Channel Myanmar

Conrad Kemp

G20 (2025) 5.1
G20 (2025)  G20 (2025)IMDb Rating (5.1) / Rotten Tomatoes (50%) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။အထာကတော့ White House Down တို့ London has fallen တို့လိုအထာပါပဲ။ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲ့မဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ...
movie

G20 (2025)

2025
4K HEVC
Novocaine (2025) 6.7
Novocaine (2025)  The Boys မင်းသား Jack Quaid ပါဝင်ထားတဲ့စူပါဟီးရိုးဆန်ဆန် အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ဇာတ်ကားနာမည် Novocaine ဆိုတာကတော့ထုံဆေးတစ်မျိုးရဲ့ နာမည်ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ လိုက်ဖက်ပါတယ်။သူ့မှာ မွေးရာပါ မျိုးဗီဇရောဂါတစ်ခုဖြစ်တဲ့Congenital Insensitivity to Pain withAnhidrosis (CIPA) မွေးရာပါ နာကျင်မှုကိုမခံစားနိုင်ခြင်းနဲ့ ချွေးမထွက်ခြင်း ရောဂါရှိနေတာပါ။ ပုံမှန်အားဖြင့် ဒီရောဂါရှင်တွေဟာအသက် ၂၅ ကျော်တာ ရှားပါတယ်။ဘာလို့လဲဆိုတော့ နာကျင်မှုဆိုတာ လူတွေအသက်ရှင်ဖို့ မဖြစ်မနေလိုအပ်တဲ့အရာပဲ ဖြစ်လို့ပါပဲ။နာကျင်မှုမရှိတဲ့အခါ ဒဏ်ရာတွေရရင်လည်းမသိအစားစားနေရင် လျှာကိုကိုက်မိရင်တောင် မသိနိုင်တာမို့ အသက်သေဆုံးနိုင်ချေ အရမ်းမြင့်ပါတယ်။ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ကတော့ အရမ်းကို သတိကြီးကြီးနဲ့အသက်ရှင်ခဲ့ပြီး စားစရာကိုတောင် အရည်ပဲသောက်တာမို့ အရွယ်ရောက်လာတဲ့အပြင် ဘဏ်မှာလက်ထောက်မန်နေဂျာတောင်ဖြစ်လာပြီဖြစ်ပါတယ်။ဘဏ်မှာတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်မိပြီးခါမှ ဘဏ်ကို ဓားပြတိုက်ခံရပြီး သူ့ကောင်မလေးကိုဓားစာခံအဖြစ် ဖမ်းခေါ်သွားကြပါတယ်။ဘာမှ တိုက်ခိုက်တတ်တာမရှိပေမဲ့ ဘာလုပ်လုပ် မနာတဲ့ကောင် ပြုတ်မနူးဆိုတော့ ကားတစ်စီးနဲ့ ဓားပြတွေကိုနောက်က လိုက်ကျုံးပြီး ကောင်မလေးကို ကယ်ဖို့ကြိုးစားရပါတော့တယ်။အဓိကကြည့်ရမှာကတော့ ...
movie

Novocaine (2025)

4K HEVC
Sniper: Reloaded (2011) 5.5
Sniper: Reloaded (2011)  Sniper Reloaded ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်ထွက်Rating R ရှိတဲ့ Sniper အသားပေး အက်ရှင်ဒရမ်မာကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ Sniper နဲ့ military အက်ရှင်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။အတိုက်အခိုက် အပစ်အခတ်တွေက ကြမ်းတမ်းရက်စက်သလိုဇာတ်လမ်းကလည်း မဆိုးလှပါဘူး။ တချိန်က နာမည်ကျော်Sniper သမားတစ်ယောက်ရဲ့သား မရိန်းတပ်သားတစ်ယောက်လည်းဖြစ်တဲ့ မင်းသား Brandon ဟာ သူတာဝန်ကျရာ ကွန်ဂိုနိုင်ငံမှသူပုန်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရင်း သူ့ရဲ့အဖွဲ့သားအားလုံးဟာSniper သမားတစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရပြီးသူတစ်ယောက်ပဲ ကံသီပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူ့ဘော်ဒါတွေအတွက် လက်စားချေချင်တဲ့ မင်းသားတစ်ယောက်သတ်တဲ့သူကို အစရှာ လိုက်လံစုံစမ်းတဲ့အခါမှာ ထွက်လာတဲ့အစကဘယ်လောက်ထိ ရှည်လျားပါဝင်ပတ်သက်နေမလဲ မင်းသားအနေနဲ့ရုန်းထွက်နိုင်ပါ့မလား ကြားထဲမှာ မိတ်ဆွေတွေ ချစ်သူခင်သူတွေကရောထိခိုက်သွားမှာလား စတာတွေကို ရင်ခုန်စွာ စောင့်ကြည့်ရမဲ့အက်ရှင်ကားကောင်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်........... File size…1.97GB / 1.05GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 31m Genre ….. Action , Thriller ...
movie

Sniper: Reloaded (2011)