာကြောင့်ကြည့်ရတာ တန်မှာဖြစ်ပါတယ်။ဇာတ်ညွှန်း အမှောင်သခင်ကြီးမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ နေကိုထာဝရပျောက်ကွယ်သွားအောင်ပြုလုပ်ပြီး အမှောင်ထုနဲ့ ကမ္ဘာကြီးကိုကြီးစိုးဖို့ဖြစ်ပါတယ်။ နေကိုထာဝရ ဝင်စေချင်ရင် ကမ္ဘာပေါ်မှာကျက်စားနေတဲ့ ယူနီကွန်းမှောင်နှံကိုသတ်မှပဲရမှာပါ။ ပြဿနာက သူဟာ နေရောင်နဲ့ထိတွေ့လို့မရပါဘူး။ဒါ့ကြောင့် သူ့ရဲ့လက်ပါးစေထဲမှာမှ အမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ ဘလစ်ဇ် ဆိုတဲ့မှင်စာတစ်ကောင်ကိုခေါ်ပြီး ယူနီကွန်းနှစ်ကောင်ကိုသတ်ဖို့ ကမ္ဘာမြေပေါ်ကိုလွှတ်လိုက်ပါတော့တယ်။ လီလီဆိုတာ တိုင်းပြည်တစ်ခုရဲ့ အိမ်ရှေ့မင်းသမီးလေးတစ်ပါးဖြစ်ပါတယ်။ ငယ်ရွယ်တယ်၊အပြစ်ကင်းစင်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ဟန်ဆောင်မှုမရှိဘူး။ ဂျက်ခ်ဟာတောထဲမှာနေထိုင်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ ဂျက်ခ် ဟာလီလီကို ယူနီကွန်းတွေကိုတွေ့ရဖို့ခေါ်သွားခဲ့ပေမယ့်လီလီက မထင်မှတ်ထားတာကိုလုပ်ခဲ့ပြီး ယူနီကွန်းတစ်ကောင်ကိုလက်နဲ့ထိလိုက်ပါတယ်။ကံမကောင်းစွာနဲ့ မှင်စာပစ်လိုက်တဲ့အဆိပ်မြားကလည်း ယူနီကွန်းအထီးကိုထိခဲ့ပါတယ်။ကမ္ဘာကြီးတစ်ခုလုံးရေတွေခဲသွားပြီး အမှောင်ထုကြီးကကြီးစိုးသွားပါတော့တယ်။မင်းသမီးလေး ...
movie

Legend (1985)

Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)