Channel Myanmar

Darren Dolynski

TRON: Legacy 6.8
TRON: Legacy Tron : Legacy (2010)ကတော့၂၀၁၀ ထွက် သိပ္ပံစိတ်ကူးယဉ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။မကြာခင်မှာလည်း Tron : Ares ထွက်ရှိတော့မှာဖြစ်သောကြောင့်ပြန်နွေးလို့ရအောင် Quality Update ပေးလိုက်ရပါတယ်။ဇာတ်ညွှန်း Kevin Flynn ဟာ နည်းပညာအတော်လေးတော်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာ Digital World တစ်ခုကို ဒီဆောက်နိုင်တဲ့Coding ဆရာကြီးဆိုလည်းမမှားပါဘူး။ သူ့မှာ သားလေးတစ်ယောက်ရှိပါတယ်။နာမည်က Sam Flynn။ Kevin က Sam ကိုပြောနေကြတစ်ခုရှိတယ်။အဲဒါက သူ Digital World မှာ Tron လို့ခေါ်တဲ့ Digital လူသားတစ်ယောက်ကိုဖန်တီးထားတယ်။ သူနဲ့လည်းအရမ်းကိုခင်တဲ့အကြောင်း တွေပြောပြခဲ့ပါတယ်။ ကလေးပဲရှိသေးတဲ့ Sam အဖို့ဒါဟာတကယ်ကိုကြီးမားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ခဲ့ပါတယ်။တစ်ရက်မှာတော့ Kevin ဟာ ပျောက်ချင်းမလှပျောက်သွားပြီးSam တစ်ယောက်တည်း လူ့လောကမှာကျန်ခဲ့ပါတယ်။ Sam အရွယ်ရောက်လာတဲ့အခါမှာ သူ့အဖေပြောပြခဲ့တဲ့Tron ဇာတ်လမ်းဟာ တကယ်မဖြစ်နိုင်မှန်း နားလည်ခဲ့ပါတယ်။ဒါပေမဲ့ တကယ်ဖြစ်နိုင်ခဲ့ရင်ရော....ဆက်လက်ခံစားလိုက်ကြပါခင်ဗျာ။ File SIze : 8.3 GB / 3.8 GB / 1.2 ...
movie

TRON: Legacy

2010
4K HEVC
The Age of Adaline (2015) 7.2
The Age of Adaline (2015) The Age of Adaline (2015)IMDb Rating (7.2)ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ဇာတ်လမ်းကတော့... ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်... Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်... ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်... ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့.... တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? " ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ...
movie

The Age of Adaline (2015)

2015
12 Rounds 3: Lockdown (2015) 5.1
12 Rounds 3: Lockdown (2015) မတော်တဆမှုတစ်ခုကြောင့် တာဝန်ကနေခေတ္တအနားယူလိုက်ရတဲ့ စုံထောက် ဂျွန် ရှောဟာ ရဲဌာနမှာ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ အရင်ကတွဲဖက်အဖြစ်လုပ်ခဲ့ဖူးတဲ့ စုံထောက် ဘာ့ခ်ရဲ့ မသမာတဲ့ အလုပ်တွေကို မထင်မှတ်ပဲ သိရှိသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် ဘယ်လိုမျိုး ဆက်ပြီး ရင်ဆိုင်ကြမလဲ.... မသမာတာတွေကိုလုပ်နေတဲ့ ဘာ့ခ်ကရော ဘာအကြောင်းကြောင့် ဒါမျိုးတွေလုပ်နေရသလဲဆိုတာနဲ့ ဂျွန်အနေနဲ့က ဘယ်လိုမတော်တဆမှုမျိုးဖြစ်ထားလို့ တာဝန်ကနေပါ အနားယူထားရသလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အကြမ်းစားတွေနဲ့ ဒီကားမှာ ဖော်ပြထားပါတယ်.ဇာတ်လမ်းကြာချိန် ၁ နာရီခွဲလောက်တောက်လျှောက်ကို အက်ရှင်ကြမ်းကြမ်းတွေ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကနေမထပဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်.ရှေ့ကထွက်ခဲ့တဲ့ 12 Rounds 1 နဲ့ 12 Rounds 2 တို့လိုမျိုး ဒီကားမှာလဲ WWE Superstar တစ်ယောက်ဖြစ်တဲ့ Jon Moxley က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတွေထဲကတစ်ကားဖြစ်ပါတယ်. File size…(1.8 GB)/(915 ...
movie

12 Rounds 3: Lockdown (2015)

Deck the Halls (2011) 5.3
Deck the Halls (2011) ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark movies‌တွေထဲကမိသားစုကားကောင်းလေးတကားပါ။ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူ‌ဌေးကြီး လုခ်ရိုင်လေ။ခရစ်စမတ်အချိန်အခါမှာ သူမရဲ့‌ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူသူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ပြန်ပေးဆွဲသူကဘယ်သူလဲဘာကြောင့်လုပ်ရတာလဲ။သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦးFile size…  1.3 GB /  640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Deck the Halls (2011)

2011
Big Eyes (2014) 7.0
Big Eyes (2014) Big Eyes (2014) IMDb - 7.0/10_____Rotten - 72%ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို " မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ...
movie

Big Eyes (2014)

2014