Channel Myanmar

Danny Ray

Successor ( 2024 ) 6.9
Successor ( 2024 ) Successor (2024)IMDb Rating (6.9) / Rotten Tomatoes (82%)ရုံတင်တုန်းက Box Office မှာ $ 470 million ကျော် ရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ တရုတ်ဟာသဒရမ်မာကားလေးကို 4K ထိ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်လေးလဲ တကယ်ကိုထူးခြားဆန်းသစ်နဲ့ ဇာတ်အိမ်နဲ့ပါ... တစ်ချိန်က ချို့တဲ့တဲ့မိသားစု အသိုင်းအဝိုင်းကြားမှာ မာနကို ချိုးနှိမ် ဒုက္ခကို အံခဲပြီး တစ်ကိုယ်တည်း ကြိုးစားရုန်းကန်ရင်း ချမ်းသာလာတဲ့သူဌေးကြီးတယောက်ဟာ သူ့သားလေးကို...ရွှေဇွန်းကိုက်ပြီး ရွှေလင်ဗန်းနဲ့ အချင်းဆေးတဲ့ဘဝမျိုးမှာထားနိုင်ပေမယ့် ဒီလိုထားလိုက်ရင် ကြိုးစားလိုစိတ်.... ဖြစ်ထွန်းလိုစိတ် မရှိတော့ဘဲ ဘဝကို အပေါ်ယံရှုမြင်ပြီး ပျော်ပါးပျက်စီးမှာစိုးလို့... ဆင်းရဲဒဏ်ထဲ ကြီးပြင်းစေမယ့် မဟာ စီမံကိန်းကြီးကို ရေးဆွဲပါတော့တယ်...ဒါကတော့ သူငယ်ငယ်က နေခဲ့တဲ့ အိမ်စုတ်လေးမှာ မိသားစုလိုက်သွားနေကြပြီး သူ့သားအထင်မှာ ဆင်းရဲအောင် ဟန်ဆောင်ကြပါတယ်။ သူ့သားကို ဆင်းရဲတဲ့ဒဏ်... မျက်နှာငယ်ရတဲ့ဘဝ... မာနကို ခဝါချပြီး ဘဝရဲ့ လောကဓံကို ရင်ဆိုင်စေဖို့ အမျိုးမျိုး ဇာတ်ညွှန်းတွေရေးပြီး ပျိုးထောင်ပေးတော့တာပေါ့....ဒါပေမယ့် သူ့သားကရော ဆင်းရဲသားတယောက်အဖြစ်နဲ့ ကြိုးစားပါ့မလား သူ့အဖေအမေက လိမ်ညာထားတဲ့ ဘဝအခြေအနေမှန်ကိုရော သိသွားမလား တကယ်ရော ...
movie

Successor ( 2024 )

4K HEVC
The Treasure Protector ( 2024 ) 5.7
The Treasure Protector ( 2024 ) ရှားရှင်းရှင်းဟာ အငိုအဆိုအလွန်ကောင်းတဲ့ ဈာပနာပွဲစီစဉ်သူတစ်ယောက်ပါ။ မိဘမဲ့ဖြစ်တဲ့သူဟာ သူငယ်ငယ်ကတည်းကတိတ်တခိုးချစ်ရတဲ့ ကောင်မလေးကိုလက်ထပ်ပြီး မိသားစုလေးတည်ဆောက်ဖို့ဟာ သူ့အတွက်အိပ်မက်ကြီးဖြစ်ခဲ့တယ်။ ယောက္ခမလောင်ကြီးက ယွမ်(၁)သိန်းနဲ့ တင်တောင်းဖို့ပြောလာတဲ့အတွက် ရရာနည်းနဲ့ ပိုက်ဆံရှာဖို့ကြိုးစားတော့တာပေါ့။အဲဒီအချိန်မှာ ရှန်ထျန်းမင်နဲ့ ရှန်ကျားယီတို့သားအဖဟာ သဲကန္တာရထဲမှာ နိင်ငံရတနာရှေးဟောင်းပစ္စည်းတစ်ခုကိုရှာတွေ့သွားတဲ့အချိန်မှာ မသမာသူတွေနဲ့ကြုံပြီး အသက်ဘေးကြုံနေရပါတယ်။ လျှို့ဝှက်တဲ့လူတစ်ယောက်က ရှန်ကျားယီကို ကယ်လိုက်ပေမယ့် ရတနာပစ္စည်းကိုယူသွားခဲ့ပါတယ်။ အဖေထားခဲ့တဲ့နောက်ဆုံးပစ္စည်းကို ပြန်ယူနိုင်ဖို့အတွက် ရှန်ကျားယီက အဲဒီလူကိုလိုက်ရှာရင်း ငွေလိုနေတဲ့ရှားရှင်းရှင်းကို အခကြေးငွေပေးပြီးငှားလိုက်ပါတယ်။ဒီလိုနဲ့ ရှားရှင်းရှင်းရဲ့ ဘာမှမဟုတ်တဲ့လူတစ်ယောက်ဘဝကနေပြီးတော့ နိုင်ငံ့ရတနာကိုကာကွယ်စောင့်ရှောက်သူ သူရဲကောင်းအဖြစ်ပြောင်းလဲသွားမယ့် ဘဝလမ်းခရီးဟာစတင်လိုက်တာပဲဖြစ်ပါတယ်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy , Action Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Treasure Protector ( 2024 )

