Channel Myanmar

Darren Deng

Isleen Pines (2024) 5.8
Isleen Pines (2024)  သရဲမြူးတဲ့ဟောလိုးဝင်းကြီးနီးကပ်လာပြီဖြစ်တဲ့အတွက် နှစ်တစ်နှစ်ရဲ့ဒီလိုအချိန်မှာ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေစုပြုံထွက်လာကြတာပုံမှန်ပါပဲ။ဒီအချိန်မှာ ရုပ်ရှင်ကုမ္ပဏီအကြီးကြီးတွေကလည်းရေကုန်ရေခမ်းအကြမ်းစားတွေချပြကြသလို တက်သစ်စ စတူဒီယိုအသေးလေးတွေအတွက်လက်စွမ်းပြလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒါကြောင့် Horror ချစ်သူတွေအတွက်တော့လက်ညှိုးထိုးမလွဲHorror ဇာတ်ကားတွေကိုအကြိုက်ရွေးချယ်ကြည့်ရုံပါပဲ။အခုတင်ဆက်ပေးမဲ့ Isleen Pines ဆိုတဲ့ဇာတ်ကားလေးကလည်းTerrifier တို့လိုမျိုးလူသတ်ဟောလိုးဝင်းဇာတ်ကားတစ်ကားဖြစ်ပြီးတက်သစ်စလေးတွေရိုက်ကူးထားတဲ့ကားဖြစ်တဲ့အတွက် အပြစ်မမြင်ပဲချစ်ချင်တဲ့စိတ်နဲ့ပဲကြည့်ရင်တော့ အပျင်းပြေကြည့်လို့ကောင်းမဲ့Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဟောလိုးဝင်းနေ့ရောက်လာပြီဆိုရင် အက်စလင်းပိုင်းစ်မှာပါတီကြီးတစ်ခုလုပ်ပေးပြီးတော့ ဝတ်စုံပြိုင်ပွဲလုပ်ကြပါတယ်။အဲ့ဒီမြို့သူမြို့သားတော်တော်များများကလည်း လူကြီးလူငယ်မရွေးအဲ့ဒီပြိုင်ပွဲမှာပျော်ပျော်ရွှင်ရွှင်ဝင်ပြိုင်ကြပါတယ်။အဲ့ဒီထဲမှာဆယ်ကျော်သက်သူငယ်ချင်း၄ ယောက်အဖွဲ့လည်းအပါအဝင်ဖြစ်ပြီးတော့ပါတီကိုအတူတူသွားဖို့သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာလူစုနေကြပါတော့တယ်။တစ်ယောက်ပြီးတစ်ယောက် နောက်ကျမှရောက်လာရင်းနဲ့သူငယ်ချင်းတွေစုံလို့ သွားတော့မယ်လည်းဆိုရော သူငယ်ချင်းတစ်ယောက်က ကောက်ကာငင်ကာကြီးသေဆုံးသွားပါတော့တယ်။ဒီလိုနဲ့အကုန်လုံး ပြာယာခတ်ကုန်ကြပြီး အကူအညီတောင်းဖို့ကြိုးစားတော့လည်း ဖုန်းလိုင်းမမိ အပြင်ထွက်ဖို့ကြံတော့လည်း အိမ်ပြင်မှာသူတို့မမျှော်လင့်ထားတဲ့ထိတ်လန့်စရာကြီးကစောင့်ဆိုင်းနေတဲ့အတွက် ဘာလုပ်ရမှန်းမသိဘဲ တိုင်ပတ်နေကြပြီး အသက်မသေဘဲလွတ်မြောက်ဖို့ကြိုးစားကြပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။  File size…895MB / 451MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Isleen Pines (2024)