Channel Myanmar

David Alan Barclay

Labyrinth (1986) 7.3
Labyrinth (1986)    Labyrinth (1986)IMDb Rating (7.3) / Rotten Tomatoes (77%) " ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ "" အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ "  ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက " မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ " တဲ့။ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ဘုရင်ကြီးရဲ့ ...
movie

Labyrinth (1986)

1986
Star Wars: Episode VI – Return of the Jedi (1983) 8.3
Star Wars: Episode VI – Return of the Jedi (1983) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VI – Return of the Jedi (1983)

4K HEVC
The Muppets (2011)
The Muppets (2011)  မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie

The Muppets (2011)