Channel Myanmar

Dave Goelz

Muppets from Space (1999)
Muppets from Space (1999) IMDB Rating* - "6.4/10"နာမည်ကြီး Muppets Collections တွေထဲကမှ "Muppets from Space (1999) ဆိုတဲ့ ဇာတ်ကားလေးဟာ လူကြီး‌တွေရော ကလေးတွေအတွက်ပါ ကြည့်လို့ကောင်းမယ့် ကားလေးတစ်ကားဖြစ်ပါတယ်။ ဟာသနဲ့ စွန့်စားခန်းတွေ ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂွန်ဇိုဟာ သူ့ကိုယ်သူ ကမ္ဘာမြေပေါ်က တစ်ဦးတည်းသော ဂြိုလ်သားလို့ ယုံကြည်လာပြီး သူ့မိသားစုကို ရှာဖွေဖို့ စွန့်စားခန်းထွက်တဲ့ အကြောင်းကိုအဓိက ရိုက်ပြထားတာပါ။Muppets တို့ရဲ့ ထုံးစံအတိုင်း စတူဒီယိုကျတဲ့ ဇာတ်ရုပ်တွေဖြစ်တဲ့ မစ္စစ် ပစ်ဂီ၊ ကာမစ် စသဖြင့်နာမည်ကြီး ဇာတ်ကောင်တွေလဲ ပါဝင်ပါတယ်။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်သည့်တိုင်အောင် Muppets တို့ရဲ့ ရိုးရှင်းပြီး နှလုံးသားကို ထိမိစေတဲ့ သံယောဇဉ်က ဒီဇာတ်ကားကို မိသားစုနဲ့အတူ ပြန်လည်ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်စရာတစ်ခုအဖြစ် ထင်ရှားစေပါတယ်။ Muppets မကြည့်ဖူးသူတွေ ဒီကားလေးကို ကြည့်ရှုဖို့ ...
movie

Muppets from Space (1999)

Inside Out 2 (2024) 7.8
Inside Out 2 (2024) 2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင်အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေကစောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက်ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကိုပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကိုပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ "သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ" ဆိုတဲ့ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။  ဇာတ်လမ်းအကျဉ်းဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီးအလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြကသူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင်ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့စိတ်ပူတာ၊ ...
movie

Inside Out 2 (2024)

4K HEVC
Labyrinth (1986) 7.3
Labyrinth (1986)    Labyrinth (1986)IMDb Rating (7.3) / Rotten Tomatoes (77%) " ကိုယ့်ကို ကြောက်ရွံ့ပါ ချစ်ပါ ပြောသလိုနာခံပါ မင်းရဲ့ ကျေးကျွန် ကိုယ်ဖြစ်ပြီးသားပါ "" အသင်ဟာ ကျွန်မအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိပေ "  ၈၀ ကကားဆိုပေမယ့် မှော်ဆန်ဆန် အိမ်မက်ယောင်ယောင်လေး‌တွေ ကြည့်ရတာ ကြိုက်တဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ခုပါပဲနော်။ဇာတ်လမ်းလေးက ဒီလိုလေး ဆာရာဆိုတာက အပျို၀င်စအရွယ်ကလေးမလေးတစ်ယောက် သူ့ရဲ့မိထွေးနဲ့ အဖေဖြစ်သူက ပိတ်ရက်တွေ ကလေးကြည့်ခိုင်းလို့ သူ့မောင်လေးကို ကြည့်မရဖြစ်နေတာပေါ့။ကလေးစိတ်မကုန်သေးတဲ့ ကောင်မလေးက သူ့မောင်လေးကို ကြည့်နေရင်း ပြောလိုက်တာက " မှင်စာ‌ တွေလာပြီးနင့်ကိုခေါ်သွားပါစေ " တဲ့။ဒါပေမယ့် တကယ်ကြီး မှင်စာတွေက သူ့မောင်လေးကို ခေါ်သွားတဲ့အခါမှာတော့ ဆာရာတစ်ယောက် မှင်စာဘုရင်ကြီးဆီက သူ့မောင်လေးကို ပြန်ခေါ်ဖို့ မောင်လေးရှာပုံတော်ထွက်ရပါတော့တယ်။ဘုရင်ကြီးရဲ့ ...
movie

Labyrinth (1986)

