Channel Myanmar

Danny Nero

Bitch Slap (2009) 4.5
Bitch Slap (2009) အပျင်းပြေကြည့်ဖို့ ဒီ R-rated ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ၊ယုတ်ရင်းကြမ်းတမ်း တဲ့ ရိုက်ချက်တွေနဲ့ နားမထောင်ဝံ့စရာ စကားမျိုးတွေပါလို့အသက်ပြည့်မှ ကြည့်ကြဖို့ တောင်းဆိုပါရစေ။ဇာတ်လမ်းက ရှင်းရှင်းလေးနဲ့ plot twist နည်းနည်းလောက်ထည့်ထားတဲ့ကားမျိုးလေးပါအပျင်းပြေအနေနဲ့ဆိုရင်လဲ ကြည့်ပျော်ရှုပျော်ရှိတဲ့ပုံစံလေးဖြစ်ပါတယ်လူဆိုးဂိုဏ် ဆီကနေ စိန်ခိုးဖို့လာကြတဲ့ မိန်းကလေးသုံးယောက်ရဲ့ အကြောင်းဖြစ်ပြီးဘာအတွက်ကြောင့် သူတို့သုံးယောက်က လူသူမဲ့တဲ့ သဲကန္တရထဲမှာ သောင်တင်နေတာလဲဆိုတာအချင်းချင်းရော ဘယ်လို ဘောင်ချာတွေရှိနေကြလဲဆိုတာသူတို့သုံးယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လို လျို့ဝှက်ချက်တွေနဲ့ဘာတွေ ဆက်လုပ်ကြံစည်ကြမလဲဆိုတာ တော့ဆက်လက်ကြည့်ရှုကြည့်ခံစားကြည့်ရမှာပဲဖြစ်ပါတယ်File size…    2.65 GB /  1.34 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 49m Genre ..... Comedy/Action/Crime/Dark Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Kafka
movie

Bitch Slap (2009)

Inspector Gadget (1999)
Inspector Gadget (1999) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ sci-fi/comedy အမျိုးအစားရှပ်ရှင်လေးပဲဖြစ်ပါတယ်..... ဂျွန်ဘရောင်းဆိုတာကတော့ လူတွေကိုကူညီပေးချင်တဲ့လုံခြုံရေးဝန်ထမ်းလေးပါ....ဒေါက်တာဘရတ်ဖိုဒ့်ရဲ့ဓာတ်ခွဲခန်းကိုလုံခြုံရေးယူပေးရတာပါ....သူကဒေါက်တာဘရတ်ဖိုဒ့်ကိုကြိတ်ကြိုက်နေသူပါ....ဒေါက်တာဘရတ်ဖိုဒ့်ကတော့ အဖေဖြစ်သူနဲ့အတူ gadget ပရောဂျက်လို့ခေါ်တဲ့ လူနဲ့စက်ပစ္စည်းအစိတ်အပိုင်းတွေကိုတွဲစပ်ဖို့ ဖန်တီးနေတဲ့သူပါ....တနေ့ကျဒေါက်တာဘရတ်ဖိုဒ့်တို့ရဲ့ဓာတ်ခွဲခန်းကို စကိုးလတ်စ်ဆိုသူက‌ဖောက်ခွဲပြီး ဒေါက်တာဘရတ်ဖိုဒ့်တို့တီထွင်ထားတာတွေကိုခိုးသွားပါတယ်....ဒေါက်တာဘရတ်ဖိုဒ့်ရဲ့အဖေဖြစ်သူလည်းသေဆုံးသွားပါတယ်....ထိုအခါဒေါက်တာဘရတ်ဖိုဒ့်က gadget ပရောဂျက်ကို သူတို့ကိုကူညီပေးဖို့ကြိုးစားတဲ့လုံခြုံရေးဝန်ထမ်း ဂျွန်ဘရောင်းကိုသုံးပြီးဆက်လက်စမ်းသပ်ပါတယ်....ထိုအခါဂျွန်ဘရောင်းဟာ စက်ရုပ်တပိုင်းလူတပိုင်းဖြစ်သွားပြီးတော့ စုံထောက် gadget ဆိုပြီးဖြစ်လာခဲ့ပါတယ်...ထို့နောက်ဒေါက်တာဘရတ်ဖို့ဒ်အတွက် တရားမျှတမှုကိုပြန်ရှာပေးတဲ့အနေနဲ့ စကိုးလတ်စ်ကိုလိုက်ဖမ်းပါတော့တယ်.....File size…(1.7  GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie

Inspector Gadget (1999)

Ghostbusters (1984)
Ghostbusters (1984) ငယ်ဘဝအမှတ်တရ မူရင်း သရဲဖမ်းသမားများရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက ဝက်ဝက်ကွဲအောင်မြင်လူကြိုက်များခဲ့တဲ့အပြင် Oscar nominations လည်း 2 ခုဝင်ခဲ့ပြီး တခြားဆု‌တွေလည်းရရှိခဲ့ပါသေးတယ်။ အခုနှစ်ထဲမှာလည်း Ghostbusters: Frozen Empire ဆိုတဲ့ sequel တစ်ကားထပ်ထွက်ထားပါသေးတယ်။ဒီပထမဆုံးရုပ်ရှင်မှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ခေတ်သစ်သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ရူးသွပ်စွာလေ့လာကြတဲ့ သိပ္ပံပညာရှင် သူငယ်ချင်းသုံးယောက်၊ သူတို့အလုပ်လုပ်တဲ့ တက္ကသိုလ်ကနေ အလုပ်ဖြုတ်ခံလိုက်ရတဲ့အခါမှာ မီးသတ်ရုံအဟောင်းတစ်ရုံနဲ့ ကားအစုတ်တစ်စီးကိုဝယ်လိုက်ပြီး သရဲဖမ်းသမားများအဖွဲ့ကို တည်ထောင်လိုက်ကြပါတယ်။အဲဒီနောက်မှာတော့ သူတို့ဖန်တီးထားတဲ့ သရဲဖမ်းကိရိယာတွေကိုသုံးပြီး မြို့ထဲမှာ သောင်းကျန်းနေတဲ့ သရဲတွေကို လိုက်လံဖမ်းဆီးပေးရင်း ဂိုဇာ လို့ခေါ်တဲ့ ရှေးခေတ်ဟစ်တီ ဖျက်ဆီးခြင်းနတ်ဘုရား ပြန်လည် နိုးထလာမဲ့အရေးကို တားဆီးပေးဖို့ဖြစ်လာပါတော့တယ်။ ငယ်ငယ်က ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်ခဲ့ရတဲ့ ဟာသ-ဟော်ရာအမျိုးအစား ရုပ်ရှင်ဖြစ်တာမလို့ ပြန်ကြည့်ပြီး စိတ်အပန်းဖြေလို့ကောင်းမဲ့ ရုပ်ရှင်တစ်ကားပါဗျ။File size…(2.9 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Comedy, ...
movie

Ghostbusters (1984)

Commando (1985)
Commando (1985) တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ဇာတ်လမ်းအကျဉ်းကတော့အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး ...
movie

Commando (1985)

2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996