Channel Myanmar

Corrado Fortuna

The Boy With Pink Pants (2024) 6.7
The Boy With Pink Pants (2024)  IMDb Rating – 6.7/10ဒီကားကိုတော့ ဒါရိုက်တာ Margherita Ferri ရိုက်ကူးထားပြီးAndrea Arru, Samuele Carrino, Sara Ciocca,Claudia Pandolfi တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားကတော့ အန်ဒရီယာဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။အန်ဒရီယာဟာ အထက်တန်းကျောင်းသားအရွယ် သူ့ရဲ့ဆယ့်ငါးနှစ်မြောက် မွေးနေ့ပြီးနောက်နေ့မှာ သတ်သေသွားခဲ့ပါတယ်။ သူသေဆုံးပြီးနောက်မှာ သူ့အမေဖြစ်သူကဖေ့ဘုတ်အကောင့်ကနေတစ်ဆင့် အန်ဒရီယာတွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကို သိရှိခဲ့ရပါတယ်။အန်ဒရီယာက စာတော်တဲ့ကျောင်းသားလေးဖြစ်ပြီး သူ့ရဲ့ကံဆိုးမှုလို့ ပြောလို့ရတဲ့ ခရစ်စတီယန်နဲ့ မတွေ့ခင်အထိအေးချမ်းတဲ့ဘဝလေး ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။ခရစ်စတီယန်က သူ့အပေါ် မကောင်းနေလည်း သူကတော့သူငယ်ချင်းလို့ မှတ်ယူထားတုန်းပါပဲ။ ဆာရာဆိုတဲ့သူငယ်ချင်းမလေးက ခရစ်စတီယန်မကောင်းကြောင်း သူ့ကိုသတိပေးပေမယ့် သူကတော့ သူငယ်ချင်းဖြစ်ချင်နေတုန်းပါပဲ။ဒီလိုနဲ့ တစ်နေ့မှာတော့ ခရစ်စတီယန်က အန်ဒရီယာ့ကိုမိန်းမလိုလိမ်ပြီးဝတ်ခိုင်းပြီးတော့ အတန်းဖော်တွေရှေ့ ခေါ်သွားတဲ့အပြင် လိုင်းပေါ်မှာပါ ပေ့ခ်ျထောင်ပြီးလှောင်ပြောင်ခဲ့ပါတယ်။ ဒီလိုလုပ်ရတာက အန်ဒရီယာက ပန်းရောင်ဘောင်းဘီတွေ ကျောင်းကိုဝတ်လာခဲ့လို့ပါတဲ့။ဒီကားမှာတော့ ဂေးတစ်ယောက်လို့ လှောင်ပြောင်ခံရတဲ့ကောင်လေးအကြောင်းကို သနားဖွယ်ရာ ...
movie

The Boy With Pink Pants (2024)

Baaria (2009) 6.9
Baaria (2009) Baaria (2009) Genre – Comedy, Drama IMDb Rating (6.9)ဘာဂါရီယာဆိုတဲ့ အီတလီမြို့ငယ်လေးက လူတစ်ယောက်အကြောင်းကို ကလေးဘဝ လူငယ်ဘဝ လူကြီးဘဝ စသဖြင့် ခေတ်အဆက်အဆက် ပြောင်းလဲလာပုံနဲ့အတူ မျိုးရိုး ၃ ဆက်လောက်ကို ရိုက်ကူးတင်ဆက်ထားတဲ့ အီတလီ ဒရမ်မာကားလေး ဖြစ်ပါတယ်။ဒါရိုက်တာ Giuseppe Tornatore ကိုယ်တိုင်ကလည်း အဲဒီမြို့လေးမှာ မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ကားတွေဆို ဆယ်ကျော်သက်လေးက အိမ်ပြောင်းလာတဲ့ မမချော Monica Belluci ကို အပေါက်လေးထဲကနေ ချောင်းကြည့် စိတ်ကူးယဉ်တဲ့ Malena ကို လူသိကြမယ်ထင်ပါတယ်။ဒီဇာတ်ကားလေးထဲမှာတော့ ပက်ပီနိုတိုရာနိုဗာဆိုတဲ့ လူအကြောင်းကို အသေးစိတ် ရိုက်ကူးထားတာပါ။ ကလေးဘဝမှာဆို ခေတ်အခြေအနေအရ စာသင်ရတာပျင်းတာ ကြုံရာအလုပ်ကို ဝင်လုပ်ပြီး ကလေးဘဝလေးကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ရတာတွေကို ပြသထားတာပါ။ လူငယ်ဘဝရောက်တော့ စစ်ပွဲကာလ ကျော်ဖြတ်ရတာတွေ လူငယ်သဘာဝအလျောက် ရည်းစားချစ်သူ ထားတာတွေ မိန်းမလိုချင်တာတွေ တခြားနိုင်ငံရေးလောကထဲ ဝင်ရောက်မိတာတွေကို ပြသထားပါတယ်။ လူကြီးကာလမှာတော့ ကလေးတွေအများကြီးနဲ့ အိမ်ထောင်သည်တစ်ယောက် ဖြစ်တဲ့အပြင် နိုင်ငံရေးလောကမှာ ဘယ်လိုတွေ ရုန်းကန်ရပြီး မိသားစုဘဝကိုလည်း ...
movie

Baaria (2009)

To Rome with Love (2012) 6.3
To Rome with Love (2012) [Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ‌ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie

To Rome with Love (2012)