Channel Myanmar

Connie Britton

The Life List (2025) 7.0
The Life List (2025)  The Life List (2025)IMDb Rating (7.0) / Rotten Tomatoes (47%) အဲလက်စ်ဟာ မွေးချင်းသုံးယောက်တည်းမှာ အငယ်ဆုံးနဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူမအထက်မှာ အစ်ကိုနှစ်ယောက်ရှိပါတယ်။ သူ့အစ်ကိုနှစ်ယောက်လုံးကလည်း အရမ်းတော်ကြပြီး သူ့နေရာနဲ့သူ ပေါက်ပေါက်မြောက်မြောက် ရှိကြတဲ့သူတွေပါ။တစ်ဖက်မှာတော့ အဲလက်စ်ဟာ သူ့အမေရဲ့ ကုမ္မဏီဖြစ်တဲ့ ရို့အလှကုန်မှာပဲ မားကတ်တင်းမန်နေဂျာအနေနဲ့ ပြန်လုပ်ပြီး ကိုယ့်ပန်းတိုင်က ဘာမှန်းမသိ ဖြစ်ချင်တာ ဘာမှန်းမသိတဲ့ ထုံပေပေ သိုးမည်းလေး ဖြစ်လို့နေပါတယ်။ဒီလိုနဲ့ မကြာခင်မှာ သူမရဲ့အမေဟာ ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး သူတို့မောင်နှမအတွက် သေတမ်းစာမှာ အမွေချန်ပေးခဲ့တဲ့အခါမှာ အဲလက်စ်အတွက် ဒီဗွီဒီခွေလေး တစ်ခွေကလွဲရင် ဘာမှ မခွဲပေးခဲ့ပါဘူး။ သူက မခံမရပ်နိုင်ဖြစ် ဒေါသတွေ ထွက်ရပေမဲ့လည်း အိမ်ကိုပြန်လာပြီး အဲခွေလေးကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သူ့အမေ မသေခင် ရိုက်ကူးထားတဲ့ဗွီဒီယိုလေးကို တွေ့လိုက်ရပါတော့တယ်။သူ့အမေက သူသမီး ဒီလို ဖြစ်ချင်ရာဖြစ် ...
movie

The Life List (2025)

2025
4K HEVC
Seeking a Friend for the End of the World (2012) 6.7
Seeking a Friend for the End of the World (2012) Seeking a Friend for the End of the World (2012)***********************************************IMDb....6.7၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်....Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကိုကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင်အဲဒီအချိန်မှာ သူ့မိန်းမကလည်းထားသွားခဲ့တယ်..ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် ...Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်..ကမ္ဘာကြီးကလည်း(၃)ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့...သူတို့၂ယောက်ကအိမ်နီးချင်းတွေ...(၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ.... ...ဒီကားထဲကဟာသမင်းသားကြီး Steve Carell  နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်...ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့......... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်..) File Size : 1.32GB/ 550MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:41:00 Genre : Adventure, Drama, ...
movie

Seeking a Friend for the End of the World (2012)

Winner (2024) 6.2
Winner (2024)  Winner (2024)IMDb Rating (6.2)ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာ‌တွေရှိနေပေမဲ့*ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ဒါပေမယ့် သူ့ရဲ့ ...
movie

Winner (2024)

2024
Here After (2024) 5.0
Here After (2024)  Horror / Thriller ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက်Here After ဆိုတဲ့ သေရွာပြန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။လူတွေသေဆုံးပြီးသွားရင် တမလွန်ဘ၀ကိုရောက်ကြတယ်လို့လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ဒါပေမယ့် အဲ့ဒီတမလွန်ဘ၀ကိုရောက်ပြီး ပြန်လာနိုင်ခဲ့တဲ့သေရွာပြန်တွေလည်းအများကြီးရှိကြပါသေးတယ်။အသက်အန္တရာယ်ဆုံးရှုံးနိုင်လောက်တဲ့ အန္တရာယ်တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီး လုံး၀မဖြစ်နိုင်တော့ဘူးထင်ရပြီးမှ လောကကြီးထဲကိုပြန်ဝင်ရောက်လာတဲ့လူတွေလည်း အပြင်လောကမှအများကြီးရှိပါတယ်။ဒီဇာတ်ကားလေးထဲက ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန်ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့်အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲအသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာတစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပိုဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.33GB / 696MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre …..Drama , Horror ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Here After (2024)

