Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Colt Prattes
5.5
The Merry Gentlemen (2024)
Comedy ၊ Holiday နဲ့ Romance ရုပ်ရှင် The Merry Gentlemenကတော့ ဝမ်းဗိုက်ကြွက်သားခြောက်ခုနဲ့အမိုက်စားမင်းသားတွေကိုတစ်ဝကြီးကြည့်ရမယ့်ခရစ္စမတ်ကားဖြစ်ပါတယ်။ဘရော့ဒ်ဝေးရဲ့ ဂျင်ဂဲလ်ဘဲစ်ဘဲလေးအကအဖွဲ့မှာ ၁၂ နှစ်ကြာအောင်အရွယ်ကောင်းကိုမြှပ်နှံထားခဲ့တဲ့အက်ရှ်လေတစ်ယောက်အသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့အထုတ်ခံလိုက်ရတဲ့အခါ တစ်ဘဝလုံးကြိုးစားခဲ့သမျှပြိုလဲသွားသလိုခံစားရပြီးမိဘတွေရှိတဲ့နယ်မြို့လေးကိုပြန်သွားခဲ့ပါတယ်။မိဘတွေပိုင်တဲ့အရက်ဘားဟာ တစ်ချိန်ကမြို့ရဲ့အထင်ကရနေရာဖြစ်ခဲ့ပေမယ့် ခေတ်ကာလပြောင်းလဲတာနဲ့အမျှ ခေတ်နောက်ကျကျန်ရစ်ပြီး အကြွေးတွေနဲ့ဆိုင်ပိတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။အက်ရှ်လေက ပညာရှင်အကသမားပီပီ အကဖျော်ဖြေပွဲတစ်ခုဖန်တီးပြီး ဆိုင်ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့အက်ရှ်လေက လူတွေရဲ့အာရုံကိုဆွဲဆောင်နိုင်ဖို့ သူ့ပတ်ဝန်းကျင်ကခန္ဓာကိုယ်တောင့်တင်းတဲ့ရုပ်ချောချောအမျိုးသားတွေကိုအသုံးချပါတော့တယ်။ ခရစ္စမတ်အမျိုးသားအဝတ်ချွတ်ဖျော်ဖြေပွဲအတွက်အက်ရှ်လေနဲ့အဆင်တစ်သိုက်ပြင်ဆင်ကြပုံကို ကြည့်ရှူကြရမှာဖြစ်ပါတယ်။ File size… (1.52GB) / (802MB ) Quality… NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Musical , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Merry Gentlemen (2024)
5.8
Deadly Misconduct (2021)
Deadly Misconduct (2021)====================IMDb Rating - 5.8/10ဒီတစ်ခါမှာတော့ စုံစမ်းရေးမှူး အလန်းစားလေး ပါဝင်ထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။အန်နီဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့လက်ထောက်စုံစမ်းရေးမှူးဖြစ်ဖို့အတွက်အလားအလာကောင်းများစွာ ရှိနေတဲ့သူပါ။ ဒီလို အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အန်နီအတွက် သူ့သမီးလေးကတော့အရာရာပါပဲ။သူ့ချစ်သူ မာ့ခ်ရဲ့ ဖောက်ပြန်မှုကို သိသွားပြီးတဲ့နောက်ဖြေရှင်းကြတဲ့ခါမှာ သမီးလေးကိုသာ ကမ္ဘာထင်နေတဲ့ အန်နီဟာသူ့ရဲ့ ချစ်သူမာ့ခ်အပေါ်မှာတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်ပဲနှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။တစ်ဖက်မှာလည်း လာဆန်က အန်နီနဲ့ ပြိုင်ဘက်ရှေ့နေတစ်ယောက်ပါ သူဟာ ဥပဒေအသိုင်းအဝိုင်းမှာ အသပြာရှေ့နေအဖြစ် နာမည်ကြီးသူဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ အန်နီတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် လာဆန်အိမ်မှာတစ်ညအချိန်ကုန်မိသွားပြီး နိုးလာတဲ့ချိန်မှာ လာဆန်တစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ပါတော့တယ်။အန်နီကလည်း ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ... လာဆန်ကို သတ်တဲ့တကယ့်တရားခံအစစ်ကဘယ်သူလဲ...လူသတ်သမားက အန်နီကို ဒုက္ခပေးချင်တာလား... ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့လဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R ...
movie
Deadly Misconduct (2021)
2021