Moscow Mission ( 2023 ) 6.3
Moscow Mission ( 2023 ) 1993ခုနှစ်မှာဖြစ်ခဲ့တဲ့ ပေကျင်းမှမော့စကိုပြေးဆွဲနေတဲ့ နိုင်ငံတကာအမြန်ရထားကိုဓားပြတိုက်မှု ဖြစ်ရပ်မှန်ကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။အရှေ့တိုင်းနဲ့အနောက်တိုင်းစစ်အေးခေတ်ကာလမှာ ရုရှားနိုင်ငံရဲ့စီးပွားရေးဟာ အရမ်းကိုကြပ်တည်းခဲ့ပါတယ်။ တရုတ်ပေါက်ဖော်ကုန်သည်တွေက စီးပွားရေးလုပ်ဖို့ငွေသားတွေအများကြီးကိုသယ်ပြီး မော့စကိုကိုရထားနဲ့သွာားတတ်ကြတယ်။ စီးကရက်၊ ရေမွှေး၊ အစားအသောက်စတဲ့ ကုန်ပစ္စည်းတွေကို သယ်ပြီးတော့လည်း သွားပြီးရောင်းချကြပါတယ်။ လုယက်သမားတွေရဲ့အမြင်မှာတော့ ဒီရထားကြီးက တကယ်ကိုပွပေါက် ငွေရထားကြီးဖြစ်နေတာပေါ့...... အဲဒီလိုနဲ့ရထားတစ်တွဲလုံးကိုဓားပြတိုက်မှုဖြစ်သွားခဲ့ပါတယ်။တရုတ်နိုင်ငံရဲတပ်ဖွဲ့ကနေပြီး တရားခံကိုမော့စကိုကနေဖမ်းပြီးခေါ်လာဖို့ အထူးစုံစမ်းရေးတစ်ဖွဲ့ကိုဖွဲ့စည်းပြီးလွှတ်လိုက်ပါတယ်။ တရုတ်ရဲတပ်ဖွဲ့နဲ့ ရုရှားရဲတပ်ဖွဲ့တို့ မသမာလောဘသားတွေကို ကြိုးစားပြီးဖမ်းဆီးတဲ့အကြောင်းရိုက်ကူးထားတာပဲဖြစ်ပါတယ်ဟောင်ကောင်မင်းသားကြီး Andy Lau ကဝရမ်းပြေး မှောင်ခိုသမား မော့စကိုမှာဘာမဆိုရအောင်လုပ်ပေးနိုင်တယ်ဆိုပြီး မော့စကို တရုတ်အသိုင်းအဝိုင်းကြားကနာမည်ကျော်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ Andy Lau အပြင် တခြားဝါရင့်သရုပ်ဆောင်တွေပါဝင်အားဖြည့်ထားပြီးတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ အရည်အသွေးမီအောင် ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်တာမလို့ အက်ရှင်ကားပရိသတ်တွေ ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 2h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Moscow Mission ( 2023 )