The To Do List (2013) 5.8
The To Do List (2013) ဘရန်ဒီ ကလက်ခ်ဆိုတာ အထက်တန်းကျောင်းကလောလောလတ်လတ်ဘွဲ့ရထားတဲ့ ကျောင်းသူလေးပါ။ကျောင်းစာမှာ ထိပ်ဆုံးရောက်အောင် ထူးချွန်ပြီးအဘက်ဘက်က ပြည့်စုံတဲ့သူပေမဲ့ တစ်ခုတော့ လိုအပ်နေပါတယ်။လိင်ကိစ္စနဲ့ပတ်သက်တဲ့ အတွေ့အကြုံမရှိတဲ့ ပြစ်ချက်လေးပါပဲ။ဘရန်ဒီတစ်ယောက် အထက်တန်းဘွဲ့ရပါတီမှာ ခပ်မိုက်မိုက်ကောလိပ်ကျောင်းသား ရပ်စတီဝါးတားစ်နဲ့ တွေ့ပြီးကြွေသွားမိသွားပါတော့တယ်။ဒါပေမဲ့ သူငယ်ချင်းတွေကတော့ လိင်ကိစ္စနဲ့ပတ်သက်လို့ ဘာဆိုဘာမှမသိတဲ့ ဘရန်ဒီရဲ့ အဆင့်ကရပ်စတီကို မီဖို့ အများကြီးလိုနေတယ်လို့ ပြောကြပါတယ်။ဒီတော့ ဘရန်ဒီတစ်ယောက် ရပ်စတီကို ဘယ်လို မီအောင် လိုက်မလဲ။ဘရန်ဒီကလည်း ထူးချွန်ကျောင်းသူပီပီ လိင်ကိစ္စနဲ့ ပတ်သက်ပြီးသူ လုပ်ဖို့လိုတာတွေကို စာရင်းတစ်ခု ပြုစုလိုက်ပါတော့တယ်။စာရင်းထဲက စမ်းသပ်ချက်တွေကို လုပ်ဖို့ ပူးကောင်လေးကတော့သူ့ကို ကြိတ်ကြွေနေတဲ့ သူငယ်ချင်းလေး ကမ်မရွန်ပါ။ဒီတော့ ကောလိပ်မရောက်ခင် ပညာစုံသင်မယ့်ဘရန်ဒီတစ်ယောက် ဘာတွေ လက်တည့်စမ်းဦးမလဲကိုယ့်ကိုကြွေနေတဲ့ သူငယ်ချင်း ကမ်မရွန်နဲ့ကိုယ်က ကြွေနေတဲ့ ခပ်မိုက်မိုက်ကောင်လေး ရပ်စတီကြားဘယ်လိုတွေ ဗျာများဦးမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးနော်   File size…  1.75 GB /  874 MB Quality… Blu-Ray 1080p / ...
movie

The To Do List (2013)

Luckiest Girl Alive (2022) 6.5
Luckiest Girl Alive (2022) Luckiest Girl Alive (2022)မိန်းကလေးတွေ ကြုံဖူးနေကျအတိုင်း ကိုယ်ဟာ victim ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် မိဘအသိုင်းအဝိုင်းကြောင့် victim ဖြစ်ပါတယ်လို့ ထုတ်ဖော်မပြောရဲဘဲ မြိုသိပ်ခဲ့ရတာအပြင် တစ်ခါတစ်ရံမှာ ကိုယ်ဟာ ကျူးလွန်သူရယ်လို့ တဖန်ပြန်လည် စွပ်စွဲခံကြရပါသေးတယ်။ အများအမြင်မှာတော့ ကံကောင်းတဲ့မိန်းကလေးပါလားလို့ အားကျကြပေမယ့် အတွင်းစိတ်ထဲမှာတော့ ဖုံးကွယ်ထားတဲ့ ဒဏ်ရာတွေအပြည့်နဲ့ပေါ့။ဒီဇာတ်ကားလေးကလည်း အဲ့ဒီလိုဖြစ်ရပ်မျိုးကို အခြေခံပြီး ရိုက်ကူးထားတာပါ။ New York မြို့က မဂ္ဂဇင်းတိုက်တစ်ခုမှာ Editor တစ်ယောက်ဖြစ်ပြီး ဥစ္စာပေါရုပ်ချောခင်ပွန်းလောင်းနဲ့လည်း မကြာခင်မှာ လက်ထပ်ရမယ့် Ani တစ်ယောက် မြို့ကြီးပြကြီးမှာတော့ လူအများအမြင် ပြည့်စုံတဲ့ကောင်မလေးတစ်ယောက်ပေါ့။ဒါပေမယ့် တစ်နေ့မှာ Documentary ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်ဟာ Ani တက်ခဲ့တဲ့ ကောလိပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အကြောင်းရိုက်ကူးဖို့ လာကမ်းလှမ်းတဲ့အခါမှာတော့ အတိတ်က ဖုံးကွယ်ထားတဲ့ ပုံရိပ်တချို့ဟာ တစ်စတစ်စ ပိုမိုထင်ဟပ်လာပါတော့တယ်။လူအများထင်ထားခဲ့သလို ပစ်ခတ်မှုမှာ ဗီလိန်ဟာ ဗီလိန်မဟုတ်သလို လူစွမ်းကောင်းကြီးဟာလည်း ...
movie

