Channel Myanmar

Daniel Fearn

Marching Powder (2025) 5.5
Marching Powder (2025)  ဟာသအချစ်ကား‌ကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ ဗြိတိသျှဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Marching Powderဖြစ်ပြီး လက်ရှိ IMDb Rating 5.5 အထိရရှိထားပါတယ်။ရိုင်းစိုင်းတဲ့စကားလုံးတွေကို ပျစ်ပျစ်နှစ်နှစ် ရှယ်သုံးထားပြီးမူးယစ်ဆေးသုံးတဲ့အခန်းတွေကိုလည်း မှိုလိုပေါက်အောင်ရိုက်ကူးထားတဲ့အတွက် ကလေးသူငယ်တွေကြည့်ဖို့အတွက်တော့ မသင့်တော်ပါဘူး။ဒါပေမယ့် ဒီလိုအပေါ်ယံ ဆိုးသွမ်းမှုတွေကိုဖယ်ပြီး နှလုံးသားနဲ့ရှုစားလိုက်မယ်ဆိုရင်တော့ကြည်နူးစရာကောင်းတဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက်အသစ်အဆန်းတွေမြည်းစမ်းချင်သူတွေကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ယနေ့‌ခေတ်အိမ်ထောင်ဦးစီးအမျိုးသားတွေကိုကြည့်လိုက်မယ်ဆိုရင် လူပျိုလူလွတ်ဘ၀တုန်းက ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့ သားနဲ့မယားနဲ့ဖြစ်လာပြီဆိုရင်ပြောင်းလဲပြီးလိမ္မာတဲ့အားကိုးရတဲ့ခင်ပွန်းကောင်း ဖခင်ကောင်းတွေဖြစ်သွားတတ်ကြတာများပါတယ်။ဒါပေမယ့်လည်း အရင်တုန်းကဆိုးခဲ့ပြီး သားနဲ့မယားနဲ့ဖြစ်လာမှပိုဆိုးလာတယ်ဆိုတဲ့ ယောက်ျားတွေကလည်းရှိနေပါသေးတယ်။အဲ့ဒီထဲမှာ ဒီကားရဲ့မင်းသားဖြစ်တဲ့ဂျက်ခ်ဆိုတဲ့လူလည်းထိပ်ဆုံးကပါဝင်နေပါတယ်။သူက မွေးကတည်းက ကိုကိန်းဆိုတဲ့စကားကိုစပြောလာခဲ့ပြီး ကြီးပြင်းလာခဲ့တဲ့တစ်လျှောက်မှာလည်းလက်ဖျားခါလောက်အောင်ဆိုးသွမ်းတဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်။အခုဒန်နီဆိုတဲ့မိန်းမနဲ့ ဂျေဂျေဆိုတဲ့သားလေးရထားတာတောင် သူ့မှာနဂိုဗီဇကမပျောက်ဘဲဆေးချလိုက် ရန်ဖြစ်လိုက်နဲ့ဖြတ်သန်းနေတဲ့အခါမှာတော့မလွှဲသာမရှောင်သာ တရားရုံးနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။အဲ့ဒီအခါမှာတော့ သူ့မိန်းမနဲ့ကလေးကို ဆုံးရှုံးရမဲ့အပြင် ထောင်ကျဖို့ပါနီးလာတဲ့အခါမှာတော့ သူ့ဘ၀တစ်လျှောက်လုံးဆိုးလာခဲ့သမျှတွေကိုပြုပြင်ပြီး လူသစ်တစ်ယောက်အဖြစ်နဲ့ဘ၀ကိုရှေ့ဆက်သွားနိုင်ပါ့မလားဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.07 GB) / (678 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre …..Acion , Comedy , ...
movie

Marching Powder (2025)

The Death of Stalin (2017) 7.3
The Death of Stalin (2017) The Death of Stalin (2017)***************************IMDb....7.3,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်... လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ.. သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်.... ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်...ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆု ရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်...ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကို ရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : 2.18GB/ 840MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Death of Stalin (2017)

The Personal History of David Copperfield (2019) 6.3
The Personal History of David Copperfield (2019) The Personal History of David Copperfield (2019)====================================IMDb Rating - 6.3/10Rotten Tomatoes – 94 %#Unicodeဒီဇာတ်ကားက အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရဲ့ ဂန္ဓာဝင်ဝတ္ထုတွေထဲကတစ်ခုကိုရုပ်ရှင်ဇာတ်လမ်းဖန်တီးထားတာဖြစ်ပါတယ်။ ဒေးဗစ်ကိုပါဖီး တစ်ယောက် ဟာ ငယ်စဉ်က ဆွေကြီးမျိုးကြီးထဲက ဆင်းသက်လာရပြီး အပူအပင်မရှိဖြတ်သန်းလာခဲ့ရတာပါ ။ မွေးကတည်းက အဖေဆိုတာကို နာမည်သာကြားခဲ့ဖူးပေမယ့် တွေ့ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် သူရဲ့ မိခင် ကလာရာကိုပါဖီးကကြွယ်ဝချမ်းသာတဲ့ မျိုးဆက်ဖြစ်တဲ့အတွက်လိုလေသေးမရှိ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့သာယာပျော်ရွှင်နေတဲ့ ဒေးဗစ်တို့ဘဝကို မုန်တိုင်းတစ်ခုကျရောက်ပါတော့တယ် ။ ဒေးဗစ်ရဲ့အမေဟာအသက်ငယ်ရွယ်တဲ့သေးတဲ့အပြင် ရုပ်ရည်ပါလှပတဲ့အတွက် နောက်အိမ်ထောင်ပြုဖို့ကမခက်ခဲခဲ့ပါဘူး။ဒါပေမယ့် ဒေးဗစ်ရဲ့အမေ ရွေးချယ်လိုက်တဲ့သူက ဒေးဗစ်အတွက် ကံကကြမ္မာဆိုးသဖွယ်ပါပဲ။ အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ကိုအပြည့်အဝအသုံးချကာ ဒေးဗစ်အပေါ်ရက်စက်ပါတော့တယ်။ အဲ့ဒါအပြင် အသက်ငယ်ငယ်လေးပဲရှိသေးတဲ့ဒေးဗစ်ကို လန်ဒန်ကိုတစ်ယောက်တည်း ပို့လိုက်ပါတော့တယ် ။ ငယ်ရွယ်လွန်းတဲ့ဒေးဗစ်ဟာ ဆင်းရဲဒုက္ခတွေကို တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ...
movie

The Personal History of David Copperfield (2019)

2020