Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Arquette
Muppets from Space (1999)
IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီးတွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie
Muppets from Space (1999)
Ready to Rumble (2000)
Ready to Rumble ဆိုတဲ့ "လုံးသတ်ဖို့အသင့်ပဲ" လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ......File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy Subtitle….Myanmar Subtitle ...
movie
Ready to Rumble (2000)
8.1
Kiss the Ground (2020)
"ဒါက ဘာသာရေးလည်းမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူးချစ်ခြင်းမေတ္တာပါ တစ်စုံတစ်ခုကိုချစ်မြတ်နိုးပြီး တစ်စုံတစ်ယောက်ကိုချစ်ရင် သူတို့ကို နားလည်ချင်လာတယ် ဂရုစိုက်ပေးပြီး ကာကွယ်ပေးချင်လာတယ်"ဒီဇာတ်ကားထဲမှာတော့ ကမ္ဘာတစ်၀န်းက လေးစားအံသြဖို့ကောင်းတဲ့သူတွေကို တွေ့မြင်ရမှာပါကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအဖြေရှာပြီး လုပ်ဆောင်နေကြသူတွေနဲ့သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အတုယူဗဟုသုတဖြစ်ဖွယ်ကြည့်ရှူရမှာပါတစ်ခေတ်တစ်ခါက ကြီးကျယ်မြင့်မြတ်တဲ့လူမှုအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားခဲ့ကြတာ ဘာကြောင့်လဲစိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်ထားပြီးလုပ်ကိုင်ခဲ့ကြတဲ့နေရာတွေမှာ ဘာကြောင့်အရင်လို အလုပ်မဖြစ်တော့တာလဲကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ ဘယ်လိုပြသနာတွေကြုံနေရတာလဲကျွန်တော်တို့အတူ "Kiss The Ground"မှာ အဖြေရှာပြီး ကမ္ဘာမြေကြီးကို ချစ်တတ်ဖို့ ကာကွယ်တတ်ဖို့ လေ့လာကြည့်ကြရအောင် File Size : 2.8 GB, 1.4 GB Quality : WEB-DL 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : ...
movie
Kiss the Ground (2020)
The Good Half (2023)
Diector Robert Schwartzman ရိုက်ကူးထားပြီးအမေရိကန်အဆိုတော်၊ တေးရေး၊ သရုပ်ဆောင် Nicholas Jerry Jonasအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်မိခင်ဆုံးသွာလို့ မွေးရပ်မြေကိုပြန်လာတဲ့ အိပ်ပြေးသားတစ်ယောက်ဖြစ်တဲ့ ရန် ဟာမွေးရပ်မြေကိုပြန်ရောက်ချိန်မှာတော့ မိခင်ဖြစ်သူရဲ့ဈာပနပွဲအတွက်နဲ့ မဆုံတာကြာပြီဖြစ်တဲ့အစ်မဖြစ်သူနဲ့ အဖေဖြစ်သူတို့ကိုပြန်တွေ့ရဖို့အကြောင်းဖန်လာပါတယ် မိခင်ဖြစ်သူကိုဆုံးရှုံးရလို့ ခံစားချက်တွေအများကြီးရှုပ်ထွေးနေပြီးအားလုံးနဲ့ ကတောက်ကဆဖြစ်တာပေါ့ရင်ဆိုင်ဖို့သတ္တိကလည်းမရှိ အမေဖြစ်သူရဲ့နောက်ယောက်ျားနဲ့လည်းပေါက်အလမ်းမတည့် ပြဿနာတွေစုံနေတာပေါ့ဇာတ်လမ်းလေးကိုတော့ မေတ္တာဖွဲ့အနေနဲ့ပဲရိုက်ကူးထားတာဖြစ်တာကြောင့်ရန် တစ်ယောက်ဒီပြဿနာတွေ ဒီဝေဒနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းသွားမလဲဆိုတာလေးကိုပဲကြည့်ရှုခံစားရမှာဖြစ်ပါတယ်File size…(1 GB)/(625 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo
movie
The Good Half (2023)
5.3
Riding the Bullet (2004)
Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ...