Luckiest Girl Alive (2022)

2022
Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

Joe Bell (2020) 5.3
Joe Bell (2020) Joe Bell (2020)=============IMDb Rating - 5.3/10Joe Bell 2021 ဟာ 2013 လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအစမှာ ဂျိုးဘဲဟာ ဂေးဖြစ်နေတဲ့ သူ့သားအတွက် awareness ရစေဖို့ တစ်နိုင်ငံလုံးကိုဖြတ်ပီး လမ်းလျှောက်ထွက်ရာက စထားပါတယ်။အဲဒီအ‌ကြောင်းကိုလည်း တစ်နိုင်ငံလုံးက သတင်းတွေမှာပါပြီး နာမည်ကြီးနေပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေကတော့ အတိတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။  ဂျိုးဘဲ ဟာ စိတ်ဆတ်ပြီး စကားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့စရိုက်ကြမ်းသူတစ်ယောက်ပါ။ဂေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သားဖြစ်သူ ဂျေဒင်ဘဲဟာ မိသားစုရဲ့‌ ထောက်ပံ့မှုကို လိုအပ်နေပါတယ်။အဲလိုနဲ့ ဂျေဒင်ဟာ သူဂေးဖြစ်နေတဲ့အကြောင်းကို မိသားစုကို ဖွင့်ပြောလိုက်ပါတယ်။ဒါပေမယ့် ရိုးရိုးပဲတွေးတတ်ပြီး စကားကိုလည်း ဒဲ့ပြောတတ်တဲ့ ဂျိုးဟာ သူ့သားပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ?ဒီကားဟာ LGBTQ community‌ တွေအပေါ် ပိုမိုနားလည်လာစေဖို့ လူတိုင်းကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ...
movie

Joe Bell (2020)

2020
Promising Young Woman (2020) 7.4
Promising Young Woman (2020) Promising Young Woman အညွှန်းကတ်စီ ရဲ့ဘဝမှာ အရာရာတိုင်းက ထင်ထားသလို မဟုတ်ပါဘူးသူမဟာ လှသလောက် ဉာဏ်နီဉာဏ်နက်များပြီး ကလိမ်ကကျစ်လည်း ကျပါတယ်သူမဟာ ညဘက်ရောက်ရင် ကလပ်မှာ ယောက်ျားတွေကိုအမူးလွန်ချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တဲ့ မိန်းမတစ်ယောက်ပါတစ်ချိန်က အရမ်းစာတော်တဲ့ ဆေးကျောင်းသူလေးက ဒီလိုဘဝမျိုးကို ဘယ်လိုများ ရောက်လာတာလဲ?တစ်ချိန်က စိတ်ဒဏ်ရာဖြစ်စေခဲ့တဲ့ အဖြစ်ဆိုးကို သူရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလားPromising Young Woman 2020 ဟာ 92% tomatometer ရထားပြီးIMDB score 7.4 ရထားတဲ့ ထိတ်လန့်သဲဖို ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အပြင်ပန်းမှာ အချစ်ဟာသကားယောင် ဆောင်ထားပေမယ့်လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်လာနိုင်တဲ့ စိတ်ဒဏ်ရာအကြောင်းနက်နက်နဲနဲ ရိုက်ကူးပြထားတဲ့ ကားကောင်းလေးပဲဖြစ်ပါတယ် Translated by : Htet Wai LwinEncoded by : YKQuality : 720 p WEBSCRFile Size : 1.2GbDuraion .1h 53minSubtitle ...
movie

