Channel Myanmar

Dana Voicu

The New Year That Never Came aka Anul Nou care n-a fost (2024) 8.4
The New Year That Never Came aka Anul Nou care n-a fost (2024) Anul.Nou.care.n-a.fost (2024)ဇာတ်ကားရဲ့ နာမည်နဲ့ အဓိပ္ပာယ်ကတော့ ရိုမေးနီးယားဘာသာစကားကို မြန်မာလိုပြန်ရရင် နှစ်သစ်မဟုတ်တဲ့ နှစ်သစ်လို့ပဲ မြန်မာလိုအနီးစပ်ဆုံးပြန်ရပါလိမ့်မယ်။ ဘယ်လိုအရာတွေက ကမ္ဘာတစ်ဝှမ်းနှစ်စဉ်ဆင်နွှဲနေတဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးအခါသမယတို့ကို အကျည်းတန်စေခဲ့တာလဲ?ဇာတ်လမ်းအကျဉ်းရိုမေးနီးယားရဲ့ အချုပ်အချာအာဏာကို ဆိုရှယ်လစ်လမ်းစဉ်အရ အုပ်ချုပ်မှုထိန်းသိမ်းအပြီးမှာ တိုင်းပြည်တစ်ဝှမ်းနဲ့ မြို့ကြီးအချို့မှာ ရုတ်ရုတ်သဲသဲတွေဖြစ်လို့နေပါတယ်။ခရစ္စမတ်ဆုတောင်းစကားပြောဖို့ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုထဲက မင်းသမီးတစ်ဦးဟာ ဘက်ပြောင်းသွားတာမို့ နိုင်ငံတော်ရုပ်သံတီဗီလိုင်းမှာ ထည့်သွင်းလွှင့်တင်ဖို့ မဖြစ်နိုင်တာကြောင့် အစားထိုးဖို့ ရုပ်ချင်းဆင်တဲ့ အမျိုးသမီးတစ်ဦးနဲ့အစားထိုးဖို့လိုလာပါတယ်။တစ်ဖက်မှာလည်း နိုင်ငံတော်အကြီးအကဲကို တီဗီမှာကြည့်ရင်း ရုတ်ရင်းကြမ်းတမ်းစွာ မိန်းမဖြစ်သူနဲ့အတင်းအဖျင်းပြောရင်းက သားဖြစ်သူကြားသွားပြီး ဖာသာတစ်ယောက်ဆီစာထဲ ထည့်ရေးလိုက်တဲ့အခါ.... File size…3.1 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

The New Year That Never Came aka Anul Nou care n-a fost (2024)

The Nun (2018) 5.6
The Nun (2018) ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie

The Nun (2018)

2018
4K HEVC