movie
Riding the Bullet (2004)
5.4
See Spot Run (2001)
ကလေးတစ်ယောက်အမေ စတက်ဖနီကို ရှိုတ်နေတဲ့အိမ်နီးနားချင်းစာပို့သမားလေး ဂေါ်ဒန်ဟာ တစ်နေ့မှာတော့စတက်ဖနီအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာတာကြောင့်ဂျိမ်းဆိုတဲ့ စတက်ဖနီရဲ့သားလေးကို ကြည့်ပေးဖို့အကြောင်းဖန်လာပါတော့တယ်။ပေါ့ပေါ့ပါးပါးနေတတ်ပြီး ဘာကိုမှအလေးမထားတတ်တဲ့ဂေါ်ဒန်တစ်ယောက် ကလေးတစ်ယောက်ကိုစောင့်ရှောက်ရမယ်ဆိုတဲ့တာဝန်ကြီးရလာတဲ့အခါမှာ ကလေးနဲ့သူနဲ့ကြား စိန်ခေါ်မှုလေးတွေရှိလာပါတော့တယ်။တစ်ဖက်မှာလည်း FBI အေးဂျင့်ဖြစ်တဲ့ ၁၁ လို့ခေါ်တဲ့ခွေးလေးကမူးယစ်ဆေးအနံ့ခံတဲ့နေရာမှာ အရမ်းတော်တာကြောင့် လူဆိုးဂိုဏ်းခေါင်းဆောင်ကဆုံးရှုံးရတာတွေများလို့ ခွေးကိုသတ်ဖို့ ကြေးစားတွေကိုငှားပါတော့တယ်။ဒီလိုနဲ့ FBI ဘက်ကလည်း သူတို့အေးဂျင့်ဖြစ်တဲ့ ခွေးလေး ၁၁ ကိုကာကွယ်ဖို့လျှို့ဝှက်နေရာကိုပို့ဖို့စီစဉ်ပါတော့တယ်။ ဒီလိုနဲ့ လျှို့ဝှက်နေရာကိုပို့တဲ့လမ်းမှာတင် ကြေးစားသတ်ဖို့ငှားထားတဲ့လူဆိုးတွေဝင်နှောင့်ယှက်တာကြောင့် ၁၁ ခွေးလေးကကားပေါ်ကနေခုန်ဆင်းသွားပြီး လွတ်သွားပါတော့တယ်။၁၁ ခွေးလေးက လွတ်သွားပြီးတော့ ဂေါ်ဒန်တို့စာလိုက်ပို့နေတဲ့ကားပေါ်ကို ရုတ်တရက်ရောက်သွားတဲ့အခါမှာတော့… ဂေါ်ဒန် နဲ့ ဂျိမ်းတို့ FBI အေးဂျင့်ခွေးလေးနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ဂေါ်ဒန်နဲ့ဂျိမ်းတို့ကြားက သံယောဇဉ်ဖြစ်ပေါ်လာပုံအပြင်FBI ခွေးလေးနဲ့ကြား ကမောက်ကမများနဲ့ သံယောဇဉ်ဖြစ်လာပုံကိုလည်းဟာသနှောပြီး ရိုက်ကူးထားတာကြောင့်ပိတ်ရက်မှာမိသားစုနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးပါ။ File size… 2 GB / 1.2 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... ...
movie
See Spot Run (2001)
Quantum Cowboys (2023)
Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို ...
