Channel Myanmar

Daniel Wu

The Man with the Iron Fists (2012)
The Man with the Iron Fists (2012) The Man with the Iron Fists (2012) **********************************ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများကကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ...မိသားစုနဲ့တော့မကြည့်သင့်ပါဘူး...ဇာတ်လမ်းအကျဉ်း -------------လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေလူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်...မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီးရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်...ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen ...
movie

The Man with the Iron Fists (2012)

Love Hurts (2025) 5.8
Love Hurts (2025)  Everything Everywhere All at Once ထဲက မင်းသားKe Huy Quan ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်ထွက်လာပါပြီ။ဟာသ အက်ရှင် သိုင်းကားအမျိုးအစားပါ။ခပ်မြူးမြူး ခပ်ကြမ်းကြမ်းနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရုံပါပဲ။ဇာတ်လမ်းကလည်း ရိုးရှင်းပါတယ်။အတိတ်တုန်းက လက်မရွံ့ဖြစ်ခဲ့တဲ့ ဆရာကြီးက အခု အိမ်ခြေမြေပွဲစားလေးလုပ်ပြီး အေးဆေးနေနေတာပါ။အဲဒါကို အတိတ်က ဂိုဏ်းက ပြဿနာတွေ လာရှာတဲ့အခါအကုန်လုံးကို ပြန်ကျုံးရတဲ့ကားမျိုးပါပဲ။ဒါရိုက်တာကလည်း John Wick တို့လည်း နာမည်ကြီးအက်ရှင်ကားတွေမှာ စတန့်နည်းပြ ဖိုက်တင်နည်းပြလုပ်လာတဲ့လူဆိုတော့ အပီကြမ်းပေးထားပါတယ်။ကြည့်လိုက်ကြပါ။အက်ရှင်ဖန်တွေ ကြိုက်မှာပါ.... File size… (1.47 GB) / (783 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Love Hurts (2025)

Geostorm (2017) 5.6
Geostorm (2017)  ဒီရုပ်ရှင်ကားကို စကြည့်မိတဲ့ အချိန်ဘာကို သတိရမိလဲ ဆိုတော့အရင်က သဘာဝဘေး အကြောင်း ရုပ်ရှင်တွေ ရိုက်ပြီးရင် အပြင်မှာလဲဆူနာမီ လို မုန်တိုင်းတွေ တိုက်ခတ်ပြီးတကယ်ဖြစ်ဖြစ်သွားတာ လန့်လွန်းလို့ရှေ့ပြေးနိမိတ် ရုပ်ရှင်မဟုတ်ပါစေနဲ့ အရင်ဆုတောင်းရတယ်ကဲ ဇတ်လမ်းအကြောင်း နည်းနည်းပြောပြမယ်....ဒီရုပ်ရှင်ကားကို Director: Dean Devlin က ရိုက်ကူးခဲ့ပြီးOctober 11, 2017 မှာ ရုံတင်ပြသခဲ့တယ်... Budget ကို 120 million USD နဲ့ ရိုက်ကူးခဲ့ပေမယ့် Box office မှာ184.4 million USD အထိ ရရှိခဲ့တယ် IMDb 5.3 သာ ရရှိထားပေမယ့် ကျနော့်စိတ်နဲ့ ဆို 7.0 လောက်ထိပေးချင်ပါတယ် ဒါဆို ဒီရုပ်ရှင်ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အညွှန်းမလာသေးခင်ကြည့်ရတာ တန်တယ်ဆိုတဲ့ ခံစားချက် တစ်ခုပဲ ရှိသေးတယ်နော်ဇတ်လမ်းပုံစံကတော့ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာအဝှမ်း ရာသီဥတုဆိုးရွားပျက်ဆီးမှုတွေ နဲ့ ...
movie

Geostorm (2017)

2017
4K HEVC
Decoded ( 2024 ) 6.0
Decoded ( 2024 ) မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့ တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကို အခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ...ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်း ဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး..." တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ" လို့ သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်... "တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်" လို့ ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် ...နာမည်ကောင်းမရလည်း... နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့ လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင် ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်...ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာ အားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့ သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီး လူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်...အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်က လိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ် ၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်....လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်က ကြိုးစားအားထုတ်သူကိုတော့ ...
movie

Decoded ( 2024 )

