Channel Myanmar

Craig Braun

Flawless (1999)
Flawless (1999) Flawless ကတော့ thriller comedy ဇာတ်လမ်းအမျိုးအစားပဲဖြစ်ပါတယ်။လုံခြုံရေးဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့ဖူးတဲ့ ဝေါ့ဟာ တိုက်ထဲမှာဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုတစ်ခုကနေ ခန္ဓာကိုယ်တခြမ်းလေဖြတ်သွားခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်ကိုဆုံးရှုံးခဲ့ပြီးနောက်စိတ်ဓာတ်ကျနေတဲ့ဝေါ့ဟာ စကားတောင်ပြီးပီပြင်ပြင်မပြောနိုင်တော့တာကြောင့် သူ့ရဲ့တိုက်ခန်းမှာနေတဲ့ သူနဲ့အစေးမကပ်တဲ့ drag queen တစ်ယောက်ဆီမှာ သီချင်းဆိုလေ့ကျင့်ဖို့အကြာင်းဖန်လာပါတော့တယ်။ရှေးရိုးစွဲအမျိုးသားတစ်ဦးနဲ့ ဖျော်ဖြေရေးမိန်းမရှာတို့ရဲ့ကမောက်ကမဆက်ဆံရေးနဲ့ သူတို့တိုက်ထဲမှာဖြစ်ပျက်နေတဲ့မှုခင်းအရှုပ်ထုပ်တွေကို ရီစရာဟာသလေးတွေနဲ့ စိတ်ဝင်စားဖို့ကောင်းအောင်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။File size…(1.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju 
movie

Flawless (1999)

Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Swordfish (2001) 6.5
Swordfish (2001) Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် "  ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie

Swordfish (2001)

2001
Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie

Great Expectations (1998)