movie
Quantum Cowboys (2023)
7.1
Bone Tomahawk (2015)
ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie
Bone Tomahawk (2015)
5.0
The Tripper (2006)
The Tripper (2006) ===============လွတ်လပ်မှုကို မြတ်နိုးတဲလူငယ်တစ်သိုက်... ဆေးချမယ်၊ သောင်းကျန်းမယ်၊ ကာမဂုဏ်ခံစားမယ်၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး ကိုယ်ကြိုက်တာလုပ်ခွင့်ရှိမယ်။ အဲ့ဒါမျိုးက လွတ်လပ်မှုလား၊ အထိန်းအချုပ်မဲ့တာလား၊ ကောင်းတာလား၊ ဆိုး တာလား၊ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ထဲမှာတော့ လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုပြီး ဟစ်ကြွေးနေကြတဲ့ လူငယ်အုပ်စု ဒုက္ခလှလှတွေ့ရပုံလေး ရိုက်ကူးထားပါတယ်။ဆမန်သာတို့လူငယ်အုပ်စုလေးကတော့ တောအုပ်ထဲမှာဖျော်ဖြေပွဲတစ်ခုကို ဆင်နွဲဖို့ချီတက်ခဲ့ကြပါတယ်။ ဖျော်ဖြေပွဲဆိုပေမယ့်လည်း မူးယစ်ဆေးဘာညာ အကုန်လုပ်မယ့်ပွဲလေးပါ။ ဆမန်သာက မသွားချင်ပေမယ့် သူ့ရည်းစားဟောင်း လက်ထဲကနေလွတ်ဖို့ လိုက်လာခဲ့ပါတယ်။ တောထဲရောက်တော့ သူငယ်ချင်း ငါးယောက်ပေါင်းပြီး ဆေးတွေကွဲလိုက်ကြတာ မြင်လို့မှမကောင်း... သူတို့တင် ပဲမဟုတ် တစ်ခြားလူငယ်တွေလည်း အပျော်ကြူးကုန်ကြပါပြီ။ ဒါပေမဲ့ ဖျော် ဖြေပွဲနဲ့မလှမ်းမကမ်းနေရာကနေ အလောင်းတစ်လောင်းကို စတွေ့ပါတော့တယ်။ ညနေပိုင်းရောက်တော့ နောက်ထပ်အလောင်းတစ်လောင်းထပ်တွေ့တော့ ပါတီ ပွဲကိုဖျက်သိမ်းဖို့လုပ်ပါတော့တယ်။ လူငယ်တွေလည်း အထိတ်တလန့်ဖြစ်ကုန် ကြပြီး ဆမန်သာတို့သူငယ်ချင်းအုပ်စုကလည်း အဖွဲ့ကွဲသွားတဲ့အခါ.... ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်.... (သွေးသံရဲရဲတွေပါဝင်တာမို့ နှလုံးအားကောင်းသူများသာ ကြည့်ရှုသင့်ပါတယ်ခင်ဗျ )(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.64 GB) / (1.13 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar ...
movie
The Tripper (2006)
2006
6
Never Been Kissed (1999)
Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
6.0
On Sacred Ground (2023)
2023 ခုနှစ်မှအသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.3/10 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ၂၀၁၆ ခုနှစ်ကဖြစ်ပျက်ခဲ့တဲ့ ဒါကိုတာပြည်နယ်ကရေနံပိုက်လိုင်းဖြစ်ရပ်ကိုအခြေခံပြီးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့ ဒါကိုတာပြည်နယ်မှာဆောက်လုပ်နေတဲ့ရေနံပိုက်လိုင်းအရေးအခင်းနဲ့ပတ်သက်ပြီး သတင်းယူဖို့သွားတဲ့သတင်းထောက်ဒန်မက္ကန်နီတစ်ယောက် ဘယ်လိုအမှန်တရားတွေကိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်File size…(1.1 GB)/(670 MB)/(320 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
On Sacred Ground (2023)
6.9
Ravenous (1999)
