Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Corey Sevier
The Christmas Charade (2024)
ဒီဇာတ်ကားလေးကတော့ ခရစ္စမတ်အတွက် ခရစ္စမတ် Vibeလေးနဲ့ လန်းလန်းဆန်းဆန်း ပေါပေါ့ပါးပါးကြည့်လို့ရမယ့် Rom Com အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ မိဘများရဲ့လောင်းရိပ်အောက်မိနေတဲ့ ဝစ်တနီဆိုတဲ့ကောင်မလေးဟာ တစ်နေ့မှာတော့ သူငယ်ချင်းတစ်ယောက်စီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို အရဲစွန့်ပြီးသွားခဲ့ပါတော့တယ်။ဘလိုင်းဒိတ်မှာတွေ့ရမည့်သူ မှားသွားသောအခါ၊မှားတွေ့မိတဲ့သူကလည်း အမှုလိုက်ဖို့အတွက် ရည်းစားအတုအဖြစ်ဟန်ဆောင်ဖို့သူကို စောင့်နေတဲ့စုံထောက်ဖြစ်နေေသောအခါ စိုးရိမ်စိတ်ကြီးတဲ့ကောင်မလေး ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားမလဲ ၊ ပြောရခက်တဲ့စုံထောက်ကြီးနဲ့ ကြောက်တတ်တဲ့ကောင်မလေးကြားမှာ အချစ်စိတ်တွေဘယ်လိုပေါ်ပေါက်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.4 GB)/(796 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eunice
movie
The Christmas Charade (2024)
The Heiress and the Handyman (2024)
June လို့ခေါ်တဲ့ သူဌေးမလေးဟာ မိဘတွေထားခဲ့တဲ့အမွေတွေကိုမထိန်းသိမ်းနိုင်တာကြောင့် နေ့ချင်းညချင်းဆင်းရဲသွားပြီး အဒေါ်ဖြစ်သူ Birdie ပေးခဲ့တဲ့ နယ်ဘက်ကအိမ်လေးတစ်အိမ်မှာသွားနေဖို့အကြောင်းဖန်လာပါတယ်။ အဲ့ဒီမှာပဲ Bart နဲ့ Nina လို့ခေါ်တဲ့ အိမ်နီးချင်းမောင်နှမနှစ်ယောက်နဲ့ရင်းနှီးခဲ့ပြီး သူ့ဒေါ်အကြောင်းတွေကိုပိုသိလာရပါတယ်။သူတို့ရဲ့ကောက်ရိတ်သိမ်းပွဲက ပြိုင်ပွဲတွေမှာ အဒေါ်ဖြစ်သူကဗိုလ်စွဲနေကြဆိုတော့ အဒေါ်ဖြစ်သူဆုံးပြီးတဲ့နောက် June တစ်ယောက်ဘယ်လိုမျိုး အဒေါ် Birdie ရဲ့ဂုဏ်ကိုဆောင်မလဲဆိုတာကြည့်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းကပေါ့ပေါ့ပါးပါးလေးဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(840 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...TV Movie, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife
movie
The Heiress and the Handyman (2024)
6.1
Jazz Ramsey: A K-9 Mystery (2024)
cm ပရိသတ်ကြီးကို Hallmark Channel ကနေ အသစ်ထုတ်လွှင့်လိုက်တဲ့ Mystery ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားက IMDB မှာ 6.3 အထိ ရထားတဲ့ ကြည့်ကောင်းတဲ့ဇာတ်ကားလေး တစ်ကားဆိုလည်း မမှားပါဘူး။ဇာတ်ညွှန်းကတော့...