Channel Myanmar

Craig Lamar Traylor

Renner (2025) 5.1
Renner (2025)  လက်ရှိ AI တွေဖွံ့ဖြိုးတိုးတက်လာတဲ့ကာလမှာ ပါးစပ်နဲ့လှမ်းပြောပြီး အမေးအဖြေလုပ်လို့ရတဲ့ AI တွေလည်းရှိနေပါပြီ။ဒီလိုမျိုးစကားအပြန်အလှန်ပြောလို့ရတဲ့အခါမှာတော့ ကိုယ့်ရဲ့အဖော်တစ်ယောက်လို သူငယ်ချင်းတစ်ယောက်လို အားကိုးအားထားပြုစရာရလာပြီး ဒီ AI ကိုအသုံးချတတ်ရင် အသုံးချတတ်သလောက် ကိုယ့်အတွက်ကောင်းကျိုးရှိနိုင်ပါတယ်။ဒါပေမယ့် AI လို့ပြောလိုက်တာနဲ့ နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေရှိလာမှာကို ကြောက်နေကြတဲ့လူတွေလည်းရှိကြပါတယ်။အဲ့ဒါကြောင့် ဒီဇာတ်ကားထဲမှာလည်း ဆလေနက်စ်ဆိုတဲ့ AIတစ်ခုကို တီထွင်ဖန်တီးခဲ့တဲ့လူနဲ့ သူ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ဘ၀အကြောင်းကိုရှုစားရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Renner ဖြစ်ပြီး လက်ရှိIMDb Rating 5.1 အထိရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ရန်နာဆိုတဲ့လူက အထက်မှာပြောခဲ့တဲ့ဆလေနက်စ်ဆိုတဲ့ AI တစ်ခုကိုတီထွင်ဖန်တီးခဲ့တဲ့ ကွန်ပြူတာဆရာကြီးတစ်ယောက်ဖြစ်ပါတယ်။သူက အဲ့ဒီ AI ကိုသူ့ဘ၀တိုးတက်ဖို့ ဘ၀နည်းပြအနေနဲ့အသုံးချပြီး သူ့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ တစ်နေ့ထက်တစ်နေ့တိုးတက်လာအောင်ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်သူ့ဘ၀မှာလိုအပ်နေတဲ့ ဘ၀င်မကျတဲ့အရာတစ်ခုကတော့ရှိနေပါသေးတယ်။အဲ့ဒါဘာလဲဆိုတော့ ကွန်ပြူတာသမားတွေရဲ့ထုံးစံအတိုင်း ကောင်မလေးတွေနဲ့ကင်းကွာတဲ့အတွက်သူသဘောကျနေတဲ့သူ့အိမ်နီးချင်းဂျေမီကို လိုက်ဖို့အတွက်ခက်ခဲနေတဲ့အတွက်AI ကိုအကူအညီတောင်းခဲ့ပါတော့တယ်။ဒီလိုနဲ့ AI ကောင်းကျိုးနဲ့တစ်ခါမှစန်းမပွင့်သေးဖူးတဲ့ ရန်နာကြီး စန်းထပွင့်ပြီး ဂျေမီနဲ့ အဆင်ပြေလာခဲ့ပေမဲ့ ဂျေမီရဲ့မရိုးသားတဲ့အကြံတွေကို ဆလေနက်စ်ကရိပ်မိလာတဲ့အခါမှာတော့ AI နဲ့လူသားကြားမှာ ဘယ်လိုအားပြိုင်မယ်ဆိုတာကို ရှုစားရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… ...
movie

Renner (2025)

Matilda (1996) 6.9
Matilda (1996) Matilda (1996)Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ ...
movie

Matilda (1996)

1996