Channel Myanmar

Dane Rhodes

The Final Destination 4 (2009) 5.1
The Final Destination 4 (2009) The Final Destination 4 (2009) ****************************** IMDb.....5.1  Horror ကားကြိုက်နှစ်သက်သူတို့အဖို့  ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ....ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့အနည်းငယ်ရိုးအီလာသလိုပါပဲ....... Final Destination လို horror မျိုးကျတော့လည်း တကယ့်ကိုသွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး...  မင်း horrorဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယခုလည်း New Line Cinema ကFinal Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ ...
movie

The Final Destination 4 (2009)

4K HEVC
Django Unchained (2012) 8.4
Django Unchained (2012) Django Unchained (2012)IMDb Rating (8.5) / Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ...
movie

Django Unchained (2012)

2012
4K HEVC
Happy Death Day (2017) 6.6
Happy Death Day (2017) Happy Death Day (2017)IMDb Rating (6.6) / Rotten Tomatoes (71%)Thiller ဇာတ်ကားကောင်းလေးကြည့်ချင်သူများအတွက် ဒီကားကတော့ လုံးဝအမိုက်စားပါပဲ။ Before I Fall ဇာတ်ကားလေးနဲ့ပုံစံတူပါတယ်။ ဒီကားလေးမှာကတော့ပိုပြီးစိတ်လှုပ်ရှားစရာကောင်းပြီး Mystery ဆန်တဲ့ပုံစံကိုတွေ့ရမှာပါ။ လူ့ရုပ်သကန်ကိုသေချာပြဆိုနိုင်တဲ့ဇာတ်ကားမျိုးတွေပါ။ လူဆိုတာမျိုးကဘာမှမဖြစ်ခင်မှာတော့ဘာမှမဖြစ်သလိုပေါ့ပေါ့နဲ့ကိုယ့်ယူဆချက်နဲ့ကိုယ်နေထိုင်ကြပေမယ့် တကယ်တမ်းအကျဉ်းကျပ်ထဲရောက်ချိန်မှာတော့ပြောင်းလဲလာတတ်ကြတာပါပဲ။ဇာတ်လမ်းလေးကတော့... ထရီဇာဆိုတဲ့ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာတနင်္လာနေ့တစ်မနက်မှာ ကာတာဆိုတဲ့ကျောင်းသားအဆောင်လေးထဲမှာနိုးထလာခဲ့ပါတယ်။ ညဖက်ပါတီမှာအသေသောင်းကျန်းပြီးယောကျာ်လေးတစ်ယောက်ရဲ့အခန်းမှာရောက် မနက်အိပ်ရာနိုးရတယ်ဆိုတာကိုကြည့်ခြင်းအားဖြင့်ထရီဇာရဲ့ဇာတ်ကောင်သဘာဝကိုသိနိုင်ပါတယ်။ ခေတ်ဆန်ဆန်ပိုက်ဆံရှိမိဘအသိုင်းအဝိုင်းကလာပြီးကိုယ်စိတ်ထင်သလိုလုပ်နေတဲ့ကျောင်းသူလေးတစ်ယောက်ပါပဲ။ဒီနေရာမှာဇာတ်ကားကိုစိတ်ဝင်စားစေတာကတော့အဲဒီနေ့ဟာသူ့မွေးနေ့ဖြစ်နေပါတယ်။ မနက်နိုးလာကတည်းကညအထိပုံမှန်လိုပဲဖြတ်သန်းလာခဲ့ပေမယ့် ညနက်ပိုင်းပါတီကိုသွားတဲ့လမ်းရောက်တဲ့အချိန်မှာပဲသူ့ဘဝစကြမ်းပြီလို့ပြောရမှာပါပဲ။ ညဖက်ပါတီကိုသွားရင်လမ်းမှာလူတစ်ယောက်ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရတာပါ။ဇာတ်လမ်းကအဲဒီမှစတာပါ။ သူအသတ်ခံလိုက်ရပြီးရုတ်တရတ်ပြန်နိုးလာပါတယ်။ နိုးလာတဲ့နေရာကလည်းမနက်ကသူနိုးလာတဲ့အခန်းသူနိုးလာတဲ့ပုံစံအတိုင်းသူ့မွေးနေ့မှာပဲသူပြန်နိုးလာခဲ့တာပါ။အိပ်မက်လိုလိုဘာလိုလိုနဲ့ဦးနှောက်ခြောက်နေရင်းထရီဇာတစ်ယောက် အဲဒီညမှာလူသတ်သမားလက်ချက်နဲ့နောက်တစ်ခါအသတ်ခံလိုရပြီးတဲ့အခါမှာတော့ သူပြန်လည်နိုးထလာချိန်မှာ Happy Birthday မဟုတ်ပဲ Happy Death Dayဖြစ်နေပြီး ရက်တစ်ရက်ထဲမှာပဲပိတ်မိနေတော့တာပါပဲ။ထရီဇာတစ်ယောက် အဲဒီတစ်ရက်တည်းမှာပဲအဖန်တလဲလဲနိုးထလာလိုက်သေဆုံးလိုက်နဲ့သံသရာလည်နေရင်း လူတွေအကြောင်း၊သူ့အကြောင်းကိုသူပိုသိလာပါတော့တယ်။ သူ့ပတ်ဝန်းကျင်ကလူတွေအကြောင်းပိုသိလာတယ်။ ဟန်ဆောင်မှုတွေကြားကလူတွေရဲ့မျက်နှာဖုံးတွေကိုလည်းမြင်လာပါတယ်။ တဖြေးဖြေးနဲ့စိတ်ညစ်လာတဲ့ထရီဇာတစ်ယောက်၊ ဘဝမှာသူ့စိတ်တိုင်းကျလုပ်ချင်ရာလုပ်ခဲ့တဲ့ထရီဇာတစ်ယောက် အခုတော့သူလိုချင်တာမနက်ဖြန်ဆိုတဲ့ဆုတောင်းပဲရှိပါတော့တယ်။ဒါဟာကျွန်တော်တို့သတိမပြုမိတာဒါရိုက်တာပြလိုက်တာပါပဲ။ မနက်ဖြန်ပေါင်းများစွာရှိတဲ့အချိန်တုန်းကတန်ဖိုးမထားပဲအီလေးဆွဲခဲ့ပေမယ့် အဲဒီမနက်ဖြန်ကိုလက်လွှတ်လိုက်ရချိန်တစ်နည်းအားဖြင့် နောက်ထပ်အခွင့်အရေးမရှိတော့ချိန်မှာတမ်းတကြတာသဘာဝပါပဲ။ဒီကားလေးကတော့ စိတ်လှုပ်ရှားစရာ၊စဥ်းစားစရာလေးတွေနဲ့တင်ဆက်ထားတဲ့အတွက်တစ်မျိုးတစ်ဖုံခံစားမှုရစေမှာပါ။ လူသတ်သမားကရောဘယ်သူလဲ၊ ဘာကြောင့်သူ့ကိုသတ်ရတာလဲ၊ Happy Birthdayနေ Happy Death Day ဖြစ်သွားရှာတဲ့ထရီဇာတစ်ယောက်ရော အဲဒီသံသရာထဲကလွတ်မြောက်နိုင်မှာလားဆိုတာကတော့........။Happy Death Day (2017) နဲ့ Happy Death Day 2U (2019) ဆိုတဲ့ အဆက်ရုပ်ရှင် ၂ ကားရှိပြီး ၂ ကားလုံးကို CM မှာ တင်ဆက်ထားပါပြီ။ File size…(1.4 GB )/(940 MB) Quality….BluRay 1080p HEVC / ...
movie

Happy Death Day (2017)

