Channel Myanmar

Cynthia Rothrock

Taken from Rio Bravo (2024)
Taken from Rio Bravo (2024) Taken from Rio Bravo 2024‌ခါးကြားထဲသေနတ်လေးထိုးပြီး သက္ကလပ်ဦးထုပ်နဲ့ ဖိနပ်မှာဆူးလေးတပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်းဘွိုင်ကြီးအဖြစ် ငယ်ငယ်က စိတ်ကူးယဉ်ဖူးခဲ့ကြလား သိတဲ့အတိုင်း ကောင်းဘွိုင်ဆိုတာမျိုးက ဘာမှန်းသာမသိပေမယ့် စတိုင်ကကျ အထာကလန်းနေတော့ မသိလည်း ကြိုက်ခဲ့ရတာပေါ့... အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကလည်း လုံးဝကောင်းဘွိုင်အရသာအပြည့်အဝနဲ့ ဖီလင်ကိုပေးမှာပါ ဇာတ်အိမ်တည်ထားတာက ၁၈၀၀ ပြည့်နှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ပြီးစပေါ့ တရားဥပဒေဆိုတာစိုးမိုးဖို့ ကြိုးစားနေကကြပေမယ့် ခါးကြားထဲကခြောက်လုံးပြူးနဲ့လူတိုင်း သောင်းကျန်းနေကြတဲ့ခေတ်ပေါ့ အဲ့အချိန် ဇာတ်လိုက်ကျော်ရဲ့မိတ်ဆွေရဲမှူးရဲ့ဇနီးလောင်းညီအမကို လူကုန်ကူးဖို့ ဂိုဏ်းတစ်ခုကဖမ်းသွားတဲ့အခါမှာ နောက်ကလိုက်ကယ်ဖို့ ကြိုးစားရပါတော့တယ် အပစ်အခတ်ကတော့ ပြောစရာမလို တဒိုင်းဒိုင်းနဲ့ကို ကောင်းဘွိုင်ကားအစစ်ပါပဲ ဇာတ်လိုက်ကျော်ကလည်း အပြင်ကတကယ့်လူကို မှီငြမ်းပြီးပုံဖော်ထားတာဖြစ်ပြီး သူကရုရှားနိုင်ငံသားကနေ အမေရိကန်ရွှေ့ပြောင်းလာပြီး ပြည်တွင်းစစ်မှာဗိုလ်ချုပ်ဖြစ်သွားတဲ့သူဆိုတော့ စိတ်ဝင်စားစရာဇာတ်ကောင်ပါပဲ... အဲ့တော့ ပရိသတ်ကြီးပဲအပန်းဖြေကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ဖြစ်ပါတယ်Genre..... Action, Western Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB |  628MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein ...
movie

Taken from Rio Bravo (2024)

Lady Scorpions (2024)
Lady Scorpions (2024)  အက်ရှင်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်DEA အေးဂျင့်ဖြစ်သူ Alena ဆိုတဲ့ ဘွားတော်က မူးယစ်ရာဇာတစ်ပါးကို အဆုံးစွန်ထိ လိုက်နေခဲ့ပြီး မိသားစုကို အချိန်မပေးနိုင်တဲ့လူပါမူးယစ်ရာဇာ လူရှန်ကတော့ သွေးအေးအေးနဲ့ အလုပ်လုပ်တတ်သူဖြစ်ပြီ သူနဲ့ သူ့သားဖြစ်သူအနာဂတ်စိတ်ချရဖို့ နောက်ဆုံးအပေးအယူတစ်ခုဖြစ်ဖို့ မျှော်မှန်းထားသူပါဘွားတော် Alena ရဲ့ သမီးဖြစ်သူ Lacy ဟာ ကိုယ်ခံပညာ နည်းပြဆရာမတစ်ယောက်ဖြစ်ပြီး ၁၀ နှစ်အရွယ် မြေးမလေးလည်းရှိပါတယ်အဆုံးစွန်အထိ ယုတ်မာတဲ့ ဒုစရိုက်အုပ်စုနဲ့ သူတို့ကိုဖြုတ်ချမယ့် လေဒီနှစ်ယောက် ဘယ်လိုအားပြိုင်ကြမှာလဲ အက်ရှင်သိုင်းကွက် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှုစားရမယ့် ဇာတ်ကားလေးပါ File size…(1.5 GB)/(777 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre...  Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Lady Scorpions (2024)

The Last Kumite (2024)
The Last Kumite (2024)  ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံ‌တွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastro
movie

The Last Kumite (2024)

Darkness of Man (2024)
Darkness of Man (2024)  ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(1.7 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre... Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

Darkness of Man (2024)

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

Magic Crystal (1986) 6
Magic Crystal (1986) Magic Crystal (1986)စတီဖင်ချောင်ရဲ့ နာမည်ကျော် God Of Gamblers ကားတွေ၊ Royal Tramp ကား‌တွေ၊ Tricky Master, Tricky Brain ကားတွေရဲ့ ဒါရိုက်တာ ဝေါင်ကျင်းရဲ့ လက်ရာကားဟောင်းတစ်ကားပါ။ အပေါ်က ကားတွေကို ကြည့်ဖူးတယ်ဆိုရင် ဒီရုပ်ရှင်က ထိုနည်း‌၎င်း Inner Logic ထဲ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ဟောင်ကောင် အက်ရှင်ကားဆိုတာ မြင်သာမှာပါ။အဓိကသရုပ်ဆောင်ကတော့ ဟော‌င်ကောင်ရဲ့ A List စာရင်း၀င်တဲ့ Andy Lau ပေါ့။ သူ့ကိုတော့ ဟောင်ကောင်ပရိတ်သတ်တွေဖြစ်ဖြစ် ဝေါင်ကာဝေးပရိတ်သတ်တွေဖြစ်ဖြစ် သိပ်မစိမ်းကြပါဘူး။ ဟောင်ကောင်ဖန် အတော်များများ သဘောကျကြတဲ့ သူပါပဲ။ ဒါရိုက်တာဖြစ်တဲ့ ၀မ်ကျင်းကိုယ်တိုင် ၀င်သရုပ်ဆောင်ထားတဲ့အပြင် ချောင်ဖန်တွေမစိမ်းတဲ့ Sharla Cheung ပါ အဆစ်ပါပါသေးတယ်။ 1986 ဆိုတော့ As tears ...
movie

Magic Crystal (1986)

1986
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2