Promising Young Woman (2020)

2020
Bombshell (2019) 6.8
Bombshell (2019) ဒါကတော့ 2019ရဲ့ လူစောင့်ကြည့်ခံရတဲ့ကားတွေထဲကတစ်ကားဆိုတာကတော့ရုပ်ရှင်နဲ့ရင်းနှီးသူတွေသိပြီးသားဖြစ်မှာပါ။ရုပ်သံတင်ဆက်သူအမျိုးသမီးတွေကိုဇာတ်အိမ်တည်ထားတဲ့အတွက်တကယ့်အ‌ချောအလှဒိတ်ဒိတ်ကြဲမင်းသမီးတွေဖြစ်တဲ့Charlize Theron, Nicole Kidman နဲ့ Margot Robbieတို့ ဦးဆောင်ပါဝင်ထားတာပါ။Charlize Theronနဲ့ Margot Robbieတို့ Oscar ဆန်ကာတင်စာရင်းတွေဝင်ပြီးတခြားဆုတွေရရှိပြီး အောင်မြင်မှုရခဲ့ပါတယ်။ဇာတ်လမ်းကတော့ Republicanပါတီကိုအလေးပေးတဲ့Fox News ရုပ်မြင်သံကြားချန်နယ်အတွင်းအမျိုးသမီးအစီစဉ်တင်ဆက်သူများစွာဟာ ခေါင်းဆောင်ပိုင်းအမျိုးသားတွေရဲ့လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု၊ ဖိအားပေးခံရမှုတွေကိုခံခဲ့ရတဲ့အကြောင်းပါ။ရာထူးအာဏာကြီးပြီး ပိုက်ဆံကျောထောက်နောက်ခံရှိတဲ့သူကို တရားစွဲဖို့လုပ်ရင်းဘယ်လိုဂယက်တွေကြုံတွေ့ဆိုတာမြင်ရမှာပါ။အပြင်မှာလည်း လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရသူအမျိုးသမီးများစွာလည်းရှိနေပါတယ်။တစ်ချို့ကတော့ လိင်ကိစ္စနှင့်အောင်မြင်မှုကို လဲလှယ်ခဲ့ကြသူတွေပေါ့။နစ်နာသူတစ်ယောက်ယောက်က မဖွင့်ဟခဲ့လို့တခြားသူတွေပါနစ်နာရတဲ့အဖြစ်မျိုးတွေဖြစ်ရတာကိုပြသသွားခဲ့ပါတယ်။မင်းသမီးတွေကိုကြည့်ရတာနဲ့တင်တန်နေတာမို့ ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 372 MB ) Quality : WEB-DL 720p Running Time : 1 ...
movie

Bombshell (2019)