2017
Midnight Special (2016) 6.6
Midnight Special (2016) CM ပရိသတ်ကြီးတို့ကို Sci-fi ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရှုပ်ရှုပ်ယှက်ယှက်နဲ့ သိပ္ပံဗဟုသုတ အများကြီးရှိမှ ကြည့်လို့နားလည်မယ့်ဇာတ်ကားမျိုးလည်း မကြည့်ချင်ဘူး Sci-fi အမျိုးအစားလည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက်ပရိသတ်ကြီးတို့အကြိုက်ပါ။ ဇာတ်ကားနာမည်လေးက Midnight Special လို့ ခေါ်ပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အယ်တွန်မာယာလို့ခေါ်တဲ့အသက် ၈ နှစ်အရွယ်ကောင်လေးကို အဖေဖြစ်သူ ရွိုင်တွန်လင်ကပြန်ပေးဆွဲသွားရာကနေ ဇာတ်လမ်းအစပြုပါတယ်။အဖေအရင်းက ပြန်ပေးဆွဲတယ်ဆိုလို့ မအံ့ဩပါနဲ့။တကယ်တော့ အယ်တွန်ကို ရန့်ချ်လို့ခေါ်တဲ့ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်က မွေးစားထားတာပါ။အယ်တွန်လေးက သူများနဲ့မတူဘဲ စူပါမန်းလိုမျက်လုံးကနေ ရောင်ခြည်တွေထွက်တတ်တဲ့ ကလေးဖြစ်နေတာပါ။ကလေးဟာ နေရောင်ထဲကို ထိလို့မရသလို သူ့အစွမ်းအရှိန်ကပစ္စည်းတွေကို ကွဲကြေပျက်စီးစေပါတယ်။ဒါပေမဲ့ ရန့်ချ်အဖွဲ့အစည်းကတော့ ဒါဟာ ဘုရားသခင်ကဆက်သွယ်တာဆိုပြီး ယုံကြည်ကြတယ်။ ကလေးရဲ့ နာကျင်မှုတွေကို မမြင်ရက်တော့တဲ့အဆုံးမှာအဖေဖြစ်သူက ကလေးကိုခေါ်ပြီး ထွက်ပြေးခဲ့တာပါ။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒီကလေးကိုလက်နက်တစ်ခုလို့သဘောထားပြီး လိုက်လံရှာဖွေခဲ့ပါတယ်။ ဆိုတော့ အယ်တွန်လေးက ဘာလို့အစွမ်းတွေရှိနေတာလဲ၊ သူတို့တွေဘယ်ကိုထွက်ပြေးကြမလဲ၊ ထွက်ပြေးတဲ့ လမ်းတစ်လျှောက်မှာရောဘယ်လိုထူးဆန်းထွေလာ ဖြစ်ရပ်တွေကို ကြုံတွေ့ရမလဲ၊ ဘာသာရေးအဖွဲ့အစည်းနဲ့အစိုးရအဖွဲ့အစည်းတွေက ...
movie

Midnight Special (2016)

2016
Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

The Free World (2016) 6.1
The Free World (2016) The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ‌ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီ‌ဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie

The Free World (2016)

2016
The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
No One Will Save You (2023) 6.5
No One Will Save You (2023)     ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလိုအတုလိုလို စဉ်းစားရခက်နေတာပါ။ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရောဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့The Divergent Series: Insurgent တို့ Love and Monsters တို့ကိုဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable  ဆိုတဲ့စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။သူနာမည်ကြီးခဲ့တဲ့ Unbelievable  စီးရီးကိုလည်းချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲသူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။  File size…  3 GB / 1 GB ...
movie

No One Will Save You (2023)