1986
An American Werewolf in London (1981) 7.5
An American Werewolf in London (1981) Horror နဲ့ Comendy ကို သေချာပေါင်းစပ်ရိုက်ကူးထားပြီးသူ့ခေတ်ရဲ့ မိတ်ကပ်နည်းပညာနဲ့ အကောင်းဆုံး werewolf transformation အခန်းတစ်ခုကို ရိုက်ပြသွားခဲ့တဲ့အပြင်အကောင်းဆုံးမိတ်ကပ် အော်စကာဆုကို ရရှိခဲ့တဲ့ သမန်းဝံပုလွေရုပ်ရှင်ကားကောင်းတကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန် ကောလိပ်ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ ဂျက်ခ်နဲ့ ဒေးဗစ်တို့ဗြိတိန်ကိုခရီးထွက်လာကြရင်း လပြည့်ညမှာ သမန်းဝံပုလွေ တိုက်ခိုက်တာခံလိုက်ရပါတယ်။ဂျက်ခ်ကတော့ သေသွားခဲ့ပေမဲ့ ဒေးဗစ်ကတော့ ဆေးရုံမှာပြန်နိုးလာခဲ့ပြီးဒဏ်ရာအလိမ်းလိမ်းနဲ့အသားတွေပဲ့ကျနေတဲ့ ဂျက်ခ်က သမန်းဝံပုလွေကျိန်စာကြောင့်undead ဘဝကနေမလွတ်မြောက်နိုင်တဲ့အကြောင်းအပြင် သမန်းဝံပုလွေ မျိုးဆက်ကိုဖြတ်နိုင်မှကျိန်စာပြယ်မဲ့အကြောင်း လာပြောတဲ့ အိပ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။ဒေးဗစ်ကရော ဂျက်ခ်ပြောခဲ့သလို သမန်းဝံပုလွေ ကျိန်စာကို ပြယ်အောင်လုပ်နိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။သွေးထွက်သံယိုပြကွက်တွေပေါပေါများများပါဝင်လို့ ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်ပါဘူး။ File Size :  10.6 GB, 2.4 GB, 763 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 37min Format : Mkv and ...
movie

An American Werewolf in London (1981)

4K HEVC
Inside Out (2015) 8.2
Inside Out (2015) ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie

Inside Out (2015)

2015
4K HEVC
The Muppets (2011)
The Muppets (2011)  မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie

The Muppets (2011)

Muppets Haunted Mansion (2021) 6.5
Muppets Haunted Mansion (2021) Muppets Haunted Mansion (2021)=========================IMDb Rating - 6.5/10ဟောလိုး၀င်းအတွက် အထူး စပယ်ရှယ် Disney က ထွက်ရှိလာတဲ့ ကိုရွှေအ တို့ လာပါပြီ။သွင်ပြင်လေးတွေကလည်း ချစ်စရာကောင်းပြီး ထွက်သမျှကားတိုင်းမှာ ပရိသတ်ကို ပြုံးပျော်စေနိုင်တဲ့ ကာတွန်းကောင်လေးတွေလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ haunted mansion ဆိုတဲ့အတိုင်း သရဲခြောက်တဲ့ အိမ်ကြီးပါမှာတော့ အသေချာပဲဗျ။ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ Gonzo နဲ့ သူ့သူငယ်ချင်း Pepe တို့ ၂ ယောက် ခါတိုင်း ဟောလိုး၀င်းတွေလို ဘော်ဒါတွေနဲ့ ဆုံပြီး ပါတီ မလုပ်ဘဲ . သရဲခြောက်တဲ့ အိမ်ကြီးထဲမှာ တစ်ညတာ နေရမယ်ဆိုတဲ့ စိန်ခေါ်မှုကို လက်ခံကာဟောလိုး၀င်းညမှာ သရဲအိမ်ကြီးဆီ သွားကြပါတော့တယ်။သူတို့ကို လိုက်ပို့တဲ့ ကားသမားပြောခဲ့တဲ့ စကားလေးတစ်ခွန်းကတော့ " ဒီကို လူတွေအမြဲ လိုက်ပို့ရပေမဲ့ ဘယ်တော့မှပြန်လာ မခေါ်ရဘူး " တဲ့ဗျ။ ...
movie

Muppets Haunted Mansion (2021)

2021