The Last Supper ( 2012 ) 6.1
The Last Supper ( 2012 ) ဟန့်ခေတ်ရဲ့ ပထမဦးဆုံးဘုရင်ဖြစ်တဲ့လျိုပန်းရဲ့ ကြီးမားတဲ့ရည်မှန်းချက် ၊ လောဘ၊ ဒေါသနဲ့ အတ္တတွေပြည့်နေတဲ့ဘဝခရီးအကြောင်း သမိုင်းကြောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။BC 200 ခုနှစ်လောက်တုန်းက ချင်ဧကရာဇ်ဟာအရမ်းရက်စက်တဲ့အတွက် တိုင်းပြည်တစ်ဝှမ်းမှာပုန်ကန်မှုတွေစတင်လာခဲ့တယ်။ စစ်မက်တွေရှုပ်ထွေးပြီးငတ်မွန်းမှုတွေပြည့်နှက်နေတဲ့ဘဝကြီးမှာ လေလွင့်ကြရတဲ့ပြည်သူတွေကနေပြီးတော့ ရည်မှန်းချက်တူတဲ့လူချင်းစုပြီးတော့ သူရဲကောင်းတွေပေါ်လာခဲ့တယ်။ရှန့်ယွီဆိုတဲ့ မျိုးရိုးမြင့်မြတ်တဲ့ စစ်သူကြီးတစ်ယောက်နဲ့ လျိုပန်းတူပူးပေါင်းပြီး လောကကြီးကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်တဲ့ညီနောင်တွေကနေပြီးတော့ အကြီးမားဆုံးရန်သူတွေဖြစ်လာခဲ့ကြတယ်။ရှန့်ယွီဟာ လျိုပန်းကိုဟုန််မန်ညစာစားပွဲမှာသတ်ဖို့အခွင့်အရေးရှိခဲ့ပေမယ့် လက်လွှတ်ခဲ့တာ ရှန့်ယွီအတွက်မဟာအမှားကြီးဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ဘုရင်တစ်ပါးရဲ့အတ္တနဲ့ခင်းကြီးလျှောက်တဲ့လမ်းဟာ တစ်ဖြည်းဖြည်းအကျည်းတန်လာပါတော့တယ်။ Filesize : 1.63 GB / 831 MB Quality : WEB-DL HEVC 1080p , 720p Format : mkv  Genres : Action , History Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Last Supper ( 2012 )

Caught In Time ( 2020 ) 6.3
Caught In Time ( 2020 ) ဒီတစ်ခါ ဇာတ်ကားလေးကတော့ အက်ရှင်ကြိုက်နှစ်သက်သူတွေအတွက်တော့ ရှယ်သဘောကျမယ့်ကားအမျိုးအစားပဲဖြစ်ပါတယ် အချိန်ဆိုတာ တစ်မိနစ် တစ်စက္ကန့်လေးကအစ အရေးပါတယ်ဆိုတဲ့ စကားက ဒီကားနဲ့ လုံးဝကွက်တိဖြစ်ပါလိမ့်မယ်ဒီကားထဲကဓားပြအဖွဲ့ဟာ ဘယ်လောက်တောင်ကျွမ်းကျင်အဆင့်လဲဆိုရင် ခေါက်ဆွဲပြုတ်နေတဲ့ ၁၀မိနစ်အတွင်းမှာ ဘဏ်ကို ဓားပြသွားတိုက်ပြီး ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲအေးဆေးပြန်လာစားနိုင်တဲ့အထိကို အလန်းဇယားတော်တာပါနော် ခေါက်ဆွဲပဲစားရုံတင်ပဲမထင်လိုက်ပါနဲ့ ရဲတွေအတွက် ခေါက်ဆွဲတောင် ဝယ်ကျွေးသွားပါသေးတယ်အဲ့လောက်ထိ အခန့်မှန်းမှာရော အလုအယက်မှာရော ရဲတွေထက် ရှေ့တစ်လှမ်းအမြဲစောနေတဲ့ ဓားပြအဖွဲ့ကို အပြောင်းရွှေ့ကျလာတဲ့ ရဲအဖွဲ့ခေါင်းဆောင် ကျုံချန်က အမိ ဖမ်းနိုင်ပါ့မလား ဓားပြအဖွဲ့ကရော လှည့်စားမှုတွေနဲ့ ရဲတွေကို ဆက်ပြီးပိုင်ပိုင်နိုင်နိုင်ကစားသွားနိုင်ဉီးမလားဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ကြပါတော့နော် Filesize : 5.16 GB / 1.57 GB / 868 MB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Drama , Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ...
movie

