Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Curtis Matthew
7.6
Nosferatu (2024)
Nosferatu (2024)IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။အခုရုပ်ရှင်ဟာ The Lighthouse ...
movie
Nosferatu (2024)
2024
4K HEVC
7.9
Jojo Rabbit (2019)
Jojo Rabbit (2019)IMDb Rating (7.9) / Rotten Tomatoes (80%)Jojo Betzler ဆိုတာ ဟစ်တလာကို အကြီးအကျယ်ထောက်ခံတဲ့ ၁၀ နှစ်အရွယ်ကောင်ကလေး။ သူ့ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းကလည်း ဟစ်တလာ။ Hitler Youth Camp ကိုသွားဖို့ ယူနီဖောင်းတွေ ဝတ်ပြီး စိတ်လှုပ်ရှားတက်ကြွနေတဲ့ နာဇီစစ်စစ်လေး။ သို့ပေမယ့် နာဇီစစ်စစ်လေး Jojo က Camp မှာ ယုန်လေးတကောင်ကို မသတ်ရက်နိုင်ခဲ့လို့ Jojo Rabbit ဆိုပြီး ရခဲ့တယ်။ သတ္တိကို ပြချင်လွန်းလို့ Camp မှာ ထပ်ပြီး တလွဲလုပ်မိတဲ့အခါမှာ ဗုံးပေါက်ကွဲပြီး ဒဏ်ရာတွေရခဲ့တယ်။ ဒါပေမဲ့ ဇွဲမလျှော့ဘူး။ နာဇီတွေရဲ့ တာဝန်ကို ထမ်းချင်သေးတဲ့အတွက် အမေ့ရဲ့ အကူအညီပေးမှုနဲ့အတူ Captain Klezendorf ရဲ့ ရုံးခန်းမှာ ဆက်ပြီး တာဝန်ထမ်းဆောင်တယ်။ ဒါပေမဲ့ ...
movie
Jojo Rabbit (2019)
4K HEVC
5.6
Babylon A.D. (2008)
Babylon A.D. (2008)မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။ခေတ်လွန်နှောင်းပိုင်းအခြေအနေတွေမှာ လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ ...
movie
Babylon A.D. (2008)
2008
6.1
Solomon Kane
Solomon Kane (2009) IMDb - 6.1/10_____Rotten - 67% မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009