Channel Myanmar

Darren Pettie

Rule of Thirds (2024) 6.6
Rule of Thirds (2024)  မော်ဒယ်လို့ပြောလိုက်ရင် ဓာတ်ပုံဆရာကို မေ့ထားလို့မရသလိုဓာတ်ပုံဆရာလို့ပြောလိုက်ရင်လည်း မော်ဒယ်ကို မေ့ထားလို့မရအောင် ဒီအလုပ်အကိုင်နှစ်ခုက နေနဲ့လ ရွှေနဲ့မြလို တွဲဖက်ညီနေကြပါတယ်။ဒါပေမယ့် ဒီမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဆက်ဆံရေးတွေထဲက လူတွေမမြင်တဲ့မှောင်မိုက်တဲ့အခြမ်းတွေရှိနေပါသေးတယ်။အဲ့လိုခါးသီးတဲ့အမှန်တရားတွေကို မီးမောင်းထိုးပြပြီးရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Rule Of Thirds ဖြစ်ပြီး လက်ရှိIMDb အနေနဲ့ 6.6 အထိရရှိထားပါတယ်။မွန်တီလို့ခေါ်တဲ့ဓာတ်ပုံဆရာတစ်ယောက်က အရမ်းနာမည်ကြီးပြီး အောင်မြင်ကျော်ကြားတဲ့အတွက် သူ့ဓာတ်ပုံဆရာလောကမှာ ဒိတ်ဒိတ်ကြဲဆရာကြီးလို့တောင်ဆိုရမှာပါပဲ။သူ့ကိုလိုချင်တဲ့ အလုပ်ရှင်တွေကလည်း အရမ်းများကြပြီးသူကိုင်ရတဲ့မော်ဒယ်တွေကလည်း အလန်းစားတွေပါပဲ။သူ့မှာ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ ညီအစ်ကိုလိုခင်ရတဲ့ဂျယ်ရမီဆိုတဲ့သူလည်းရှိပြီး သူ့ဘ၀ကြီးက အရမ်းပြည့်စုံနေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ အလုပ်ကိစ္စခရီးသွားရင်းမထင်မှတ်ဘဲ စားသောက်ဆိုင်တစ်ခုမှာ ဒကိုတာဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒကိုတာက သာမန်မိန်းကလေးဖြစ်ပေမဲ့ မွန်တီက သူ့ရဲ့အလှတရားကိုထွင်းဖောက်မြင်ခဲ့ပြီး မော်ဒယ်လုပ်ချင်ရင်ဆက်သွယ်ဖို့ပြောခဲ့ပါတော့တယ်။ဒကိုတာရဲ့အမေဖြစ်သူကလည်း သမီးအပေါ်မှာ ဘယ်တုန်းကမှကောင်းခဲ့တဲ့အမေမဟုတ်တဲ့အတွက် ဒကိုတာလည်းအကုန်လုံးကိုစွန့်လွှတ်ပြီး မွန်တီရှိရာကိုလိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ဒကိုတာနဲ့ မွန်တီ မော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဇာတ်လမ်းလေးစတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်လိုခါးသီးတဲ့အမှန်တရားတွေကို ပြသထားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.09 GB) / (675 MB) Quality… WEB-DL ...
movie

Rule of Thirds (2024)

The Vanishing of Sidney Hall (2017) 6.8
The Vanishing of Sidney Hall (2017) The Vanishing of Sidney Hall (2017)IMDb Rating (6.8)The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကို ဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး Rating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့... Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။ Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊ သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊ Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ ဘယ်လိုမြုပ်ကွက်တွေ ...
movie

The Vanishing of Sidney Hall (2017)

2017
Ghost Town (2008) 6.7
Ghost Town (2008)  Ghost Town (2008)IMDb Rating (6.7) / Rotten Tomatoes (85%)Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီးနားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့...လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ.....File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC ...
movie

Ghost Town (2008)

2008
Darkling (2022) 7
Darkling (2022) Darkling (2022)~ IMDb rating - 7/10 ~2004 ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Albanian အယူသည်းတွေက Serbian လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ US က ငြိမ်းချမ်းရေးတပ်တွေ ရှိတာတောင်မှ အိမ်တွေ ဘုရားကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး မုန်းတီးမှုကြောင့်လို့ပဲ ပြောရမှာပါ။ ဇာတ်ကားကိုတော့ ပျောက်ဆုံးသွားတဲ့ ဖခင်ကို လွမ်းဆွတ်တဲ့အကြောင်း... ကိုဆိုဗို‌ဒေသက သူတို့နေထိုင်ရတဲ့ အခက်အခဲတွေ ကြောက်ရွံ့မှုတွေအကြောင်းကို သမ္မတကြီးဆီ ရေးတဲ့ ကလေးမလေး မီလီဆာရဲ့ စာပေါ်အခြေတည်ထားပါတယ်။မီလီဆာက ကိုဆိုဗိုမှာ အဘိုး အမေနဲ့အတူ ကျန်ခဲ့ပြီး သူ့အဖေနဲ့ ဦးလေးက မြေပြန့်မှာ အလုပ်လုပ်ဖို့သွားရင်း ပြန်မလာတော့တာပါ။ သူတို့လူမျိုးတွေကို အကြမ်းဖက်သတ်နေတဲ့အတွက် ညတိုင်း အမှောင်ထဲမှာ ကျီးလန့်စာစားနေရရင်း ပင်ပန်းဆင်းရဲစွာဖြတ်သန်းရပါတယ်။ မီလီဆာတို့ကျောင်းမှာလည်း မိသားစုတွေ ကိုဆိုဗိုကို စွန့်ခွာသွားကြတဲ့အတွက် ကျောင်းသားတွေ ...
movie

Darkling (2022)

2022
The International(2009) 7.0
The International(2009) The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie

The International(2009)