Channel Myanmar

Danielle E. Hawkins

Scooby-Doo! Curse of the Lake Monster (2010)
Scooby-Doo! Curse of the Lake Monster (2010) Scooby-Doo live action လေး လာပါပြီ။နွေကျောင်းပိတ်ရက်မှာ ပျော်ပါးဖို့တွေးနေတဲ့ ရှက်ဂီနဲ့စကူဘီတို့ ပျော်ဖို့ဆိုတာ ဝေး၊ဒက်ဖနီရဲ့အန်ကယ်ဆီမှာ အလုပ်သွားလုပ်ရပါတယ်။နွေပိတ်ရက်လေးဆိုတော့ အလုပ်တစ်ဖက် အပန်းဖြေတစ်ဖက်ပေါ့လေ။ဒါနဲ့ ရေကန်မကောင်းဆိုးဝါး ရှိတယ်လို့ ဒဏ္ဍာရီရှိတဲ့ မြို့ငယ်လေးကို ‌သွားကြတာပေါ့။ဒီလိုနဲ့ ရေကန်မကောင်းဆိုးဝါး ပဟေဠိပြဿနာ ဖြေရှင်းဖို့ သူတို့တာဝန်ဖြစ်လို့လာပါတယ်။live action မှာလည်း စကူဘီဒူးအတွက် ပင်တိုင်အသံသရုပ်ဆောင်ကြီး Frank Welker ကပဲ အသံသရုပ်ဆောင်ပေးထားတဲ့အပြင်စကူဘီဒူး CGI လည်း အတော်လေးကောင်းပါတယ်။ရှက်ဂီနေရာမှာ မင်းသား Nick Palatas ၊ ဗယ်မာအဖြစ် Hayley Kiyoko တို့က တကယ့်ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာတဲ့အတိုင်း သရုပ်ဆောင်ထားကြပါတယ်။ဟာသတွေအပြင် ရိုမန့်တွေပါ ထည့်ထားလို့ ကြည့်ရတာ ပျင်းရမှာမဟုတ်ပါဘူး။ဒီတစ်ခါက်တော့ live action လေး ပြောင်းကြည့်လို့ရအောင် စကူဘီဒူးဖန်တွေအတွက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size :  1.8 GB, 1 GB Quality ...
movie

Scooby-Doo! Curse of the Lake Monster (2010)

17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie

17 Again (2009)