Channel Myanmar

Crystal Scales

The Wild Thornberrys Movie (2002)
The Wild Thornberrys Movie (2002) အန်နီမေးရှင်းရုပ်ရှင်ကြိုက်တတ်သူများတိရစ္ဆာန်လေတွေကိုချစ်တတ်သူများအတွက်နာမည်ကြီးဇတ်ကားကောင်းတစ်ခုအီလိုက်ဇာသွန်းဘယ်ရီဆိုတဲ့၁၂နှစ်အရွယ်ကောင်မလေးဟာတောနက်ထဲမှာကွန်ဗီးလို့ခေါ်တဲ့ကားအိမ်လေးနဲ့တောရိုင်းတိရစ္ဆာန်တွေကိုလေ့လာရုပ်ရှင်ရိုက်တဲ့မိဘတွေနဲ့အတူ အစ်မတစ်ယောက်ပါအပါ အတူခရီးလှည့်သွားနေခဲ့ကြပါတယ်။အီလိုက်ဇာဟာနတ်ဆရာတစ်ယောက်ဆီကနေ တိရစ္ဆာန်တွေကိုစကားပြောနိုင်တဲ့စွမ်းရည်ရထားခဲ့ပြီး ဒါက မိဘတွေ အဘိုးအဘွားနဲ့အစ်မဖြစ်သူအတွက် ထူးဆန်းတာတွေလုပ်နေတဲ့ကောင်မလေးဖြစ်လို့နေပါတယ်။အီလိုက်ဇာမှာ ဒါဝင်လို့ခေါ်တဲ့ ချန်ပင်ဇီမျောက်လေးတစ်ကောင်လည်းရှိပါတယ်။တစ်နေ့မှာအီလိုက်ဇာရဲ့ကြီးကြပ်မှုနဲ့သစ်ကျုတ်ပေါက်လေးသုံးကောင်အပြေးပြိုင်ကြရင်း တောရိုင်းတိရစ္ဆာန်ခိုးဖမ်းပြီးသတ်တဲ့သူတွေနဲ့ တွေ့ပြီး တာလီလို့ခေါ်တဲ့သစ်ကျုတ်ပေါက်ကလေးကိုဖမ်းသွားပါတယ်။အီလိုက်ဇာက လိုက်ကယ်ရင်း သူကိုယ်တိုင်အန္တရာယ်ဖြစ်လာတဲ့အခြေအနေကိုတွေ့တဲ့အခါ အဘွားဖြစ်က သူ့ကိုလန်ဒန်က ဘော်ဒါကျောင်းကိုပို့လိုက်ပါတယ်။ဘော်ဒါကျောင်းမှာဘာကြုံရမလဲ။နတ်ဆရာမိုင်ယန်ဘိုက အီလိုက်ဇာကိုဘာလို့ တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့စွမ်းရည်လက်ဆောင်ကိုပေးခဲ့တာလဲ။ဒီစွမ်းရည်က ဘယ်လိုဆိုရင်ပျက်ပြယ်မလဲ။တာလီ့ကို အီလိုက်ဇာကယ်တင်နိုင်မလား။ကွန်ဂိုတောနက်ထဲက ဒဏ္ဍာရီကဘာဖြစ်မလဲ ။ဒါက တကယ်ဖြစ်လာမလား။တောရိုင်းတိရစ္ဆာန်ခိုးဖမ်းတဲ့သူတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒါကိုတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ဖခင်ရဲ့မေတ္တာတွေကိုဖော်ကျူးထားတဲ့သီချင်းလေးက အဓိပ္ပါယ်ပြည့်ဝလှသလိုအဖေတွေကိုသတိရစေမှာဖြစ်ပါတယ်။အော်စကာဆုအတွက် အကောင်းဆုံးမူလသီချင်းဆုအတွက် ပေါလ်ဆီမွန်ရဲ့ Father and Daughter(အဖေနဲ့သမီး) သီချင်းကအမည်စာရင်းတင်သွင်းခံရပါတယ်။မှတ်မှတ်သားသားစကားလေးတွေကတော့- -“ပြီးတော့ မင်းကဒါကိုလုပ်ခဲ့တယ် မင်းရဲ့ လက်ဆောင်နဲ့မဟုတ်ဘူး ဒါပေမယ့်မင်းရဲ့နှလုံးသားနဲ့လုပ်ခဲ့တာ တကယ်လို့ ဒါကမင်းရဲ့စွမ်းအားမပါပဲနဲ့ မင်းလုပ်နိုင်ခဲ့တဲ့ဟာဖြစ်မယ်ဆိုရင် ငါသိထားခဲ့တာထက်တောင်မှမင်းမှာ ပိုကောင်းတဲ့ကံကြမ္မာတစ်ခုရှိတယ်”လူ့လောကမှာ စွမ်းရည်တွေထက်အရေးကြီးတာက နှလုံးသားထဲက မေတ္တာတရားနဲ့ကိုယ်ချင်းစာတရားပါပဲ။ကြည့်ရှု့ခံစားကြည့်လိုက်ပါ။File size…(1.7 GB)/(933 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Animation, Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin 
movie

