Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dakota Goyo
6.7
Resurrecting the Champ (2007)
Resurrecting the Champ (2007)IMDb - 6.7ကျွန်တော်တိုတွေရဲ့ဘဝမှာ သိပ်ချစ်လွန်းလို ဒီကမ္ဘာပေါ်မှာ လိမ်မပြောဖူးတဲ့သူရှိပါ့မလား.. ကျွန်တော်ကတော့ လိမ်ပြောဖူးပါတယ်။ လိမ်မပြောဖူးတဲ့သူရှိတယ်ဆိုရင်လည်း ခင်ဗျားဟာ အလိမ်အညာတွေပြည့်နေတဲ့ ဒီလောကကြီးထဲမှာ တကယ့်ကိုစံနမူနာယူထိုက်တဲ့ လူကောင်းတစ်ယောက်လို ချီးကျူးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဲရစ်ဆိုတဲ့ဂျာနယ်လစ်တစ်ယောက်က သူ့ရဲ့သတင်းစာတိုက်မှာ တော်တော်လေးရုန်းကန်နေရပါတယ်။ အယ်ဒီတာအသစ်က သူ့ဇာတ်လမ်းတွေကို သဘောမကျဖြစ်နေတယ်။ သူ့မိန်းမနဲ့လည်း ကွဲထားတယ်။ သူသိပ်ချစ်ရတဲ့ သူ့သားလေးနဲ့လည်း အတူမနေရတော့ဘူး။အဲ့ဒီအချိန်မှာပဲ အရင်ကလက်ဝှေ့ချန်ပီယံဟောင်းကြီးဆိုတဲ့ အိမ်ချေရာမဲ့တစ်ယောက်နဲ့အမှတ်မထင်တွေ့ဆုံမိသွားပါတယ်။ အဲရစ်က ချန်ပီယံကြီးနဲ့ရင်းနှီးသွားတဲ့အခါမှာတောင် ချန်ပီယံကြီးအကြောင်းဇာတ်လမ်းရေးရင်တောင် ကျိန်းသေပေါက်အောင်မြင်နိုင်မယ်လို ယုံကြည်ထားတယ်။ ဒီလိုနဲ့ ချန်ပီယံကြီးအကြောင်းဇာတ်လမ်းကိုရေးလိုက်တဲ့အခါမှာတော့ သူတွက်ထားတဲ့အတိုင်းပဲ နာမည်ကြီးသွားခဲ့ပါတယ်။ ပူလစ်ဇာဆုအတွက် ဆန်ကာတင်စာရင်းထဲတောင်ဝင်သွားခဲ့တယ်။ ဒါပေမယ့်… သူရေးခဲ့တဲ့ဇာတ်လမ်းထဲက မှားနေတယ်ဆိုပြီး လူတစ်ယောက်က ဖုန်းဆက်ပြောလာတဲ့အခါမှတော့ အဲရစ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်လာပါတော့တယ်။ဒီဇာတ်လမ်းကြည့်ပြီးသွားရင် ကျွန်တော်တိုကိုယ့်ကိုကိုယ် မေးခွန်းတစ်ချိုထုတ်မိကောင်းထုတ်မိကြပါလိမ့်မယ်။ ကျွန်တော်တိုက အမှန်တရားကိုတကယ်ရောသိချင်ကြရဲ့လား။ အမှန်တရားရဲ့ ခါးသီးခြင်းကိုတကယ်ရော လက်ခံနိုင်ကြရဲ့လား။ နောက်ပြီး ချစ်ခြင်းမေတ္တာနဲ့ မုသားစကားတိုကြားမှာ သိမ်မွေ့နက်နဲတဲ့ ဆက်နွယ်မှုတစ်ခုများရှိနေတာလား။ စသည်ဖြင့်ပေါ့..။သေချာတာတစ်ခုကတော့ ကျွန်တော်တိုရဲ့ ...