2023
4K HEVC
Just My Luck (2006)
Just My Luck (2006) Just My Luck (2006) ================ကံဆိုတာ အမြဲတမ်းကောင်းမနေသလို အမြဲလည်း ဆိုးမနေတတ်ပါဘူး။ ဒါပေမဲ့ ဒီကားကတော့ အမြဲကံကောင်းတတ်တဲ့ ကောင်မလေးနဲ့ ဘာလုပ် လုပ် ကြံဖန်ကံဆိုးတတ်တဲ့ ကိုလူချောတို့အကြောင်းကို ဟာသလေးတွေ နှောပြီး တွေးစရာလေးတွေပါအောင် ရိုက်ကူးထားပါတယ်။Ashley ဆိုတဲ့ မိန်းမချောလေးဟာ အလုပ်ကောင်းကောင်းရှိပြီး အစစအရာ ရာအဆင်ပြေနေတဲ့ မိန်းကလေးပါ။ နာမည်ကျော်သူဌေးသားတစ်ယောက် နဲ့လည်း တွဲနေပါသေးတယ်။ သူ့လက်နဲ့ထိရင် ရွှေဖြစ်တယ်လို့ တင်စားရလောက် အောင် သူ့လုပ်သမျှတိုင်းက ကံအားလျော်စွာ အဆင်ပြေခဲ့တာချည်းပါပဲ။Jake ကတော့ Ashley နဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကံဆိုးမသွားရာ မိုးလိုက်ရွာသလို ဘာလုပ်လုပ် အဆိုးတွေပဲ ဖြစ်နေသူပေါ့။ တစ်နေ့မှာ Ashley စီစဉ်တဲ့ ပါတီပွဲကြီး တစ်ခုကို Jake ၀င်ရောက်နိုင်ခဲ့တာကတော့ သူ့အတွက် ကံကောင်းခြင်းလို့ ပြော ရမလိုပါပဲ။ အကြောင်းကတော့ အဲဒီမျက်နှာဖုံးတပ်ပါတီပွဲမှာ Ashley နဲ့ Jake တို့ မထင်မှတ်ဘဲ တွဲကဖြစ်ပြီး နမ်းမိကြရာကစလို့ နှစ်ယောက်လုံးရဲ့ကံကြမ္မာဟာ ပြောင်းပြန်လှန်ပစ်သလို ပြောင်းလဲသွားတာကြောင့်ပါပဲ။အဲဒီနောက်ပိုင်းမှာ မယ်ကံကောင်းနဲ့ မောင်ကံဆိုးတို့ ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်သူကကံကောင်းပြီး ဘယ်သူက ...
movie

Just My Luck (2006)

The Campaign (2012) 6.1
The Campaign (2012)  Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie

The Campaign (2012)

Bullet to the Head (2013) 5.5
Bullet to the Head (2013) ဒီဇာတ်ကားမှာတော့ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသားကြီးဖြစ်တဲ့ Sylvester Stallone(ရမ်ဘို) နဲ့ Fast&Furious က ကိုရီးယားမင်းသား Han Lue တို့ အတူတူအတွဲအဖက်ညီညီ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ..ဒါရိုက်တာကလည်း တခေတ်တခါက အောင်မြင်ခဲ့တဲ့ 48hrs/The Warriors တို့ကိုရိုက်ခဲ့တဲ့ Action/Thriller ဂုရုကြီး Walter Hill ရိုက်ကူးထားတာဖြစ်လို့ ဒီကားမှာလဲ Action ခန်းအမိုက်စားတွေကိုကြည့်ရဦးမှာပါဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရမ်ဘိုက ကြေးစားလူသတ်သမားဖြစ်ပြီး Han Lue ကတော့စုံထောက်ဖြစ်ပါတယ်.တနေ့တော့ ရမ်ဘိုတို့သတ်လိုက်တဲ့ လူဟာ Han Lue ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်ခဲ့ပြီး ဒီလိုနဲ့ စုံထောက်နဲ့ကြေးစားဆုံဖို့ရာအကြောင်းအရာဖန်လာပါတော့တယ်..ဒီနောက်မှာတော့ ရမ်ဘိုတို့ကိုအသတ်ခိုင်းလိုက်တဲ့လူရဲ့နောက်ကအရှုပ်ထုတ်တွေက ကပ်ပါလာပါတော့တယ် ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB)/(760 GB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr ...
movie

Bullet to the Head (2013)

Grudge Match(2013) 6.4
Grudge Match(2013)  လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie

Grudge Match(2013)

Semper Fi(2019) 6.1
Semper Fi(2019) IMDB - 6.1/10ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ...
movie

Semper Fi(2019)

Abraham Lincoln: Vampire Hunter(2012) 5.9
Abraham Lincoln: Vampire Hunter(2012) Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie

Abraham Lincoln: Vampire Hunter(2012)