ခွေးတွေကို ရှာဖွေကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်သင်ကြားပေးတဲ့ ဂျက်ဇ်ရမ်ဆေးနဲ့ သူ့ပါတနာတွဲဘက် ခွေးလေးဇုစ်တို့ဟာ တစ်နေ့မှာ ဂျက်ဇ်တက်ခဲ့ဖူးတဲ့ ကျောင်းမှာ ကလေးတွေကိုမှုခင်းစူးစမ်းရေး ကလပ်အတွက် သင်ကြားပေးဖို့ ရောက်သွားခဲ့ပါတယ်။ပုံမှန်သရုပ်ပြဖို့အတွက် အရိုးတွေဖွက်ထားပြီး ဇုစ်က ရှာဖွေပြပေးရမှာပါ။ဖြစ်ချင်တော့ ဇုစ်ပြသပေးတဲ့ နေရာဟာ အရိုးဖွက်ထားတဲ့ နေရာမဟုတ်ဘဲ လူသတ်၊ အလောင်းကို ကြမ်းခင်းအောက်မှာ ဖွက်ထားတဲ့အခန်း ဖြစ်နေတာပါပဲ။ဒီလိုနဲ့ ကျောင်းအခန်းက မှုခင်းနေရာ ဖြစ်သွားပြီးတော့ ရောက်လာခဲ့တဲ့မှုခင်းရဲစုံထောက် နစ်ခ်ကလည်း ဂျက်စ်ရဲ့ ရည်းစားဟောင်း ဖြစ်နေပြန်ပါတယ်။ဒီအလောင်းက ဘယ်သူ့အလောင်းလဲ.....ဘယ်သူက သတ်ပြီးတော့ ဒီလိုမျိုး ကြမ်းခင်းအောက်မှာ ဖွက်ခဲ့တာလဲ...ဂျက်ဇ်နဲ့ နစ်ခ်တို့ နှစ်ဦး ဇုစ်နဲ့အတူ ဒီအမှုကို အမှန်ပေါ်ပေါက်အောင်ဘယ်လို ရှာဖွေစုံစမ်းကြမလဲ ဆိုတာကို ...
movie
Jazz Ramsey: A K-9 Mystery (2024)
7.1
Tommy Boy (1995)
တွမ်မီ..လူလေးတွမ်မီလို့ ချစ်စနိုးခေါ်တဲ့ ဝတုတ်လေးတစ်ယောက်ရှိပါတယ်။ဘယ်နေရာမှာမှ မထူးချွန်ပေမယ့် လူချစ်လူခင်တော့ ပေါရှာသူပေါ့။ကောလိပ်ကို ၇နှစ်လောက်တက်ပြီးခါမှ ကပ်သီးလေးနဲ့ အောင်ပြီး အဖေရှိရာဆီ ပြန်ခဲ့ချိန်မှာတော့ အဖေဟာ သူ့အတွက် စပရိုက်ကြီး ၂ခုကို စီစဉ်ထားခဲ့ပါတယ်။တစ်ခုကတော့ ဖခင်ရဲ့ကားလုပ်ငန်းစက်ရုံမှာ ရုံးခန်းတစ်ခုပေးပြီး ရာထူးပေးတာဖြစ်ပြီး နောက်တစ်ခုကတော့ .... အဲ့လို စပရိုက်စ်အကြီးစားကြီး ၂ခုပေးပြီး တစ်ခုကို မပြီးပြတ်ခင်မှာပဲအဖေဟာ ဆုံးပါးသွားပါတယ်။ လူလေးတွမ်မီ ဘယ်လိုရှေ့ဆက်မလဲ File size… 2.6 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z
movie
Tommy Boy (1995)
7.1
Take Me Back for Christmas (2023)
Take Me Back for Christmas (2023) ========================== IMDb Rating - 7.1/10ဒီ Take Me Back For Chrismas လို့ခေါ်တဲ့ကားလေးကတော့ ကြည့်ပြီးရင် ရင်ထဲမှာ ကျန်ခဲ့မယ့် ကားမျိုးထဲ ပါပါတယ်။ နွေးနွေး ထွေးထွေးနဲ့ အတိတ် ပစ္စပ္ပုန် အနာဂတ် အရာအားလုံးကို ဒါရိုက် တာကြီး Joy Holliday က သေသေချာချာ တင်ဆက်ထားတာပါ။ မိသားစု၊ အချစ်၊ ခရစ်စမတ်ရဲ့ တကယ့်အဓိပ္ပာယ် အကုန်လုံးရဲ့ အရေး ပါပုံကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ တနေ့ ရီနေးဟာ အလုပ်က ပြန်စိတ်ပျက် လက်ပျက်နဲ့ ကူကယ်ရာ မဲ့နေတဲ့အချိန် ထူးဆန်းတဲ့ နတ်သူငယ်ဝတ်စုံ ဝတ်ထားတဲ့ မိန်းမတစ်ယောက်ပေးခဲ့တဲ့ ခေါင်းလောင်းလေးကို တီး ပြီးတော့ ဆုတောင်းမိပါတော့တယ်။ တောင်းမိတဲ့ ဆုတောင်းတာ "ခြား နားတဲ့ ဘဝမှာ နေရပါစေ" တဲ့။ ထူးဆန်းစွာနဲ့ သူ့ဆုတောင်းတွေပြည့်ပြီး နောက်တနေ့မနက်မှာ နယူးယောက်က အအောင်မြင်ဆုံး ကုမ္ပဏီအကြီး ကြီးရဲ့ ရုံးခန်းထဲမှာ ...
