Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Craig Tate
7.3
Nickel Boys (2024)
Nickel Boys (2024)IMDb Rating (7.3) / Rotten Tomatoes (90%) ဒီဇာတ်ကားတော့ ၁၉၆၀ နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းတစ်နေရာဖြစ်တဲ့ ဖလော်ရီဒါမြို့မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီးတော့ ရိုက်ကူးထားတာဖြစ်ပါတယ်။အဲဒီအချိန်မှာတုန်းက လူမည်းတွေဟာ လူဖြူတွေနဲ့ တန်းတူအခွင့်အရေးကို စတင်တောင်းဆိုချိန် ပြည်တွင်းလှုပ်ရှားမှုတွေ ဆန္ဒပြနေတဲ့အချိန်ဖြစ်ပါတယ်။ထိပ်တန်းလျှို့ဝှက်ချက်ကတစ်ခုဖြစ်လို့ နှစ်ပေါင်း ၅၀ ကျော်အောင် ထိန်းသိမ်းလာခဲ့ရတဲ့ လုပ်ကြံသတ်ဖြတ်မှုကြီးသုံးခုထဲက တစ်ခုဖြစ်တဲ့ ပြည်တွင်းလှုပ်ရှားမှုဦးဆောင်ခဲ့သူ လူမည်းတစ်ယောက်ဖြစ်တဲ့ဒေါက်တာမာတင်လူသာကင်း ရဲ့ လှုပ်ရှားမှုတစ်စေ့တစောင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း၁၉၆၀ နှောင်းပိုင်း အမေရိကမှာ လူမည်းတွေပေါများလာခဲ့တဲ့အချိန် နစ်ကယ်အကယ်ဒမီ လို့ ခေါ်တဲ့ လူမည်းလူငယ်တွေကို ပြုပြင်ထိန်းသိမ်းတဲ့ကျောင်းတစ်ခုရှိခဲ့ပါတယ်။ဒီကျောင်းဟာတော့ အပြင်ပန်းမှာတော့ ငွေကြေးမတတ်နိုင်တဲ့ကျောင်းသားတွေ ထူးချွန်ပေမယ့်လည်း ဘဝအခွင့်အရေးမပေးတဲ့ လူမည်းတွေကို လူမည်းတွေသီးသန့်အခွင့်ရေးပေးတဲ့ဘော်ဒါကျောင်းအဖြစ် ရည်ရွယ်ထားခဲ့တာပါ။ဒါပေမဲ့ဖြစ်ချင်တော့ အဲဒီကျောင်းဟာ လူအများသိသလို ပရဟိတကျောင်း ဟုတ်မနေဘဲနဲ့ အတွင်းပိုင်းမှာကျောင်းသားတွေကို နှိပ်စက်ပြီး ကျွန်သဖွယ် ကျောင်းကိုဦးစည်းနေတဲ့သူတွေအတွက် အလုပ်လုပ်ပြီး ငွေရှာခိုင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်နေပါတယ်။တစ်နေ့ ...