ဗိုလ်ကြီး ဂျွန်ဘွိုက်က အမေရိကန်မက္ကဆီကန် စစ်ပွဲမှာ တစ်ကိုယ်တည်းရန်သူရဲ့စခန်းကို သိမ်းနိုင်ခဲ့တယ်။ အထက်အရာရှိများက အဖြစ်မှန်ကိုသိရှိသွားသောအခါ ဗိုလ်ကြီးဘွိုက်ကို ရာထူးအတိုးပြပြီးဖောဒ့်စပန်ဆာကို အပြစ်ဒဏ်အနေနဲ့လွှတ်လိုက်ပါတယ်။ ဖောဒ့်စပန်ဆာမှာ တာဝန်ထမ်းဆောင်နေစဉ် ငတ်ပြတ်ပြီးရောက်လာသော ကိုလ်ဟွန်းဟုခေါ်သည့်လူစိမ်းတစ်ယောက်က ဖြစ်ကြောင်းကုန်စဉ်ကိုရှင်းပြသောအခါ ဂူထဲမှာငတ်ပြတ်ကြသဖြင့် လူသားစားကြသည့်အကြောင်းကို သိခဲ့ရသည်။ အဖွဲ့သားအချင်းချင်းသတ်ဖြတ်ရာမှ နောက်ဆုံးသုံးယောက်ကျန်ခဲ့သည့်အချိန်တွင် အသတ်ခံရမှာကြောက်သဖြင့်ကိုလ်ဟွန်းက ထွက်ပြေးလာခဲ့ကြောင်း ဂူထဲမှာကျန်ရစ်ခဲ့သူရှိကြောင်းပြောသဖြင့် ဗိုလ်ကြီးဘွိုက်တို့အဖွဲ့က ကယ်ဆယ်ရန်သွားကြလေသည်။ကယ်ဆယ်ရန်သွားရင်းမှ အဖြစ်မှန်ကိုသိရှိတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ။ လူသားစားသုံးတဲ့သူတွေမှာ ဘယ်လိုမျိုးတွေဖြစ်လာကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Western, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie
Ravenous (1999)
5.7
Buffy the Vampire Slayer (1992)
Buffy the Vampire Slayer (1992)90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ...၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ...
movie
Buffy the Vampire Slayer (1992)
1992
The Adventures of Sharkboy and Lavagirl (2005)
The Adventures of Sharkboy and Lavagirl (2005)ကျွန်တော်တို့ငယ်ငယ်က တိတ်ခွေခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံးကားက Lion King ဖြစ်ခဲ့တယ်။ အဲဒီခေတ်က ငှားကြည့်ကြတဲ့ခေတ်ဆိုတော့ ဘယ်ကလဲမသိလက်ဆောင်ရခဲ့တဲ့ အဲဒီအခွေကိုပဲ ခဏခဏပြန်ထိုးကြည့်ဖြစ်နေတာကိုး။ နောက် VCD ခေတ်စစရောက်လာတော့ ရုပ်ရှင်ကြည့်တာတို့ ကာတွန်းစာအုပ်ဖတ်တာတို့က နိစ္စဓူဝအလုပ်တစ်ခုဖြစ်လာခဲ့ပြီ။ အဲဒီတုန်းက ပဲခူးမှာ တစ်ဆိုင်တည်းရှိတာလား။ ကျွန်တော်ပဲမသိခဲ့တာလားမသိပေမဲ့ နာမည်အကြီးဆုံးအခွေဆိုင်က လိပ်ပြာကန်ထောင့်က Happy ဆိုတဲ့ အခွေဆိုင်ပေါ့။ အိမ်နဲ့လည်းသိပ်မလှမ်းတော့ နေ့တိုင်းဆိုသလို သွားသွားငှားကြည့်ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ ဘာကားငှားရမလဲမသိရင် ကျွန်တော်တို့တော့ အခွေဆိုင်ကို ဘာကားကောင်းလဲ မေးလိုက်ကြတာပဲ။ တစ်ခါသား အဲဒီလိုမေးတော့ ဟက်ပီးက အခွေငှားတဲ့အစ်ကိုကြီးတွေက Sharkboy and Lavagirl ကားလေးထုတ်ပေးလိုက်တယ်။ သူ့ဇာတ်က ကလေးဇာတ်ပေမဲ့ စိတ်ကူးယဉ်တတ်တဲ့ ကျွန်တော်တို့ကို စိတ်ကူးယဉ်တာကို မစွန့်လွှတ်ဖို့ ပြောထားတဲ့ ရုပ်ရှင်ဆိုတော့ တော်တော်လည်းထိခဲ့လို့နေမယ်။ ဒီကားကို ခဏခဏကိုပြန်ပြန်ငှားကြည့်ဖြစ်ခဲ့တော့ VCDခေတ်မှာ ကျွန်တော့်အတွက် အမှတ်ရစရာအကောင်းဆုံး ရုပ်ရှင်လည်းဖြစ်ခဲ့တာပေါ့။ နောက်ကျ ခဏခဏပြန်ငှားကြည့်ရလွန်းလို့ အခွေဆိုင်ကို ...
