Channel Myanmar

Darius Sinathrya

Sumala (2024) 5.8
Sumala (2024)  Sumala (2024)IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ?ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။(အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။)File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie

Sumala (2024)

2024
Possession: Kerasukan (2024) 5.5
Possession: Kerasukan (2024)  Drama ၊ Thriller အမျိုးအစားဖြစ်တဲ့ အင်ဒိုနီးရှားသရဲကားPossession: Kerasukan. က သရဲကားဆိုတာထက်တကယ်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အိမ်ထောင်ရေးပုံစံကိုအဓိကမီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ဒီလိုအိမ်ထောင်ရေးပုံစံထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့အကူအညီတောင်းဆိုသံတွေကိုကိုယ်စားပြုပြီး အိမ်ထောင်ဘက်ချင်းကျူးလွန်တဲ့မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ဆက်တိုက်အယုံအကြည်ကင်းမဲ့မှုတွေက ဘာလဲဆိုတာပြသထားပါတယ်။ရေတပ်မှာတာဝန်ထမ်းဆောင်နေရာကနေပြန်လာတဲ့ဖာရစ္စကိုအိမ်ရောက်ရောက်ချင်း မိန်းမဖြစ်တဲ့ရတ်နာက ကွာရှင်းဖို့ပြောလာခဲ့ပါတယ်။ ရုတ်တရက်အံ့အားသင့်သွားတဲ့ ဖာရစ္စတစ်ယောက် ရတ်နာက တခြားယောကျ်ားတစ်ယောက်နဲ့ဖောက်ပြန်နေတာလို့တပ်အပ်စွပ်စွဲပြီး လိုက်စုံစမ်းခဲ့ပါတယ်။ဒါပေမဲ့ သူပိုသိလာရတာကတော့ မိန်းမကဖောက်ပြန်တာထက်ပိုကြောက်စရာကောင်းတဲ့သဘာဝလွန်ကိစ္စတွေရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။  File size…933GB / 591MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Possession: Kerasukan (2024)

Asih (2018) 5.1
Asih (2018) Asih (2018)သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror, Mystery, Thriller Quality…. 1080p | 720p File size… 848MB | ...
movie

Asih (2018)

2008
Asih 2 (2020) 6.2
Asih 2 (2020) Asih 2 (2020)2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1GB ...
movie

Asih 2 (2020)

2020
Perfect Strangers (2022) 7.5
Perfect Strangers (2022) Perfect Strangers(2022)လကြတ်ချိန်ဟာ နေနဲ့လတို့ကြားက တင်းမာမှု အပြင်းထန်ဆုံးအချိန်ဖြစ်ပြီး လူသားတွေကို စိတ်ကယောက်ကယက်ဖြစ်စေတယ်ဆိုပြီး အဆိုရှိပါတယ်။အဲဒီလို စိတ်ကယောက်ကယက်ဖြစ်စေတဲ့ လကြတ်ညတစ်ညမှာ မိတ်ဆွေသူငယ်ချင်း (၇) ယောက် ညစာအတူစားကြဖို့ စုမိကြပါတယ်။အန်ဒရီကိုနဲ့အီဗာတို့က သူတို့ရဲ့ အိမ်အသစ်ကြီးမှာ အိမ်တက်ပွဲအထိမ်းအမှတ်အနေနဲ့ ညစာဖိတ်ကျွေးတာပါ။ ညစာစားပွဲမှာ အိမ်ရှင် လင်မယားနဲ့အတူ ညားခါစ စုံတွဲ အန်ဂျာ့စ်နဲ့ကီရှာ၊ ကလေးနှစ်ယောက်ရနေပြီ ဖြစ်တဲ့ ဝစ်နူနဲ့အီမဲလ်ဒါ၊ ရည်စားရထားတာ မကြာသေးတဲ့ တိုမို ဆိုပြီး စုစုပေါင်း (၇) ယောက် ပါဝင်ပါတယ်။ပေါင်းလာတာ ကြာပြီဖြစ်တဲ့ အကြောင်းသိတွေ ပျော်ပျော်ပါးပါး စားကြသောက်ကြရင်း အိမ်ကြီးရှင် အီဗာက ဂိမ်းတစ်ခု ကစားကြဖို့ ပြောလိုက်ရာကနေ ဇာတ်လမ်းက စ,ပါတယ်။သူပြောတဲ့ ဂိမ်းက ဖုန်းတွေအားလုံးကို စားပွဲပေါ်မှာ တင်ထားပြီး ဝင်လာသမျှ မက်ဆေ့ဂျ်တွေ၊ ဖုန်းကောလ်တွေ၊ အီးမေးလ်တွေကို အတူတူဝိုင်းဖတ်ကြဖို့ပါ။ဆော့ရင်လည်း မကောင်း၊ မဆော့ပြန်ရင်လဲ အထင်လွဲခံရမှာစိုးတာနဲ့ အဲဒီဂိမ်းကို ဆော့ကြရင်းကနေ တစ်ယောက်ချင်းစီရဲ့ လျှို့ဝှက်ချက်တွေ ပေါ်လာပြီး ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးကုန်ပါတော့တယ်။လူတွေရဲ့ လူသိမခံနိုင်တဲ့ ...
movie

Perfect Strangers (2022)

2022