movie
Nickel Boys (2024)
2024
4K HEVC
The Supremes at Earl’s All-You-Can-Eat (2024)
အားလ်ရဲ့ အဝစားဆိုင်ကနေ The Supremes ဆိုပြီး နာမည်တွင်လာခဲ့တဲ့ အိုဒက်၊ ကလာရိစ်နဲ့ ဘာဘရာ ဂျင်းဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်အဖွဲ့ရဲ့ ဆယ်ကျော်သက်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေစပြီး နောက်လာမဲ့ ဆယ်စုနှစ်သုံးခုအကြာမှာ ကြုံတွေ့ကြရမဲ့ အိမ်ထောင်ရေး၊ မိသားစုဘဝ၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝတွေကို ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု၊ ပူဆွေးမှုစတဲ့ ရသမျိုးစုံနဲ့ ကြည့်ရှုကြရမှာပါ။လက်တွေ့ဘဝမှာ ကြုံကြိုက်တတ်တာလေးတွေကို ဖော်ပြတင်ဆက်ထားတာမို့ တိုက်ဆိုင်မှုလေးတွေပါလို့ ကြည့်ရှုရကျေနပ်စေမှာပါ..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
movie
The Supremes at Earl’s All-You-Can-Eat (2024)
7.5
King Richard (2021)
2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie
King Richard (2021)
5.1
Black as Night (2021)
Black as Night (2021)================ရှော်နာဟာ နယူးအော်လန်မှာ နေထိုင်ပြီး ရှက်တတ်ကြောက်တတ်တဲ့မိန်းကလေးတစ်ယောက်ပါ၊ နောက်ပြီး အမေဖြစ်သူဟာ ဆေးစွဲနေပြီးသူတို့မိသားစုနဲ့ခွဲနေရတော့ အမေရှိတဲ့ အွန်ဘရို့စ်ဆိုတဲ့နေရာကို ရှော်နာ မကြာခဏလာလည်လေ့ရှိပါတယ်။ အွန်ဘရို့စ်က ဆေးသမားနဲ့အပေအတေတွေ နေတဲ့နေရာတစ်ခုပါ။ တစ်ညမှာ ရှော်နာဟာ သူ့သူငယ်ချင်း ပက်ဒရိုရဲ့ တိုက်တွန်းမှုကြောင့် ပါတီပွဲတစ်ခုကို နှစ်ယောက်သားအတူတူသွားခဲ့ပေမဲ့ ရှက်တတ်ကြောက်တတ်တဲ့ သူ့အတွက်တော့ စိတ်ညစ်ပြီး ပါတီပွဲကနေ တစ်ယောက်တည်း ထွက်လာခဲ့တယ်။အဲ့ဒီအိမ်အပြန်လမ်းမှာ ရှော်နာတစ်ယောက် သူ့တစ်ဘ၀လုံးစာ အပြောင်းအလဲကြီးကို ကြုံတွေ့ရမယ်ဆိုတာတော့ မသိခဲ့ပါဘူး။ မထင်မှတ်ဘဲရှော်နာဟာ သွေးစုပ်ဖုတ်ကောင်တစ်ကောင် ကိုက်တာခံလိုက်ရပါတော့တယ်။ နောက်တစ်နေ့ ရှော်နာတစ်ယောက် အဖြေရှာရင်း အဲ့ဒီသွေးစုပ်ဖုတ်ကောင်တွေဟာ အိမ်ခြေယာမဲ့တွေနဲ့ ဆေးသမားတွေကို ပစ်မှတ်ထားနေတယ်ဆိုတာ သိလာရပြီးနောက်ပိုင်း ပြဿနာတွေဟာရှက်တတ်ကြောက်တတ်တဲ့ ရှော်နာဆီ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတော့တယ်။ ဒီကားဟာ လူမည်းတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု လူမည်းတွေရဲ့ ဘ၀နေထိုင်မှုပုံစံတွေကိုပါ တွဲစပ်ဖော်ပြပေးထားတဲ့ကိုလည်း တွေ့မြင်ရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck ...
movie
Black as Night (2021)
2021
7.2
Greyhound(2020)
Greyhound(2020)IMDb...7.2,,,Rotten....78%အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ...ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီးNorth Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ...သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်....ဘာလို့ဆို ခရီးစဉ်မှာရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ....ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်းစစ်မျက်နှာဖွင့်ပါတယ်...ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့....ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီးCaptain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks ကသရုပ်ဆောင်ထားပါတယ်... စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီးစက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး...တစ်ချက်လောက်မှားလိုက်တာနဲ့အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့တာဝန်က ကြီးလွန်းလှပါတယ်....ဒီရုပ်ရှင်ဟာ battle scene တွေက ...
movie
Greyhound(2020)
8.1
12 Years a Slave (2013)
12 Years a Slave (2013) IMDb - 8.1/10_____Rotten - 95% Won 3 Oscars. Another 238 wins & 335 nominations ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ...
movie
12 Years a Slave (2013)
2013