The Visitor (2022) 5.1
The Visitor (2022) The Visitor (2022) =============ထူးဆန်းတဲ့ ကံကြမ္မာတွေနဲ့ အလှည့်အပြောင်းကြမ်းတဲ့ Horror, Thriller, Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ရောဘတ်နဲ့ ဇနီးဖြစ်သူ မိုင်ရ်တို့ဟာ လန်ဒန်မြို့မှာ နေထိုင်ရင်း တစ်နေ့မှာ ရင်သွေးလေးနဲ့အတူ မိုင်ရ့်ရဲ့ဖခင်ကိုပါ မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတယ်။အဲဒီအတွက်ကြောင့် မိုင်ရ်ရဲ့ ဇာတိမြို့လေးကို ပြန်လာခဲ့ပြီး မိုင်ရ်အရင်က နေထိုင်ခဲ့တဲ့ အိမ်လေးဆီ ပြောင်းရွှေ့လာခဲ့ကြတယ်။ ထူးဆန်း‌မှုတွေရဲ့ အစကတော့ အဲဒီအိမ်လေးမှာ ရောဘတ်နဲ့ တစ်ပုံစံတည်းတူတဲ့ လူပုံပါရှိနေတဲ့ ပန်းချီကားကြီး တစ်ချပ်ကနေ စတင်လာခဲ့တော့တာပါ။တစ်မြို့လုံးမှာလည်း ရောဘတ်နဲ့ဆင်တူတဲ့လူပုံပါတဲ့ ပန်းချီကားတွေ ရှိနေပြီး မြို့ကလူတွေရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကြောင့် ရောဘတ်တစ်ယောက် ယုန်တွင်းကို နှိုက်မိသလိုပါပဲ။ မဆုံးနိုင်တဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ စောင့်ကြိုနေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့် ကြည့်ရှု့သူတွေ အကြိုက်တွေ့ ကြဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.2 GB) / (420 MB) / (220 MB) Quality............WebRip 1080p / 720p / ...
movie

The Visitor (2022)

2022
Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012
A Love Song for Bobby Long (2004) 7.1
A Love Song for Bobby Long (2004) A Love Song for Bobby Long (2004)ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေ ဆုံးရှုံး ပျက်စီးရနိုင်သလို ဘဝတွေကို ပျော်ရွင် သာယာမှုတွေပေးနိုင်ပါတယ်။ ဘော်ဘီလောင်းဟာ ပရော်ဖက်ဆာဟောင်းတစ်ယောက်၊ သူ့ရဲ့လက်ထောက်ဆရာတစ်ယောက်နဲ့ နယူးအော်လန်ကို ရောက်လာကြတဲ့အချိန်မှာ အဆိုတော်မလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ကြတယ်။ တနေ့ သူမဆုံးသွားတော့ သူမပိုင်တဲ့အိမ်ကို သူမရဲ့သမီးကိုပေးပြီး ဘော်ဘီတို့နဲ့အတူ တစ်နှစ်နေရမှာပါ။ ဒါပြီးမှပဲ အကုန်ပိုင်ဆိုင်ခွင့်ရမှာပါ။ရောက်လာတဲ့ ထောင့်မကျိုးတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ ပညာတတ်ဘဝကို အရွဲ့တိုက်နေတဲ့ ဘော်ဘီလောင်းတို့ ထိပ်တိုက်တွေ့ကြပြီး ကမောက်ကမတွေဖြစ်၊ ဘော်ဘီတို့က ဘာလို့နယူးအော်လန်ကိုရောက်လာသလဲ ကောင်မလေးရဲ့ အမေနဲ့ဘယ်လိုပတ်သက်ခဲ့ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီးတော့ နယူးအော်လန် ရောက်သွားသလို ခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပြီး သီချင်းလေးတွေကလဲကောင်းပါတယ်။ဒါ့အပြင် စကားလက်ဂျိုဟန်ဆန်ရဲ့ ငယ်ရွယ်တဲ့ အလှကိုမြင်ရမှာဖြစ်ပြီး ဘော်ဘီအဖြစ် မင်းသားကြီး ဂျွန်ထရာဗိုတာက သရုပ်ဆောင်ပေးထားပါတယ်။Rating ကလဲ 7.1 အထိရထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်သလို " ...
movie

A Love Song for Bobby Long (2004)