movie
Resurrecting the Champ (2007)
7.0
Thor (2011)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
Thor (2011)
2011
4K HEVC
5.8
Noah (2014)
Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie
Noah (2014)
4K HEVC
6.7
Defendor (2009)
Defendor (2009)~ IMDb - 6.7/10, Rotten Tomatoes - 75% ~နေ့ခင်းဘက်မှာ ဆောက်လုပ်ရေးသမား... ညဘက်ကျတော့ စူပါဟီးရိုး...အာသာပေါ်ပင်တန်ဟာ ရုပ်ပြတွေထဲက စူပါဟီးရိုးတွေကိုသိပ်အားကျတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လည်း သူဟာ သူ့နည်းသူ့ဟန်နဲ့ စေတနာ့ဝန်ထမ်းစူပါဟီးရိုး Defendor အဖြစ် အသွင်ယူပြီး ညဘက်မှာဒုစရိုက်သမားတွေကို ပရဟိတ နှိမ်နင်းပါတော့တယ်။ ရုပ်ရှင်တွေရုပ်ပြတွေထဲက စူပါဟီးရိုးတွေဖြစ်တဲ့ ဘတ်မန်းတို့ အိုင်းရွန်းမန်းတို့က သာမန်လူတစ်ယောက်အနေနဲ့ဆိုရင် ဘီလျံနာသူဌေးကြီးတွေဖြစ်ပေမယ့် အာသာကတော့ နေစရာအိမ်တောင်မရှိတဲ့ စူပါဟီးရိုးတစ်ယောက်ပါ။သူ့မှာ ရိုးသားမှု ကြင်နာမှု နဲ့ စူပါဟီးရိုးဖြစ်ချင်စိတ်ပဲရှိပါတယ်။ ဇာတ်လမ်းအစမှာ မင်းသားခံရတယ်ဆိုတဲ့အတိုင်း အာသာကတော့ ဇာတ်လမ်းစစ ဆုံးဆုံး သူချည်းခံနေရတဲ့ စူပါဟီးရိုးပါ။တစ်နေ့မှာတော့ ကတ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီး သူလိုက်ရှာနေခဲ့တဲ့ ဗီလိန်ကြီးဟာ မြို့ရဲ့မူးယစ်ရာဇာကြီးမှန်းသိလိုက်ရတဲ့အခါမှာတော့ သူကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ရယ်လည်းရယ်ရ သနားစရာလည်းကောင်းတဲ့အပြင် အာသာရဲ့ လူသားဆန်မှုနဲ့ အလွဲတွေကို ဟာသနှောပြီးရိုက်ပြထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပါတဲ့သူတွေကလည်း ကိုယ်တွေမစိမ်းတဲ့ မင်းသားကြီး Woody Harrelson ...
movie
Defendor (2009)
2009
7.1
Real Steel (2011)
IMDb Rating(7.1)မင်းသားကြီး Hugh Jackman ပါဝင်တဲ့ အာလုံးအကြိုက်တွေ့စေမယ့် စက်ရုပ် အက်ရှင် ဖိုက်တင်ကား အလန်းလေးတင်ဆက်ပေးချင်ပါတယ် ။ဒီရုပ်ရှင်က ထွက်စတုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့သလို ဘယ်အချိန်ကြည့်ကြည့်မရိုးတဲ့ Drama,Sci-Fi ကားလေးပါပဲ။ဇာတ်လမ်းကတော့... စက်ရုပ်တွေကို အရမ်းစိတ်ဝင်စားလွန်းလို့ အကြွေးပတ်ပတ်လည် ဝိုင်းနေတဲ့ ချာလီ... ချာလီ ဆီမှာ မရင်းနှီးတဲ့ ၁၀ အရွယ် ဂျစ်ကန်ကန်သားတစ်ယောက်ရှိတယ် ။ သားဖနှစ်ယောက် ပေါင်းမိပြီး ကောက်ရတဲ့ စက်ရုပ်နဲ့ ကြေးစားလက်ဝှေ့ ပွဲတွေကို ဝင်ရောက်ထိုးသတ်ရင်း နာမည်ကြီးလာခဲ့တယ် ။ စက်ရုပ်ရဲ့ နာမည်က .... အက်ပ်တန် ....ပါ....နာမည် ကြီးလာတဲ့ အက်ပ်တန်နဲ့ သားအဖနှစ်ယောက် Real Steel ကမ္ဘာ့ ချန်ပီယံ ပွဲရဲ့ ချန်ပီယံကို စိန်ခေါ်ပြီး ဘယ်လို ဖိုက်တင်ပလေးကြမလဲဆိုတာ.....။Review Crd File size…(3 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:06:50 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH
movie
Real Steel (2011)
2011
6.3
Dark Skies (2013)
Dark Skies (2013)=============IMDb Rating - 6.3/10ကောင်းကင်ကြီးတွေ မည်းတက်လာလိုက်တာ... ငှက်တွေအကောင်သုံးရာလောက်ရှိမယ်။ဒန်နီယယ်ရဲ့အိမ်ကို ဝင်တိုက်နေတာ ကြက်သီးထချင်စရာကြီး။ အိမ်ထဲကပစ္စည်းတွေလည်း အကုန်ပျောက်ကုန်လို့ရဲစခန်းခေါ်ပြန်တော့လည်း ဒီအိမ်က ကလေးက ခြေဆော့လက်ဆော့ရှိလို့နေမှာပါဆိုပြီး မှတ်ချက်ပေးသွားပြန်တယ်။ဒါပေမဲ့ အဲ့ဒီအိမ်မှာ ပစ္စည်းတွေကျကွဲ၊ လူတွေလည်း အိပ်နေရင်းလမ်းထလျှောက်၊ အိပ်ရာကနိုးလာရင် ဒဏ်ရာတွေရနေကြတာ အပြင်လူတွေမသိရှာဘူး...အပြင်လူတွေမသိသလို သူတို့ကိုယ်တိုင်တောင်မသိကြဘူး။....ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမျိုးကြုံတွေ့ရတာဟာ ဒန်နီယယ်တို့မိသားစုတစ်ခုတည်းမဟုတ်ဘဲ အများကြီးရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်.... ကျိန်စာသင့်နေတဲ့မိသားစုလေးအဖြစ်ကနေ ဘယ်လောက်ထိတုန်လှုပ်ချောက်ခြားဖွယ်ကောင်းပြီး ပဟေဠိဆန်သွားမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုလိုက်ကြပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို JoJoVa မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ JoJoVa, Thet Hnin Su တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRayDuration - 1hr 37minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, Sci-Fi, ThrillerSource : ...
movie
Dark Skies (2013)
2013
7.3
Rise of the Guardians (2012)
Director: Peter Ramsey ရိုက်ကူးတင်ဆက်ထားပြီးNovember 21, 2012 (USA) မှာ ရုံတင်ခဲ့တဲ့ လူကြီးရော ကလေးပါ ကြည့်သင့်တဲ့ယုံကြည်မှု စိတ်ဓါတ်ရေးရာ မြင့်တင်ပေးပြီး စိတ်ဓါတ်ခွန်အား ရရှိစေမယ့် နတ်သမီး ပုံပြင်အခြေခံကာတွန်းဇတ်လမ်းလေး ဖြစ်ပါတယ်....==================================ဇတ်လမ်းပုံစံကတော့ ကြင်နာတက်တဲ့ စိတ်ထားရှိတဲ့ ဂျက်ဖရော့ဒ်ဟာ လူသား ဘ၀ မှာ သူရဲ့ ညီမလေးကို ကယ်ဆယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်ခဲ့ပြီး ရေခဲပြင်ထဲမှာ သေဆုံးသွားပါတယ်...တစ်ရက်သော လပြည့်ညမှာတော့ လနတ်သား ဟာ ဂျက်ဖရော့ဒ် ကိုသေရွာကနေ နှိုးယူပြီး လူသားကလေးတွေ ရဲ့ ပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးမယ့်နှင်းလူသား အဖြစ် ဖန်တီး ပေးလိုက်ပါတယ်....ဂျက်ဖရော့ဒ် ရဲ့ အတိတ်ဘ၀ မှတ်ဉာဏ်ကို ဖျောက်ထားခဲ့တဲ့အတွက်၎င်း ကိုယ်တိုင် စိတ်ထားကောင်းမွန်တဲ့ ကောင်လေး တစ်ယောက်ဆိုတာ မသိခဲ့ပါဘူးဒါကြောင့် သူ့ကိုသူ နတ်ဆိုး တစ်ယောက်လို့ မှတ်ယူပြီး လေလွင့်နေတုန်းဆန်တာကလော့ တို့ အက်စတာဘန်နီ ...
movie
Rise of the Guardians (2012)
2012
HEVC 1080p 5.1