The Mustang (2019) 7.4
The Mustang (2019) Rating 7.1 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်...မိမိလက်နဲ့ထိန်းကျောင်းပြီး ပြုစုစောင့်ရှောက်ရတဲ့ သတ္တဝါလေးတွေကိုမခင်တွယ်မိသူ ဘယ်သူရှိမှာပါလဲဒီကားလေးမှာတော့ ရိုမန်ကိုးမန်းဆိုတဲ့ အကျဉ်းသားနဲ့ သူရဲ့ မာစတန်မြင်းလေးမာကွီးစ် တို့အကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်ရိုမန်ကိုးမန်းက ဇနီးသည်ကို အပြင်းအထန်နာကျင်စေမှုနဲ့ထောင်ကျခံနေရသူတစ်ဦးဖြစ်ပါတယ်။သူဟာ အကျဉ်းထောင်ထဲမှာ ပြဿနာမရှာတတ်သူဖြစ်တာကြောင့်ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရပြီး မြင်းရိုင်းတွေကိုလေ့ကျင့်သင်ကြားပေးသူ ဖြစ်လာပါတော့တယ်စစချင်းမှာတော့ မာစတန်မြင်းရိုင်းလေးဟာ ဘယ်သူ့ကိုမှလည်းအကပ်မခံ ဘယ်သူ့ကိုမှလည်း အကိုင်မခံတဲ့ မာန်ကြီးတဲ့မြင်းရိုင်းတစ်ကောင်ပါရိုမန်အနေနဲ့လည်းဘယ်လိုပဲကြိုးစားကြိုးစား မာစတန်မြင်းလေးကပျော့ပြောင်းမလာခဲ့ပါဘူးသူအစွမ်းကုန် ကြိုးစားနေရင်း အချင်းချင်း ဆက်နွယ်မှုလေးနဲ့သဟဇာတဖြစ်ဖြစ် အတွဲညီလာတဲ့အချိန်မှာပဲလေ့ကျင့်ထားတဲ့ မြင်းရိုင်းတွေကို လေလံတင်ပစ်တဲ့အချိန်ရောက်လာပါတော့တယ်ရိုမန်အနေနဲ့မာစတန့်ကို ကာကွယ်နိုင်ပါ့မလား။သူတို့နှစ်ဦး အတူတူရှိနေနိုင်ပါ့မလား။ထောင်သားတစ်ယောက်ဖြစ်တဲ့ ရိုမန့်အနေနဲ့ ဘယ်လောက်ထိများသူ့မြင်းလေးကို ကာကွယ်ပေးနိုင်မှာလဲဆိုတာ ကြည့်ရှုရမှာပါချစ်ခြင်းမေတ္တာရဲ့အစွမ်းဟာ မာန်ကြီးလှတဲ့ မူစတန်မြင်းရိုင်းကိုတောင်ပျော့ပြောင်းလာစေတာကို ...
movie

The Mustang (2019)

2019
A Nightmare on Elm Street 2010 5.2
A Nightmare on Elm Street 2010 Horror ကားကြိုက်သူတွေအတွက် အိပ်မက်ထဲက လူသတ်သမားကြီးဖရက်ဒီဆိုရင် လူသိများကြမယ်ထင်ပါတယ် ဖရက်ဒီအကြောင်းပြောရမယ်ဆိုရင်တော့ သူဟာသူသတ်ချင်တဲ့သူကို အိပ်မက်ထဲမှာသတ်လိုက်ဆိုရင် အပြင်မှာ တကယ်သေသွားရတယ်…. သူသည်ဘာလို့ အဲ့ဒီလိုမျိုးဘာလို့လိုက်သတ်ရသလဲ…. အဲ့ဒီမြုပ်ကွက်ကိုက စိတ်ဝင်စားစရာကောင်းပါတယ် သူသည် အလကားသက်သက် ဖရက်ဒီဆိုတဲ့ နာမည်ကြီး လူသတ်သမားတယောက်ဖြစ်ခဲ့တာမဟုတ်ပါဘူးဇာတ်လမ်းအကျဉ်း : ဇာတ်လမ်းအစကတည်းက အိမ်မက်တခုနဲ့အစပျိုးထားပြီး ကော်ဖီဆိုင်တခုထဲမှာအိမ်မက်မက်နေတဲ့ ဒင်းန် တယောက် လန့်နိုးသွားပါတယ်..သူ့သူငယ်ချင်းရောက်လာတော့ ဒီအိမ်မက်တွေအကြောင်းကိုပြောပြဖြစ်တယ်.. တကယ်လိုခံစားနေရတဲ့အကြောင်း လုံးဝမအိပ်ရဲတော့တဲ့အကြောင်းကိုပြောပြပေမယ့် သူ့သူငယ်ချင်းခရစ်က ဒါတွေဟာ အိမ်မက်သက်သက်သာဖြစ်ပြီး စိတ်မပူဖို့ပြောပြီး သန့်စင် ခန်းထသွားခဲ့တယ် တချက်ပြန်ပြီးအိပ်ပျော်သွားတဲ့အခါမှာတော့ ဒင်းန်တစ်ယောက်အသက်ပါပေးလိုက်ရပါတော့တယ် နောက်ပိုင်းမှာ ခရစ်ကလည်း ထိုအိမ်မက်တွေမြင်မက်.. တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီးတော့ ဘာကြောင့်ဒီလိုအိမ်မက်တွေသူတို့မှလာဖြစ်ရတာလဲ.. ဆိုပြီး ကြားထဲက ဆက်နွယ်မှုတစ်ခုကို နောက်ဆုံးကျန်နေတဲ့ ကွမ်တင် နဲ့ နန်စီ တို့ စုံစမ်းရင်းနဲ့ကနေပြီးတော့ ရလာတဲ့ရလဒ်ကတော့ ဆက်လက်ကြည့်ရှုခံစားကြပါ  Download Here ( 800 MB ) - Google Drive | Openload | MegaUp
movie

