Channel Myanmar

Curtis Moore

The Best Christmas Pageant Ever (2024) 7.2
The Best Christmas Pageant Ever (2024)  ခရစ္စမတ်မှာ ရုပ်ရှင်သစ်ကြည့်ဖို့ရှာနေတဲ့ ပရိသတ်ကြီးအတွက်ရုံတင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဟာ့ဒ်မန်းမောင်နှမတွေဟာ အဆိုးဆုံးကလေးတွေလို့ သမုတ်ခံရလောက်အောင်ကို ဆိုးရွားလွန်းလှတဲ့ ပြဿနာအိုးလေးတွေပါ။ဟာ့ဒ်မန်းတွေ လာပြီဟေ့လို့ ကြားလိုက်တာနဲ့ ကလေးလူကြီးအစခွေးတိရစ္ဆာန်အဆုံး ဝေးဝေးကရှောင်ကြရတဲ့အထိ လက်ဖျားခါအောင်ဆိုးကြပါတယ်။ အဲဒီမောင်နှမတွေထဲက အဆိုးတကာ့ထိပ်ခေါင်‌ ကလေးခေါင်း‌ဆောင်ကတော့ အင်မိုဂျင်းဟာ့ဒ်မန်းပါ။မြို့ရဲ့ဘုရားကျောင်းကတော့ ခရစ္စမတ်ရာသီမှာ နှစ်စဉ်ကျင်းပနေကျခရစ္စမတ် ပြဇာတ်ပွဲကျင်းပဖို့စီစဥ်‌နေကြတဲ့အချိန်ပါ။ဘုရားကျောင်းမှာ မုန့်အလကားစားရတယ်ဆိုတဲ့ သတင်းကြားလို့တိုက်တိုက်ဆိုင်ဆိုင် ဘုရားကျောင်းရောက်ချလာတဲ့ ဟာ့ဒ်မန်းမောင်နှမတွေဟာ ခရစ္စမတ်ပြဇာတ်ထဲ ပါဝင်သရုပ်‌ဆောင်ကြဖို့အတွက်ဖြစ်လာပါတော့တယ်။ပြဿနာအိုး ဟာ့ဒ်မန်းမောင်နှမတွေ ဒီခရစ္စမတ်ပြဇာတ်ကြီးမှာဘယ်လိုအလွဲတွေနဲ့ပါဝင်သွားမလဲဆိုတာကို ဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ။rating အနေနဲ့လည်း ခရမ်းချဉ်သီးပုပ်မှာ 91%အထိရရှိထားတဲ့ကားမို့ ဒီရုပ်ရှင်ကားလေးကိုခရစ္စမတ်အမီ watchlist ထဲထည့်ထားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။အချိန်ပေးကြည့်ရတာနဲ့ တန်မှာဖြစ်ပြီး ခရစ္စမတ်နေ့နဲ့ပတ်သတ်ပြီးလည်း မြင်နေကျမဟုတ်တဲ့ ရှုထောင့်အသစ်ကနေအတွေးအမြင်သစ်တွေပေးစွမ်းနိုင်မဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်‌ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…  (3.2GB) / (1.27GB) / (696MB ) Quality… WEB-DL 4K HEVC 1080 / 720p Format…mkv / mp4 Duration….1h 39m Genre ….. Adventure ...
movie

The Best Christmas Pageant Ever (2024)

4K HEVC