The Wild Thornberrys Movie (2002)

Scooby-Doo! Abracadabra-Doo (2010) 6.8
Scooby-Doo! Abracadabra-Doo (2010) ဒီဇာတ်ကားမှာ စကူဘီတို့ Mystery Incအဖွဲ့သားတွေဟာဗယ်မာရဲ့ညီမလေး မယ်ဒလင်း တက်နေတဲ့ မျက်လှည့်သင်တန်းမှာထူးဆန်းတဲ့ သတ္တဝါကြီးတစ်ကောင် ခြောက်လှန့်နေတယ်ဆိုပြီးတစ်ဖွဲ့လုံးသွားစုံစမ်းကြတဲ့အကြောင်းရိုက်ကူးထားတာပါ။မယ်ဒလင်းတက်နေတဲ့ မျက်လှည့်‌ကျောင်းက ရှေးရဲတိုက်တစ်ခုမှာဖွင့်ထားတာဖြစ်ပြီး မှော်အတတ်လိုက်စားတယ်လို့ နာမည်ကြီးတဲ့အိုင်ယာလန်နယ်စားတစ်ယောက် ပိုင်ခဲ့တဲ့ရဲတိုက်ကြီးပဲ ဖြစ်ပါတယ်။အဲဒီရဲတိုက်ဟာ ကျိန်စာတိုက် ခံထားရတာကြောင့်ဂရစ်ဖင်လို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ခံနေရပြီးကျောင်းကိုပါပိတ်ပစ်လိုက်ရမလို ဖြစ်နေတာပါ။စကူဘီတို့အဖွဲ့ အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာလား။အဲဒီရဲတိုက်က တကယ်ပဲ ကျိန်စာသင့်နေတာလား။ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲဆိုတာဒီကားမှာ ကြည့်ရမှာဖြစ်ပါတယ်။  File Size : 1.2 GB, 676 MB Quality : WEB-DL 1080p / 720p Running Time : 1hr 16min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit ...
movie

Scooby-Doo! Abracadabra-Doo (2010)

Batman: Gotham Knight (2008) 6.6
Batman: Gotham Knight (2008) Batman Gotham knight ‐----------------------------------- ဒီmovie ဟာ batman animated movie ​တွေထဲက ထူးခြားတဲ့ movieတစ်ခုဖြစ်ပါတယ်။ အပိုင်းငယ် ၆ ပိုင်းပါရှိပြီး animation style ၊ story နဲ့ plot မတူညီကြပါဘူး။ အပိုင်းတစ်ပိုင်းစီက ဆာဘတ်တစ်​ယောက် Gotham ရဲ့ protector အ​နေနဲ့ ဘယ်လို​​လေ့ကျင့်ခဲ့တယ် ဘယ်လို အခက်အခဲ​တွေ ​ကိုရင်ဆိုင်လွှားရတယ်ဆိုတာကို မတူညီတဲ့ animation style​တွေနဲ့ပြသ​ပေးသွားမှာဖြစ်တဲ့အတွက် ရှု့စားကြည့်ကြပါဦးခင်ဗျာ...Batman assault on arkham --------------------------------------- ဒီဇာတ်လမ်းက​တော့ Batman ဆို​ပေမဲ့ suicide squad အဖွဲ့ဝင်​တွေဖြစ်တဲ့ Harley Quinn , Deadshot စတဲ့ Batman villain ​တွေကိုအသား​ပေးပြသထားတာဖြစ်ပါတယ်။ storyက​တော့ Riddler ခိုးယူသွားတဲ့ ပစ္စည်းတစ်ခုကိုပြန်ယူဖို့ Amanda Wallerဟာ Suicide squad ကိုထပ်ဖွဲ့စည်းပြီး စိတ္တဇအကျဥ်း​ထောင် Arkhamကို ဝင်​ဖောက်​စေခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Arkham ​က အဓိက villain ​တွေကို ...
movie

Batman: Gotham Knight (2008)

Titan A.E. (2000) 6.6
Titan A.E. (2000) Titan A.E. (2000)~ IMDb - 6.6/10, Rotten Tomatoes - 50% ~အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ...
movie

Titan A.E. (2000)

2000