Channel Myanmar

Daniel Louis Rivas

Cash Out (2024) 5.5
Cash Out (2024)  မင်းသားကြီး John Travoltaရဲ့ ဘဏ်ဖောက်ကားတစ်ကားကိုထပ်မံရှုစားရဦးမှာဖြစ်ပါတယ်....။ဒီဇာတ်ကားမှာတော့ မေဆန်(John Travolta)ဟာနိုင်ငံတကာကအလိုရှိတဲ့နာမည်ကျော်သူခိုးဖြစ်ပြီးခိုးဖို့အစီအစဥ်ချရာမှာ ကျွမ်းကျင်သူပါ...။ဒီတစ်ခါလည်း ဘဏ်တိုက်ထဲကနေ crypto walletတစ်ခုကိုခိုးယူဖောက်ထွင်းဖို့ကြံစည်ပါတယ်...။သူတို့မသိလိုက်တာ ဒီဖောက်ထွင်းမှုဟာ FBIဖက်ကထောက်ချောက်ဆင်ထားတာဖြစ်ပြီး သူတို့ဖောက်ထွင်းမယ့်ပစ္စည်းကလည်း ဟန်ပြသက်သက်ဖြစ်နေတဲ့အခါ....။ဘဏ်ထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူခိုးအုပ်စုတစ်စုဟာရဲတွေလက်ကလွတ်အောင် ဘယ်လိုအကွက်ချပြီးလွတ်မြောက်လာမလဲဆိုတာကို ရှုစားရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်...။  File size…2.23GB /679MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Cash Out (2024)

High Rollers (2025) 5.5
High Rollers (2025)  ဒီဇာတ်ကားကတော့ ၂၀၂၅ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ဒါရိုက်တာ RandallEmmett က ရိုက်ကူးထားပါတယ်။၂၀၂၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Cash Out ဇာတ်ကားရဲ့ sequelဖြစ်ပြီးတော့ မင်းသားကြီး John Travolta က Mason ဇာတ်ကောင်နေရာကနေ ဆက်လက်ပါဝင်သရုပ်ဆောင်ထားပါတယ်။အရှေ့ကဇာတ်ကားထဲမှာ ဘဏ်ဓားပြတိုက်မှုကနေ Mason နဲ့သူ့အဖွဲ့ဟာ ပြန်လွတ်လာပြီးနောက် အငြိမ်းစားယူလိုက်ပါတော့တယ်။ဒီဇာတ်ကားမှာတော့ Mason ရဲ့ချစ်သူကို သူ့ရန်သူတော်ကြီးSalazar က ပြန်ပေးဆွဲသွားပြီးတော့ မဖြစ်နိုင်တဲ့ ကာစီနိုဓားပြတိုက်မှုကို အတင်းအကျပ်လုပ်ခိုင်းပါတယ်။ဒီလိုနဲ့ Mason လည်း အငြိမ်းစားယူထားရာကနေ ဒုစရိုက်လောကထဲပြန်ရောက်လာပြီးတော့ သူ့အဖွဲ့နဲ့အတူ ချစ်သူကိုပြန်ကယ်တင်ဖို့အတွက် ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။အရှေ့ကဇာတ်ကားတုန်းကသရုပ်ဆောင်တွေဖြစ်တဲ့ Gina Gershon,Lukas Haas, Quavo, Natali Yura, Noel Gugliemi တို့ကပဲဒီဇာတ်ကားထဲမှာ ဆက်လက်ပါဝင်ပေးထားကြပါတယ်။ကြည့်လို့ကောင်းတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဖြစ်တာကြောင့်အက်ရှင်ချစ်ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်ပါတယ်။  File size… (1.52 GB) / (863 MB) Quality… WEB-DL ...
movie

High Rollers (2025)

Never Been Kissed (1999) 6
Never Been Kissed (1999) Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်‌နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie

Never Been Kissed (1999)

1999
Cherry(2010) 6.7
Cherry(2010) Cherry (2010)=============IMDb 6.7 / Rotten Tomatoes 64%စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦးဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ AmericanComedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်းလို့တော့ မထင်လိုက်ပါနဲ့ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန်တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကိုယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါလက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာတစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီသင်တန်းကို သွားတက်ပါတော့တယ်သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအားမြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါတော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ်သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာအယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ်တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကိုတစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက်သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာဗျာများရင်း...ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ...စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့်Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy ...
movie

Cherry(2010)