Caught In Time ( 2020 )

4K HEVC
Triple Tap (2010) 6.2
Triple Tap (2010) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့One Night in Mongkok နဲ့ Double Tap အစရှိတဲ့ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) ကIPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ်မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။စာချုပ်ဓားပြတိုက်တဲ့ အမှုကို ...
movie

Triple Tap (2010)

Chinese Zodiac (2012) 6.0
Chinese Zodiac (2012) ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ်ဂျက်ကီချန်းအနေနဲ့ "စတန့်အများဆုံး" နဲ့ "ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး" ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ်မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ်ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ ...
movie

Chinese Zodiac (2012)

2012
Rob-B-Hood (2006) 6.6
Rob-B-Hood (2006) IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ "မွေးကင်းစကလေး" တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ ...
movie

Rob-B-Hood (2006)

Gorgeous (1999) 6.0
Gorgeous (1999)  ဒီဇာတ်ကားလေးမှာတော့ ဟောင်ကောင်ရွှေခေတ်ကမင်းသားမင်းသမီးတွေဖြစ်တဲ့ ဂျက်ကီချန်း စတီဗင်ချောင် ရှုကြည် တိုနီလောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားပူဆိုတဲ့မိန်းကလေးဟာ ဘဝကို စိတ်ကူးယဉ်ဆန်ဆန်ဖြတ်သန်းနေထိုင်တတ်တဲ့ ထိုင်ဝမ်ကျွန်းဆွယ်မြို့လေးတစ်မြို့က ကောင်မလေးဖြစ်ပါတယ်။ သူဟာ တစ်နေ့မှာ ပင်လယ်ကမ်းစပ်ကိုမျှောလာတဲ့ ပုလင်းလေးတစ်ပုလင်းထဲက စာလေးတစ်စောင်ကိုတွေ့ပြီး စာရေးတဲ့ကောင်လေးကို သိချင်လို့ ဟောင်ကောင်ထိတစ်ယောက်တည်းလိုက်သွားရာကနေ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်တဲ့ ချန်နဲ့ ဘယ်လိုများ နဖူးစာရွာလည်မလဲ ဘယ်လိုအခက်အခဲလေးတွေကြားကနေ သူတို့အချစ်ကို ရှာဖွေတွေ့ရှိကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Gorgeous (1999)

Naked Weapon (2002) 5.5
Naked Weapon (2002)  Naked Weapon 2002ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene ...
movie

Naked Weapon (2002)

2002
Overheard (2009) 7.1
Overheard (2009) Overheard ( 2009 )ဟောင်ကောင်ဂန်း မာစတာပိစ်ကားဖြစ်တဲ့ Infernal Affairsကားကို ရိုက်ခဲ့တဲ့ ဇာတ်ညွှန်းရေးခဲ့တဲ့ ၂ယောက်ဖြစ်တဲ့ Felix Chongနဲ့ Alan Mak တို့ ပူးတွဲ ရိုက်ထားတဲ့ကားပါ။ Infernal Affairsလိုပဲ ၃ကားထွက်ရှိထားပြီး ဟောင်ကောင်မှုခင်းကားကောင်း စာရင်းဝင်ကားဆိုလည်း မမှားပါဘူး။မင်းသားတွေ ဇာတ်ပို့တွေကတော့ တကယ့်နာမည်ကြီးတွေချည်းပါပဲ။ The Mitchells vs. the Machines ကို ဆိုနီနဲ့ပူးတွဲထုတ်ခဲ့တဲ့ One Cool Group Limited ရဲ့ဖောင်ဒါ 1994က ရုပ်ရှင်စရိုက်ခဲ့ပြီး ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးမင်းသားတွေထဲ အပါအဝင်ဖြစ်သလို Johnnie Toလို ဆရာကြီးရဲ့ လက်စွဲတော်ဖြစ်ခဲ့တဲ့ တလောကတင်နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်သိပ္ပံကား Warriors of Futureရဲ့မင်းသား Louis Koo , ဂျက်ကီချမ်းရဲ့ New Police Story နဲ့ လူသိများတယ်ပြောလို့ရတဲ့ ...
movie

Overheard (2009)

