Channel Myanmar

Craig Ross

Memoir of a Snail (2024) 8.1
Memoir of a Snail (2024)  Australian animator နဲ့ filmmaker Adam Elliot ရဲ့2024 ထွက် Stop-motion animated flim လေးမို့Stop-motion fans တွေလက်မလွှတ်သင့်ပါဘူးနော်။Stop-motion ဆိုတဲ့အတိုင်း အသေးစိတ်အနုစိတ်တဲ့ပညာမို့ဒီanimation လေးကို အပြီးသတ်ဖို့ရှစ်နှစ်တောင်အချိန်ယူခဲ့ရပြီးDirector Adam Elliot ရဲ့ဘ၀ကိုလည်း အနည်းငယ်အခြေခံရိုက်ကူးထားတာပါတဲ့။ဒီကားလေးက ထူးခြားတာက ပုံမှန် Adventure သွားတာမျိုးတွေနဲ့Fantasy ဆန်ဆန်တွေမပါပဲ ဂရေစ့်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုံမှန်ဘ၀လေးကို သဘာ၀ကျကျရိုက်ကူးထားတာပါ။အမြဲတမ်းကြီးမဟုတ်ပေမယ့် တစ်ချို့လူတွေက ကံဆိုးတတ်တာများပြီးတစ်ချို့တွေကျ ကံကောင်းတတ်ကြတယ်။ဒီဂရေ့စ်ကတော့ ပထမအတန်းစားထဲပါတယ်လို့ပြောရမယ်ပေါ့။အမေကိုယ်၀န်ရှိခါစမှာ သူ့အဖေကားတိုက်ခံရတော့ ကိုယ်တစ်ပိုင်းသေသွားတယ်။အမေဖြစ်သူကလည်း ဂရေ့စ်နဲ့သူ့အမွှာ‌မောင်လေးဂေးဘတ်ကို မွေးပြီး ဆုံးသွားရော။ အဆိုးတွေများနေပေမယ့်လည်းသူ့ကိုကာကွယ်ပေးမယ့် ဂေးဘတ်နဲ့အတူ ဖခင်ရှိသေးတော့ သူတို့မိသားစုလေးက ပျော်စရာလေးတွေတော့ရှိတာပေါ့။ပြသာနာက ဂရေ့စ်ရဲ့ဖခင်ဆုံးသွားတော့ မောင်နှမနှစ်ယောက်ကမွေးစားအိမ်တစ်အိမ်စီပို့ခံလိုက်ရတယ်။ဂရေ့စ်က တဖြေးဖြေးအထီးကျန်လာပြီး သူစုဆောင်းတတ်တဲ့ ခရုလေးတွေလိုပဲ အခွံထဲမှာပုန်းနေတော့တာပေါ့။ သူ့ရဲ့မျှော်လင့်ရာက ဂေးဘတ်ဆီက စာတွေနဲ့ပင်ကီဆိုတဲ့ အဘွားကြီးတစ်ယောက်။ ပင်ကီက သွက်လက်တယ်ပျော်ပျော်နေတယ် ဂရေ့စ်ရဲ့ မီးခိုးရောင်ကမ္ဘာကြီးထဲက အရောင်လေးပေါ့။ ...
movie

Memoir of a Snail (2024)