Channel Myanmar

Daniel Cerqueira

Saving Private Ryan (1998) 8.6
Saving Private Ryan (1998) Saving Private Ryan (1998) IMDb Rating (8.6) / Rotten Tomatoes (94%) အကောင်းဆုံးစစ်ကားတွေအကြောင်းပြောကြရင် Saving Private Ryan က ထိပ်ဆုံးကပါလာတတ်ပါတယ်။နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Tom Hanks , Matt Damon , Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားပြီးသရုပ်ဆောင်ချက်၊ ဇာတ်လမ်းပိုင်းတွေမှာ ပြောစရာမရှိကောင်းမွန်လှသလို ဒါရိုက်တာကလည်း နာမည်ကြီး Steven Spielberg ဖြစ်လို့ ပိုလို့တောက်ပြောင်ပါတယ်။အော်စကာဆု ၅ခုကို ဆွတ်ခူးနိူင်ခဲ့သလို တစ်ခြားဆုပေါင်း ၇၀ကျော်ကိုလဲ ရယူနိူင်ခဲ့ပါတယ်။IMDBမှာလဲ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ကာလက တကယ့်အဖြစ်အပျက်တချို့ကို ဇာတ်အိမ်တည်လို့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ရဲ့အလှည့်အပြောင်းဖြစ်တဲ့ Normandy ကမ်းခြေ တိုက်ပွဲနဲ့ အစပြုထားပြီးNormandy ကမ်းခြေကို အမေရိကန်တို့ရဲ့ မဟာမိတ်တပ်တွေ ဝင်သိမ်းတဲ့ ရိုက်ကွက်ကိုလည်း ပီပီပြင်ပြင် ရှုစားရမှာဖြစ်တယ်။ဒီကားအကြောင်းတော်တော်များများကြားဖူး သိဖူးနေလို့ထွေထွေထူးတော့မညွှန်းတော့ပါဘူး။တကယ့် ဂန္တဝင်ကားမို့ အရည်အသွေးကောင်းကောင်းလေးနဲ့ ...
movie

Saving Private Ryan (1998)

1998
4K HEVC
The Woman in Black (2012) 6.4
The Woman in Black (2012) The Woman in Black (2012)IMDb Rating (6.4) / Rotten Tomatoes (66 %)ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင်ပါဝင်ထားတဲ့ ဂေါ့သစ်ဟော်ရာဇာတ်ကားပါ။ဇာတ်လမ်းကတော့... အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့ဇနီးသည်ကိုမီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာ ဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ဖြစ်လာခဲ့ပါတယ်။ အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့တွေ့ရသလို၊ သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ချက်ချင်းပြန်ဖို့ပြောပါတယ်။ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ဖြစ်လာပါတော့တယ်။ အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်။ အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီး ဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်၀တ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ ...
movie

The Woman in Black (2012)

Sixty Six (2006) 6.7
Sixty Six (2006)  ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Sixty Six (2006)

Judy (2019) 7.2
Judy (2019) တစ်ခေတ်တစ်ခါက အကြွေစောခဲ့တဲ့ Legendary Star တစ်ယောက်ဖြစ်တဲ့Somewhere Over The Rainbow သီချင်းရဲ့ပိုင်ရှင်ဂျူဒီဂါလန်အကြောင်းကိုရိုက်ကူးထားတာပါဂရန်းရပ်ပစ်မင်နီဆိုတာက ဖရန်စစ်ဂမ်းစ်ကိုခေါ်တဲ့ကလေးမလေးတစ်ယောက်...အနုပညာပိုးပါလွန်းလို့ အသက် ၂နှစ်အရွယ်တည်းက စင်ပေါ်တက်သီချင်းဆိုခဲ့သူ... သူ့အနုပညာနာမည်ကို ဂျူဒီဂါလန်ရယ်လို့သူကိုယ်တိုင်းရွေးချယ်ခဲ့သူ...သူ့အသက် ၁၃နှစ်အရွယ်ကိုရောက်ချိန်မှာတော့Louis B. Mayor ကုမ္ပဏီကရိုက်ကူးတဲ့ Wizard of the Oz ဇာတ်လမ်းတွဲထဲမှာအဓိကဇာတ်ကောင် ဒေါ်ရသီအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်...ရုပ်ရည်ချောမောလှပသလို အဆိုပါရမီပြည့်ဝတဲ့ သူမဘဝလေးဟာပန်းခင်းလမ်းပဲလို့ထင်မှတ်စရာရှိပေမယ့်တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ရှာပါဘူး...တွန်းအားအရမ်းပေးလွန်းတဲ့ မိခင်ရယ်နေ့လည်စာစားချိန်တောင်မပေးပဲအတင်းအဓမ္မအနိုင်ကျင့်ခိုင်းစေတဲ့ကုမ္ပဏီကြောင့် ဂျူဒီဟာ ဘဝကိုပင်ပန်းခက်ခဲစွာနေထိုင်နေရရှာရုံသာမက ဆေးစွဲတဲ့အဆင့်ထိရောက်သွားပါတော့တယ်...ဒီလိုသနားစရာဂျူဒီလေး အရွယ်ရောက်သွားတဲ့အခါကြုံတွေခဲ့ရတဲ့ ဘဝဇာတ်စုံကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်....သက်လတ်ပိုင်းဂျူဒီဂါလန်အဖြစ် Rene Zellweger ကပါဝင်သရုပ်ဆောင်ထားပေးပါတယ်IMDB 7.2/10 ရရှိထားပြီး ကြည့်သင့်တဲ့ဇာတ်ကားကောင်းလို့ ညွှန်းပေးလိုက်ပါရစေ File Size ...
movie

Judy (2019)

2019