Warcraft: The Beginning (2016) 6.8
Warcraft: The Beginning (2016) Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie

Warcraft: The Beginning (2016)

2016
4K HEVC
The Twins Effect II (Vampire Effect 2) (2004) 5.5
The Twins Effect II (Vampire Effect 2) (2004)   Twin Effect 2 မှာ​တော့ 1က သရုပ်​ဆောင်​တွေပဲ ပြန်ပါလာ​ပေမယ့် ဇာတ်​ကြောင်းလုံးဝကွဲပြားသလို သရုပ်​ဆောင်အသစ်​တွေ အများကြီးပါဝင်လာပါတယ်။ 1တုန်းက ပါခဲ့တဲ့ Jackie Chanအပြင် ဒီကားမှာ Ip Man အဖြစ်လူသိများတဲ့ Donnie Yenပါ ဧည့်သည်အဖြစ် ပါဝင်လာတာပဲ ဖြစ်ပါတယ်။ဇာတ်​ကြောင်းက​တော့ ​​ယောကျ်ား​တွေကို စိတ်နာ​နေတဲ့ အ​မေဇုန်ပြည်ဘုရင်မကြီးဟာ အာဏာ​ရော ​မှော်အစွမ်း​တွေပါ သုံးပြီး တိုင်းပြည်ကိုထိန်းချုပ်ထားတာပါ။ ​ ယောကျ်ား​တွေလို ​​ငွေဝယ်ကျွန်လို​ ​ရောင်းဝယ်​ဖောက်ကားကြပြီး မိန်းမ​တွေက ပြားပြားဝပ် ဖိနှိပ်ထားတဲ့ တိုင်းပြည် တစ်ခု​ပေါ့။ ဒီလိုမျိုးအစွန်း​ရောက်​နေတဲ့ ဘုရင်မကြီးကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်း​​သော နည်းက​တော့ ကြယ်တာရာ သူရဲ​ကောင်းတစ်​ဦးက Excaliburဓါးနဲ့အတူ ဘုရင်မကြီးကို သတ်ပစ်ရမှာပါ။သူ့ကို​ ချေမှုန်းနိုင်မယ့်သူရှိတာ သိ​နေတဲ့ဘုရင်မက တိုင်းပြည်ထဲက ​​​ယောကျ်ားမှန်သမျှ လိုက်ဖမ်းပြီး သူရဲ​ကောင်းအ​လောင်းအလျာကို ရှာ​ဖွေ​နေခဲ့တာပါ။ ဒါ​​ပေမဲ့ အ​ကြောင်းအမျိုးမျိုး​ကြောင့် အထက်ပါ သူရဲ​​ကောင်းက လွတ်​မြောက်​နေပြီး ​​နောက်ဆုံးမှာ မိစ္ဆာဘုရင်မကြီးနဲ့ ထိပ်တိုက်​တွေ့ဆုံပါ​တော့တယ်။ ထိုသူရဲ​ကောင်းက ...
movie

The Twins Effect II (Vampire Effect 2) (2004)