movie
The Adventures of Sharkboy and Lavagirl (2005)
2005
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
Scream (2022)
Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲတွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ...
movie
Scream (2022)
Ghosts of the Ozarks (2021)
တောအုပ်ထဲမှာ တစ္ဆေတွေရှိနေတယ်..။ ဦးလေးဖြစ်သူရှိရာ မြို့ကလေးတစ်မြို့ကို ထွက်လာခဲ့တဲ့ ဒေါက်တာ ဂျိမ်းမ် တစ်ယောက် ဘယ်လိုမျိုး လျှို့ဝှက်သည်းဖိုတွေနဲ့ တွေ့ကြုံရတော့မှာလဲ..? ဇာတ်လမ်းလေးက ရိုးမလိုနဲ့ ဆန်းတယ်..။ စိတ်ဝင်စားဖို့လည်း ကောင်းသေးရဲ့..။ သွေးထွက်သံယို ဇာတ်လမ်းပြကွက်တွေကလည်း ပီပြင်တာမို့ ကြိုက်တတ်ရင် ကောင်းတယ်..။ အဲ့ဒီလောက် ကြောက်ဖို့ကောင်းတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ ကြောက်တတ်ရင်တော့ ဘေးမှာ အဖော်ခေါ်ပြီးသာ ကြည့်ပါလေ..။ ပြောပြရဦးမယ်..။ ဒီဇာတ်ကားထဲမှာ အမဲလည်း လိုက်တတ်ပြီး ဆေးလည်း ကုတတ်တဲ့ အာဂအမျိုးသမီးတစ်ဦးကိုလည်း နှောင်းခေတ်ရဲ့ အဝတ်အစားတွေနဲ့ ကြည်နူးစရာ တွေ့မြင်ရဦးမယ်..။ မမဟာ သေနတ်လည်း ကိုင်တတ်တယ်..။ အပ်ကိုင်ပြီးလည်း ဒဏ်ရာတွေကို ချုပ်ပေးတတ်သေးတယ်..။ အဲ့ဒါကြောင့် မမတွေ ကောင်းတယ်..။ ဇာတ်လမ်းအသွားအလာကို နည်းနည်း ပြောပြရင် လူမည်းတွေဟာ ကျွန်လူတန်းစားပဲလို့ သတ်မှတ်ထားတဲ့ ခေတ်ကြီးထဲမှာ အကြောက်တရားကို လူတွေရဲ့ ရင်ထဲမှာစနစ်တကျစိုက်ပျိုးထားပြီး လူတန်းစားမခွဲခြားတဲ့ ...