movie
Take Me Back for Christmas (2023)
2023
5.5
Key to Love (2023)
Key to Love (2023) ===============ကျွန်တော်တို့ဟာ ဘဝရဲ့တစ်ကွေ့ကွေ့မှာချစ်ခြင်းမေတ္တာနဲ့ တွေ့ဆုံ ကြဖူးမှာပါ။ ဒီရုပ်ရှင်ဟာလည်း အချစ်အကြောင်းဖော်ကြူးရိုက်ကူး ထားတယ်ဆိုပါတော့ဗျာ။ ဒီဇာတ်ကားမှာ မင်းသားဖြစ်သူ ဂျော့်ရှ်က အဖိုးဆုံးပြီး အမွေတွေရတော့ မြို့ကြီးကနေ သူရဲ့ချက်မြုပ်ဇာတိ နယ်မြို့လေးကို ပြန်လာရတယ်။ ဇာတ်လိုက်မင်းသမီးလေးက အမွေ ရထားတဲ့စာအုပ်ဆိုင်လေးကိုဦးစီးပြီး နယ်မြို့လေးမှာပဲငြိမ်းချမ်းစွာ နေထိုင်နေတယ်ပေါ့။မင်းသားနဲ့မင်းသမီး အမှတ်မထင်တွေ့ဆုံခဲ့ပြီး သူတို့ရဲ့တွေ့ဆုံမှုက အစမကောင်းခဲ့ဘူး။ နောက်မှ သေချာတွေ့ဖြစ်ကြပြီး တစ်ယောက်ကို တစ်ယောက်ချစ်ခင်စုံမက်သွားကြတယ်။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီ လောက်လည်း ဘယ်လွယ်ကူမလဲဗျာ။ ဂျော့ရှ်အဖိုးဆီကနေ ငွေတွေ ခွာယူနေတဲ့ ဗီလိန်ရှေ့နေကြီးနဲ့ သူ့သမီးကလည်းမင်းသားနဲ့မင်းသမီးရဲ့ ချစ်ခြင်းကို အမျိုးမျိုးဝင်နှောက်ကြသေးတာပေါ့။ အဆုံးမှာတော့ မထင် မှတ်ထားတဲ့အလှည့်အပြောင်းတွေဖြစ်ပြီး ဘယ်လိုဇာတ်သိမ်းသွားမလဲ ဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ ခရင့်ချ် ဖြစ်တဲ့ အချစ်ဇာတ်လမ်းတွေ ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီရုပ်ရှင် လက်မလွှတ်တန်းကြည့်သင့်ပါတယ်လို့အကြံပေးပါရစေခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်)File Size..........(1.46 GB) / (958 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Thetti Tun Encoder..........SWM
movie
Key to Love (2023)
2023
6.1
The Dog Lover’s Guide to Dating (2023)
ဒီဇာတ်ကားလေးဟာ လောလောလတ်လတ်ထွက်ရှိထားတဲ့ Romance and Comedy အမျိုးအစားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ခွေးလေးတွေချစ်တတ်တဲ့သူတွေအတွက် ခွေးထိန်းရင်းရည်းစားရအောင်လုပ်နည်းတွေပြောပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာ လူတွေကိုအယုံအကြည်မရှိတော့လို့ခွေးလေးတွေထိန်းကျောင်းရင်းနဲ့ပဲဘဝကိုဖြတ်သန်းသွားချင်တော့တယ်ဆိုတဲ့ ခွေးလေးတွေကိုနည်းပြလုပ်ပေးတဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့ နာမည်ကြီးကြော်ငြာထုတ်လုပ်ရေးပိုင်ရှင် ဆိုင်မန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုစီးမြောခံစားကြရမှာပါ။ငယ်စဉ်ကတည်းကဖခင်ဖြစ်သူက စွန့်ပစ်သွားတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရွယ်ရောက်ချိန်မှာ ရည်းစားထား အိမ်ထောင်ပြုဖို့အယုံအကြည်မရှိတော့တဲ့အဲလက်စ်တစ်ယောက်ဟာ ခွေးလေးတွေနဲ့ပဲအချိန်ကုန်ဆုံးရင်းတစ်နေ့မှာဆိုင်မန်နဲ့ အမှတ်မထင်ဆုံခဲ့ကြရာက ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့တာပါ။ ဆိုင်မန်ဟာ ကလိုဝီဆိုတဲ့နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ရဲ့အချစ်ကိုရဖို့ကလိုဝီရဲ့ခွေးလေးဆိုင်မန်နဲ့ အရင်နီးစပ်ဖို့လိုတာမို့ ဆွေးလေးဆိုင်မန်ကိုယဉ်ပါးအောင်ထိန်းကျောင်းဖို့အဲလက်စ်ဆီကနေအကြံပြုချက်လေးတွေသင်ယူရင်းနောက်ဆုံးမှာ သူ့ကိုယ်သူရှာတွေ့သွားပြီး အချစ်အကြောင်းဘာမှမသိပါဘူးဆိုတဲ့ဆရာမကြီးအဲလက်စ်ရဲ့အချစ်သင်ခန်းစာတွေမှာတဖြည်းဖြည်းနစ်ဝင်သွားကာအချစ်ဆိုတဲ့အရသာကိုခံစားမိသွားပြီး အချစ်နောက်ကို တကောက်ကောက်လိုက်ခဲ့ပုံနဲ့ အချစ်ကိုရောလူတွေကိုရောအယုံအကြည်မရှိပါဘူးဆိုပြီးစကားအကုန်ပြောထားတဲ့ဆရာမကြီးအဲလက်စ်ဟာဆိုင်မန့်ကိုသင်ခန်းစာတွေသင်ပေးရင်းသူကိုယ်တိုင်အချစ်မှာကျရှုံးခဲ့ရပုံကိုတစ်ဝကြီးခံစားကြည့်ရှူရမှာပါ။ File size…(1.7 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone
movie
The Dog Lover’s Guide to Dating (2023)
6.0
Immortals (2011)
Immortals (2011)=============IMDb Rating - 6.0/10#Unicodeဂရိသူရဲကောင်း သီးစီးယက်စ်ကို အားလုံးပဲသိကြမှာပါ။ သူက ဟာဂျူလီတို့လို အင်အားကြီးမားတဲ့သူရဲကောင်းမျိုး မဟုတ်ပေမယ့် ဥာဏ်ပညာကြီးမားပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီကားဟာ ဂရိဒဏ္ဍာရီတွေပေါ် မှီငြမ်းရိုက်ကူးထားတဲ့ Fantasy အမျိုးအစားပဲဖြစ်ပါတယ်။ သို့ပေမယ့် ဇာတ်လမ်းကြောရိုးသာတူပြီး ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ပုံပြင်တွေနဲ့တော့ကွဲထွက်နေမှာ အမှန်ပါပဲ။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ကို ဖျက်စီးဖို့ ဘုရင်ဟစ်ပီးရီးယန်းကအစ်ပိုင်းရပ်စ်လေးတော်ကို လိုက်ရှာနေတာနဲ့ အစပြု့ထားပါတယ်။ လူသားတို့ရဲ့ အရေးကိစ္စတွေထဲပါဝင်ပတ်သက်ခြင်းမပြု့ရလို့ ဇူးစ်ကိုယ်တိုင်က ဥပဒေချမှတ်ထားတာကြောင့် နတ်ဘုရားတွေကိုယ်တိုင်ကလည်း ဝင်ကူညီရခက်နေကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးဟစ်ပီးရီးယန်းကို တားဆီးနိုင်ဖို့အတွက်သီးစီးယက်စ်ရဲ့ အကူအညီကို ရယူရပါတော့တယ်...။ ဒီကားရဲ့ တင်ဆက်ပုံဟာ 300 Spartans ကားနဲ့အတော်လေးတူညီနေတာကို သတိထားမိတယ်။ နောက်ခံတွေ တိုက်ပွဲတွေဟာ 300 ကားကိုပြန်ကြည့်နေရသလိုပါပဲ။ Fan တွေကတော့ ဂရိဒဏ္ဍာရီတွေနဲ့ အတော်လေးကွဲထွက်နေတာကို သိပ်သဘောမကျကြပုံပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စူပါမင်း(Man of ...
movie
Immortals (2011)
2011