Don’t Go Breaking My Heart 2 (2014) 5.6
Don’t Go Breaking My Heart 2 (2014) Don't Go Breaking My Heart 2 (2014) ==========================IMDb Rating - 5.6/102011 ခုနှစ်ကထွက်ရှိထားတဲ့ Don’t go breaking my heart ကားလေးကတော့ သုံးနှစ်တာစောင့်ဆိုင်းမှုအပြီးမှာ ဒုတိယအတွဲအနေနဲ့ထွက်လာပြီး ပရိသတ်ရင်ကို ဆွဲကိုင်လှုပ်ခဲ့ပြန်ပါတယ်။ အရင်အပိုင်းကို မကြည့်ရသေးရင်တော့ အရင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲ့ဒါမှာ အားရပါးရလောင်ရပြီး၊ အားရပါးရကြည်နူးရမှာဗျ။(** အပိုင်း(၁) မကြည့်ရသေးရင် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ **)အပိုင်း(၁) >>> Click Hereဒုတိယအပိုင်းမှာတော့ ခြေငြိမ်ဖို့ဟန်ပြင်ခဲ့တဲ့ ကျန်းရှန်ရန်တစ်ယောက် ယန်ယန်ရန်ဆိုတဲ့ မမကြီးနဲ့ချစ်သွားကြပါပြီ။ ဒါပေမဲ့ “အချစ်ဦးကို သေခါမှမေ့”ဆိုတဲ့အတိုင်း အတိတ်က ချန်ကျီရှင်းကိုသတိရတိုင်း အတူတူနေခဲ့တဲ့အိမ်လေးဆီသွားပြီး လွမ်းနေတုန်းပါပဲ။ ကမ္ဘာကြီးကဘယ်လောက်တောင်ကျဉ်းလဲဆိုတော့ ချန်ကျီရှင်းရဲ့အလုပ်ရှင်သစ်က ယန်ယန်ရန်ဖြစ်နေပြီး သူ့အစ်ကိုပေါလ်ကလည်း ယန်ယန်ရန်ကိုတစ်ဖက်သတ်သဘော ကျနေသူပါ၊အချစ်တွေများလွန်းတဲ့ ကျန်းရှန်ရန်တစ်ယောက် အချစ်ဦးချန်ကျီရှင်းနဲ့ပြန်တွေ့ရပြီး လက်ထပ်မယ်လို့ရည်ရွယ်ထားတဲ့ ယန်ယန်ရန်ကိုလည်း တစ်ခြားသူကလာကြိုက်နေတော့ ဘယ်သူ့ကိုရွေးမှာလဲ? ဘယ်သူ့ကိုချစ်ရမလဲ? အချစ်စစ်ဆိုတာရော တကယ်ရောရှိရဲ့လား? စတဲ့မေးခွန်းတွေအတွက်အဖြေကို အလွဲလေးတွေ၊ ဟာသလေးတွေ၊ ရိုမန့်စ်လေးတွေနဲ့ ရိုက်ပြထားတာမို့ ဒီကားလေးလည်း ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Jo Jo ...
movie

Don’t Go Breaking My Heart 2 (2014)

2014
Don’t Go Breaking My Heart (2011) 6.5
Don’t Go Breaking My Heart (2011) Don't Go Breaking My Heart (2011) =========================IMDb Rating - 6.5/102011 ခုနှစ်မှာထွက်ရှိခဲ့ပြီး 2011 Best Asian Award ရရှိထားပြီး Louis Koo၊ Gao Yuan Yuan နဲ့ Danial Wu စတဲ့နာမည်ကြီးတွေ အတွဲညီညီရိုက်ကူးထားတဲ့ အချစ်ဒရာမာကားလေး လာပါပြီ။♥ ကိုယ်တို့သုံးယောက်ဆက်ဆံရေးမှာ အဆုံးသတ်တော့ရှိရမှာပဲ။ တစ်ခုခုတော့ ရွေးချယ်ရမှာပဲဆိုတဲ့ အချစ်ကိုယုံကြည်ပြီး စောင့်ဆိုင်းနေတဲ့အချစ်ကြီးသူ ဖန်းချီဟုန်း ။♥ ယောက်ျားလေးဆယ်ယောက်မှာ ကိုးယောက်ကခြေရှုပ်ကြတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေရှုပ်ဖို့ကြိုးစားနေကြတယ်ဆိုပြီး ဆင်ခြေအမြဲပြတတ်တဲ့ စော်ကြည်ဘဲ ကျန်းချန်ရန် ။♥ ကျွန်မ သူ့ကိုအရမ်းချစ်တယ်။ ဒါပေမဲ့ အခုတော့ရှင့်ကိုချစ်မိသွားပြီဆိုပြီးတော့ ခံစားချက်ခြယ်လှယ်ရာကို မျက်စိစုံမှတ်ပြီး နှစ်မြောနေတတ်တဲ့ ချန်ကျီရှင်း ။သူတို့သုံးယောက်ရဲ့ကံကြမ္မာကလည်း အချစ်ဆိုတဲ့ဝင်္ကပါထဲ တစ်ဝဲလည်လည်ပါပဲ။ ကြည့်နေရင်းနဲ့ကြည်နူးရမယ်။ တစ်ခါတစ်လေ အားမလိုအားမရဖြစ်လာမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းရှိသူဆိုရင်တော့ ချက်ချင်းဒေါင်းပြီးကြည့်လိုက်ပါတော့။ လုံးဝလက်မလွတ်သင့်တဲ့ကားကောင်းလေးတစ်ကားလို့ ညွှန်းဆိုချင်ပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်သုံးယောက် ဘယ်လောက်တောင်ဓါတုဗေဒမိလဲဆိုရင် အတွဲ(၂) ဆက်ရိုက်ဖို့ တောင်းဆိုကြတဲ့အထိပဲဆိုတော့ မြန်မြန်လေးခံစားကြည့်လိုက်ပါဦးဗျာ....(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie

Don’t Go Breaking My Heart (2011)

2011
Jump (2009) 5.5
Jump (2009) ကွန်ဖူးဟာသတွေနဲ့ လောကကြီးရဲ့ စောင်တလွဲတွေကိုဟားတိုက်တတ်တဲ့ ဆရာကြီး စတီဖင်ချောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားဖန်တီးထားတဲ့ Kunhfu Dance ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။  မင်းသမီးချော Zhang Yuqi နဲ့ မင်းသားချော Daniel Wu တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...တောမှာမွေးပြီး ဖခင်ဖြစ်သူရဲ့သိုင်းပညာတွေသင်ယူရင်း ကြီးပြင်းလာတဲ့ ချိုင်ဖုန့်ရဲ့ တကယ့်ဝါဿနာ အစစ်အမှန်က က တာပါ။မြို့ပြကိုတစ်ခါမှမရောက်ဖူးတဲ့ ချိုင်ဖုန့်တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတစ်ချို့နဲ့ မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရလာတဲ့အခါ...သူ့ရဲ့ဝါဿနာ အစစ်အမှန်ကို ဖော်ထုတ်ဖို့အခွင့်အရေးကို ဘယ်လိုရှာဖွေမှာလဲ။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်နိုင်မှာလားဆိုတာ...။ဒီရုပ်ရှင်က ဟာသ/အကတွေကိုမှ အတုယူစရာ အားတက်စရာတွေပညာပေးလေးတွေနဲ့ မွမ်းမံပြီးပေါ့ပေါ့ပါးပါးရိုက်ပြထားတာတဲ့အပြင် မမZhang ရဲ့ အလှအပတွေကို တစ်ဝကြီးခံစားရဦးမှာမို့ စိတ်ဓါတ်ကျနေချိန်မှာ ကြည့်ဖို့တန်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို SST မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB)/(900 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:27:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST
movie

Jump (2009)

Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
The Banquet (2006) 6.4
The Banquet (2006) မင်းသမီးကျန်းကျိရိပါဝင်ထားတဲ့ ခမ်းနားတဲ့အချစ်ဇာတ်ကားလေးပါပဲ...အချစ်ဇာတ်ကားဆိုပေမယ့် သိုင်းကစားပြီး Crouching Tiger, Hidden Dragon လို ဇာတ်လမ်းကိုပုံဖော်ထားပါတယ်...ရိုက်ကူးထားတဲ့ပုံစံတွေ သိပ်ကိုခမ်းနားပါတယ်..ကြည့်ကြည့်ပါ။မင်းသား Daniel Wu တို့ မင်းသမီး Xun Zhou တို့လဲ ပါပါသေးတယ်..အချိန်ကတော့ တရုတ်ပြည်ဖရိုဖရဲဖြစ်နေတဲ့ "မင်းဆက်ငါးဆက်..နိုင်ငံဆယ်နိုင်ငံ" ၉ ရာစုခေတ်ကာလကိုအခြေခံထားပါတယ်..နိုင်ငံငယ်တွေ ရောထွေးနေတဲ့အပြင် ဘုရင် မှူးမတ်တွေ အချင်းချင်းပြန်သတ်ကြပြီး အာဏာလုနေကြတာနဲ့တစ်နိုင်ငံလုံး သွေးချောင်းစီးနေချိန်ပေါ့...ဒီအချိန်မှာ ဘုရင်ကို ညီတော်မောင်ကသတ်ပြီး ဘုရင်ထလုပ်ရော...ပြီးတော့ သေသွားတဲ့ဘုရင်ရဲ့မိဖုရားခေါင်ကြီး ဝမ်ကို ထပ်ယူဖို့ကြံပြန်ရော..ဖြစ်ချင်တော့ မိဘုရားခေါင်ကြီးဝမ်ကလဲ သေသွားတဲ့ဘုရင်ကိုယူသာယူထားတာ...သူနဲ့ချစ်ကြိုက်နေတာက ဘုရင့်သား အိမ်ရှေ့မင်းသား...ဒီတော့ မိဖုရားခေါင်ကြီးနဲ့ အိမ်ရှေ့မင်းသားနဲ့ ခုမှ ဘုရင်ထလုပ်တဲ့ဦးရီးတော်တို့ကြား ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ...။အချစ်နဲ့စစ်ဆိုတာ နှစ်ခုလုံးကြေကွဲစရာချည်းပါပဲ။ File size…(2.2 GB)/ (1.1 GB) / (500 MB) Quality…BluRay 1080p /720p/480p Format…mp4 Duration….02:11:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Omi
movie