2004
Lost Bayou(2020) 6.5
Lost Bayou(2020) Lost Bayou(2020)Best Narrative Feature ဆုကိုရရှိထားတဲ့ Drama ကားလေးပါ....ဂယ်လ်ဆိုတဲ့ မိန်းကလေးဟာ ဆေးစွဲနေသူပါ ....သူကိုယ်တိုင်ရဲ့ မိခင်တာဝန်ပျက်ကွက်မှုတွေကြောင့် သူ့ရဲ့ သားလေးကို အမေသစ်ဆီမှာ ဆုံးရှုံးရတော့မလို ဖြစ်နေရသူလည်း ဖြစ်ပါတယ်..တစ်နေ့တော့ သူ့ဖခင်ဖြစ်သူရဲ့ ဆက်သွယ်လာမှုကြောင့် အိမ်ကို ပြန်ရောက်လာခဲ့ပါတယ်...ဖခင်ဖြစ်သူက သေဆုံးပြီး ဖြစ်တဲ့ ဇနီးသည်ကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေသူပါ....ဒါ့အပြင် သစ္စာဆိုပြီး ဆေးကုတဲ့ အလုပ်ကို လုပ်ကိုင်ပါတယ် ...သေဆုံးပြီးဖြစ်တဲ့ ဇနီးသည်က အခုမှ သေသွားသလို ပြောနေပြီး သူတို့အိမ်မှာ အမျိုးသမီးအလောင်းတစ်ခုလည်း ရှိနေပါတယ် ...ဒီအလောင်းက ဘယ်သူလဲ ဂယ်လ်ရဲ့ ဖခင်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေခဲ့တာလဲဖခင်နဲ့ သ‌ဘောထားသိပ်မတိုက်ဆိုင်တဲ့ ဂယ်လ်ကရော ဖခင်ဖြစ်သူနဲ့ ပြန်အဆင်ပြေပါ့မလားဆိုတာတော့ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ....ဒရမ်မာကားချစ်သူတွေအတွက် ငြိမ့်ငြိမ့်လေးနဲ့ စိတ်ဝင်စားဖွယ် စီးမျောနိုင်မယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ ညွှန်းပေးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File ...
movie

Lost Bayou(2020)

Déjà Vu (2006) 7.0
Déjà Vu (2006) Déjà Vu (2006) IMDb - 7.0/10_____Rotten - 55%    2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie

Déjà Vu (2006)

2006
Universal Soldier: Day of Reckoning (2012) 5.0
Universal Soldier: Day of Reckoning (2012)   ကဲ ဒီတစ်ခါတော့ ဇာတ်ကြမ်း ကြိုက်တဲ့ သူတွေ အတွက် မင်းသားကြီး ဗင်ဒိန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗင်ဒိန်းဆို တော်တော်များများ မသိတဲ့သူ မရှိလောက်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျွန်ဟာ အတတိမေ့ ကိုမာ ရောဂါကိုခံစား နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ် ဂျွန်တို့ မိသားစု ဘာလို့ ဒီလို အတိုက်ခိုက်ခံခဲ့ရတာလဲ ဂျွန်ကကော အရင်က ဘာတွေများ လုပ်ခဲ့တာလဲ ဂျွန်က ကော သူ့ရဲ့ အတိတ်ဖြစ်ရပ်တွေကိုဖော်ထုတ်ပြီး မိန်းမ နဲ့ သမီး အတွက် ကလဲ့စားချေနိုင်မှာလားဆိုတာကိုတော့  UNICODE ကဲ ဒီတစ်ခါတော့ ဇာတ်ကြမ်း ကြိုက်တဲ့ သူတွေ အတွက် မင်းသားကြီး ဗင်ဒိန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဗင်ဒိန်းဆို တော်တော်များများ မသိတဲ့သူ မရှိလောက်ပါဘူးဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ဂျွန်ဟာ အတတိမေ့ ကိုမာ ရောဂါကိုခံစား နေရသူ တယောက်ဖြစ်ပြီး သူ ဒီရောဂါကို ခံစားရတဲ့ အကြောင်းအရင်းက တော့ သူ့မိန်မနဲ့ သမီးဟာ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာအသတ်ခံခဲ့ရပြီး သူကိုယ်တိုင်လဲ ဦးခေါင်းကိုထိခိုက်ခံခဲ့ရလို့ပဲဖြစ်ပါတယ် ဂျွန်တို့ ...
movie

Universal Soldier: Day of Reckoning (2012)

2012