movie
Ghosts of the Ozarks (2021)
6.1
Scream 4 (2011)
Scream 4 2011 ===========ဒီကားကတော့ scream 3 ထွက်ပြီး ၁၁ နှစ်ကြာမှ ထွက်လာတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာမှ ထွက်လာတာဖြစ်လို့ တိုးတက်လာတဲ့ နည်းပညာတွေ ရုပ်ရှင်ပညာတွေကို ကောင်းကောင်းအသုံးချထားပြီးတော့ နောက်ဆုံးထွက်ခဲ့တဲ့ ကားထက်ကောင်းအောင် ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းဆက်ထားပုံကတော့ သရဲမျက်နှာလူသတ်သမားနဲ့ နောက်ဆုံးရင်ဆိုင်တွေ့ခဲ့တာ ၁၀ နှစ်ကျော်ကြာသွားပါပြီ။ အဲဒီအချိန်မှာ ဆစ်ဒနေက အတိတ်ရဲ့စိတ်ဒဏ်ရာတွေကို ကုစားဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရေးစာအုပ်တစ်အုပ်ရေးပါတယ်။ အဲဒီစာအုပ်ကို ထုတ်ဝေတဲ့အခါ book tour လုပ်တော့ မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖြစ်လာပါတယ်။ ကံဆိုးစွာနဲ့ပဲ ဆစ်နေဒန် ပြန်ရောက်လာတာကြောင့် သရဲမျက်နှာလည်း ပြန်ပေါ်လာပါတယ်။ IMDB 6.1 ရထားပြီး tomatometer 60% ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080p IMDb Rating__6.1/10 Format__mp4 Duration__1h 51min Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by San Thu Aung Encoded by Htet Wai ...
movie
Scream 4 (2011)
2011
5.6
Scream 3 (2000)
Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie
Scream 3 (2000)
2000
6.2
Scream 2 (1997)
Scream 2 (1997) ================== Scream 2 ဟာ scream ထွက်ပြီး ၁ နှစ်တောင်မကြာသေးဘူး ထွက်လာခဲ့တာပါ။ ပထမကားရုံမတင်ခင်ကတည်း ရိုက်ကူးရေးကို စတင်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီကားက မူရင်းကားလောက် အကြီးအကျယ်အောင်မြင်မှုမရပေမယ့် Horror, Mystery ကားတစ်ကားအနေနဲ့ကြည့်ရင် တော်တော်လေးကြည့်ကောင်းတဲ့ စာရင်းထဲ ဝင်နေတုန်းပါပဲ။ Scream saga ထဲမှာတော့ ကြည့်ကောင်းတဲ့ ကြည့်သင့်တဲ့ ကားတစ်ကားပါ ဒီကားကတော့ ပထမကားအပြီး ၂ နှစ်အကြာမှာ နေရာယူထားပါတယ်။ သရဲမျက်နှာ လူသတ်သမားဆီကနေ လွတ်လာတဲ့ ဆစ်ဒနေလေးဟာ အခုတော့ တက္ကသိုလ်ရောက်သွားပါပြီ။ သူရဲမျက်နှာလူသတ်မှုအကြောင်းကိုလည်း ရုပ်ရှင်ပြန်ရိုက်ပြီး ရုံတောင်တင်နေပါပြီ။ အတိတ်က အဖြစ်ဆိုးကြီးက ပြီးဆုံးသွားပြီလို့ ထင်နေတုန်းမှာပဲ ကံမဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သရဲမျက်နှာကွင်းဆက်လူသတ်မှုတွေ ထပ်ဖြစ်ပါတော့တယ်။ ဒီတစ်ခါရော သရဲမျက်နှာ လူသတ်သမားတွေ ဘယ်သူတွေများဖြစ်မလဲ? IMDB မှာ 6.2 သာရပေမယ့် tomatometer မှာတော့ မူရင်းကားထက်တောင် ကျော်ပြီး 81% တောင်ရထားပါတယ်။Scream 6 ကားစလုံးကို Scream Franchise မှာ ဝင်ကြည့်လို့ရပါတယ် Quality__Bluray 1080pIMDb Rating__6.2/10 Format__mp4 Duration__1h Type__Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated ...
movie
Scream 2 (1997)
1997
1
2
Next