The Banquet (2006)

Reminiscence (2021) 7.1
Reminiscence (2021) IMDb Rating (7/10)Nick Bannister (Hugh Jackman) ကစစ်ပြန်တစ်ယောက်၊ သူ့လက်ထောက် Watts (Thandie Newton) နဲ့ အလုပ်စပ်တူလုပ်ကြတယ်.. သူတို့လုပ်တဲ့အလုပ်ကတော့ စိတ်ဝင်စားစရာပါ... အတိတ်ကိုပြန်တမ်းတလွမ်းဆွတ်နေတဲ့ လူတွေကို စက်ကိရိယာတွေဆေးဝါးတွေ အကူအညီနဲ့ သူတို့တမ်းတနေတဲ့အတိတ်ဆီကို တစ်ဖန်ပြန်ပြီးခေါ်ယူသွားပေးနိုင်တဲ့ Reminiscence လို့ ခေါ်တဲ့ ပရိုဂရမ်တစ်ခုကိုလုပ်ကြတာပါပဲအတိတ်လောက်စွဲလန်းစေတဲ့အရာ ဘယ်အရာမှမရှိဘူးမဟုတ်လား? လူတွေဟာ သူတို့ချစ်ရတဲ့သူတွေနဲ့ နောက်တစ်ကြိမ်တွေ့ခွင့်ရချင်ကြတယ်၊ ဘဝရဲ့အဓိပ္ပါယ်အရှိဆုံးအချိန်လေးတွေမှာ ပြန်လည်နေထိုင်ချင်ကြတယ်မဟုတ်လား?ဒီလိုနဲ့ ရည်ရွယ်ချက်ကြီးမားတဲ့ သူတို့လုပ်ငန်းဆီကို Mae (Rebecca Ferguson) ဆိုတဲ့မိန်းမလှလေးတစ်ယောက် ရောက်လာပါတယ်.. သူ့ပြသနာကတော့ အိမ်ခန်းသော့ပျောက်နေလို့ပါတဲ့ ပြီးခဲ့တဲ့မနက်က သူ့အတိတ်ဆီပြန်ခေါ်သွားပေးဖို့တောင်းဆိုလာပါတယ်.. Watts ကသဘောမတူချင်ပေမယ့် အဲ့ဒီမိန်းကလေးကိုမြင်မြင်ချင်းစွဲလန်းသွားမိတဲ့ Nick ကတော့ချက်ချင်းသဘောတူပြီး ကောင်မလေးကိုလိုက်လျောရာကနေ သူတို့နှစ်ဦးဇာတ်လမ်းဖြစ်သွားပါတော့တယ်။ဒါပေမယ့် တစ်နေ့မှာတော့ ဆူးညှောင့်ခလုတ်မရှိသာယာနေတဲ့ သူတို့ဇာတ်လမ်းလေးကနေ Mae တစ်ယောက်ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ အတိတ်တွေဟာ အမြဲမလှပနိုင်ဘူးလေ... တစ်ခါငိုရရင် တစ်ခါမကပြုံးခဲ့ဖူးတာလဲ မင်းမမေ့နဲ့ဦးဆိုတဲ့ သီချင်းလိုပဲပေါ့.. ဘဝတွေက ဆင်းရဲရင် ပိုနက်နဲရှုပ်ထွေးတတ်တာပဲ...ကဲ...ဒီတော့ Mae တစ်ယောက် ဘာကြောင့်ပျောက်သွားတာလဲ... သူ့ရဲ့အတိတ်တွေကရော ဘာတွေဖြစ်နေမလဲ... အတိတ်ကိုတူးဖော်မယ့် Reminiscence နဲ့အတူ လိုက်ပါစီးမျောကြည့်ကြပါစို့။  File size…(2 GB) / (1.1 GB) ...
movie

Reminiscence (2021)