A Nightmare on Elm Street 2010

2010
Women in Trouble (2009) 5.8
Women in Trouble (2009) Women in Trouble ဇာတ်ကားလေးကတော့ 2009 ခုနှစ်မှာ Director,Writer: Sebastian Gutierrez ရိုက်ကူးထားတဲ့ Comedy,Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့ နာမည်ကြီးမင်းသမီး ၆ ယောက်အထိ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ပုံမှန်ဇာတ်ကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်အိမ်ထူးဆန်းတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။IMDb Rating ကလည်း 5.8 ရရှိထားတာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အမျိုးမျိုးသော မိန်းကလေးတွေရဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာအမျိုးမျိုး နဲ့ ဘဝနေထိုင်မှု့ပုံစံတွေကိုဟာသဆန်စွာ အချိတ်အဆက်မိစွာ ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။Porn Star,A flight Attendant မှအစ အနှိပ်သည်မိန်းကလေးတွေအထိပါမကျန် သူတို့ရဲ့ဘဝတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့အပြင် ပေးချင်တဲ့ messageကိုပါ တစ်ပါတည်းပေးသွားတဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှု့သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(950 MB) and (300 MB) Quality…BR-Rip 1080p Format…mp4 Duration….01:35:22 Subtitle….Myanmar Subtitle (Hardsub) Translated by CM Team Encoded by Naing Aung Latt
movie

Women in Trouble (2009)

2009
Professor Marston and the Wonder Women (2017) 7.1
Professor Marston and the Wonder Women (2017) Professor Marston and the Wonder Women (2017) IMDb - 7.1/10_____Rotten - 86%   ကျွန်တော်တို့အားလုံး Wonder Woman ဆိုတဲ့စူပါဟီးရိုးကို သိကြပါတယ်။မပေါ့်တပေါ် အဝတ်အစားရယ်၊ ဆွဲဆောင်နိုင်လွန်းတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်၊ သူ့ရဲ့ စွမ်းအားတွေရယ်က အတော်လေးကို ရေပန်းစားပါတယ်။ဒီကားလေးကတော့ Batman, Superman တို့လို ဒိတ်ဒိတ်ကြဲဇာတ်ကောင်တွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်တဲ့ ဒီ Wonder Woman ဇာတ်ကောင်ကို ဖန်တီးခဲ့သူ စိတ်ပညာပရော်ဖက်ဆာ မာစတန်အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။လူတိုင်းဟာ အချစ်ကို တစ်ယောက်တစ်မျိုးစီ လက်ခံထားကြပါတယ်။တစ်ချို့က လိင်ကွဲပဲ ကြိုက်သလို၊ လိင်တူပဲ စိတ်ဝင်စားသူလဲရှိပါတယ်။ဒါပေမယ့် 20 ရာစုအစောပိုင်း၊ အချစ်နဲ့ပတ်သက်ပြီး အမြင်ကျဉ်းမြောင်းခဲ့ကြတဲ့ခေတ်မှာ လိင်တူချစ်သူတွေ၊ အမျိုးသမီးရေးရာ လှုပ်ရှားသူတွေ အတော်အကျပ်ရိုက်ခဲ့ပါတယ်။ထူးခြားတာက ပရော်ဖက်ဆာ မာစတန်ရဲ့ မိန်းမဖြစ်သူ အက်လီဇဘတ်ကိုယ်တိုင်က လိင်တူချစ်သူတစ်ဦးဖြစ်နေတာပါပဲ။Wonder Woman ဇာတ်ကောင်ကလဲ Bisexual ...
movie

Professor Marston and the Wonder Women (2017)

2017