Channel Myanmar

Cole S. McKay

Far and Away (1992) 6.6
Far and Away (1992)  Tom Cruise နဲ့ Nicole Kidman တို့ရဲ့ 1992 ခုနစ်မှာ ထွက်ရှိခဲ့တဲ့ romance/drama ဇာတ်လမ်းတစ်ပုဒ်ပါ နှစ်ယောက်လုံးရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်လှလွန်းတဲ့ အသက်ပါပါ သရုပ်ဆောင်ချက်တွေကို ဒီကားထဲမှာ ခံစားကြည့်ရှုရမှာပါ IMDb rating 6.6 နဲ့ Letterboxd မှာ 3.2 ရထားတဲ့ western film ကောင်းတစ်ခုပါပဲ၁၈၉၀ ဝန်းကျင်ကာလ အိုင်ယာလန်ပြည်မှာ မြေရှင်တွေဟာ အမြတ်ကြီးစားပြီး မြေငှားခ မတရားတင်တဲ့အတွက် မြေငှားလယ်သမားတွေက အလွန်အမင်း မုန်းတီးစက်ဆုပ်ကြတယ် အဲဒီထဲမှာ လူငယ်လေး ဂျိုးဆက်ဖ်ဒေါ်နယ်လီ လည်း အပါအဝင်ပါပဲ တစ်နေ့ မြေငှားတွေနဲ့ မြေရှင် ရုန်းရင်းဆန်ခတ်ဖြစ်ကြချိန် ဂျိုးဆက်ဖ်ရဲ့ အဖေဟာ သေနတ်မှန်ပြီး ဆုံးသွားခဲ့တယ် သူ့အဖေအတွက် ကလဲ့စားချေဖို့ ဂျိုးဆက်ဖ်ဟာ မြေရှင်ဖြစ်သူ ဒန်နီရယ်ခရစ်စတီ ကို လိုက်ရှာခဲ့တယ်မြေရှင်ရဲ့အိမ်ကိုရောက်တော့ မြေရှင်ရဲ့ သမီးဖြစ်သူ ရှာနွန်ခရစ်စတီ ...
movie

Far and Away (1992)

Kiss Kiss Bang Bang (2005)
Kiss Kiss Bang Bang (2005) Kiss Kiss Bang Bang (2005) *************************** IMDb....7.5,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့ LA ကို​ရောက်​သွားပါတယ်​။အဲဒီမှာ ငယ်​ကကျွမ်းတဲ့ ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာ ပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်း ရုပ်​ရှင်​မင်းသားကို အရမ်း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲဒီရုပ်​ရှင်​မင်းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြ့ည့်ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင့်ခန်းတွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်းနေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့ အ​လောင်းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။အသတ်​ခံရတဲ့​ကောင်​မ​လေးကရော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ဟိုရုပ်​ရှင်​မင်းသားကရော ဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်နေမလဲ ​ဇာတ်​လမ်းကို​တော့ ဟယ်​ရီက နောက်​ခံစကား​ပြောတဲ့ပုံစံမျိုးနဲ့ တင်​ဆက်​ထားတာဖြစ်​ပါတယ်​။ဟာသ​လေး​တွေ​နှောပြီး အူ​ကြောင်​​ကြောင်​နဲ့ အမှုကို​ဖော်​ထုတ်​သွားတာဖြစ်​လို့ရယ်​လည်းရယ်​ရ စိတ်​လည်း ဝင်​စားဖို့​ကောင်းပါတယ်​။ဟယ်​ရီအဖြစ်​ အူ​ကြောင်​ကြား ...
movie

Kiss Kiss Bang Bang (2005)

Ice Cream Man (1995) 4.7
Ice Cream Man (1995) ရေခဲမုန့်အရမ်းကြိုက်တဲ့ကောင်လေးက ငယ်ငယ်က သူဝယ်စားနေကျရေခဲမုန့်သည်ကြီး သူ့ရှေ့မှာအသတ်ခံလိုက်ရတာကိုမြင်ပြီး  Traumaရသွားတယ်..။ အဲဒီနောက် သူကြီးလာတော့ ကိုယ်တိုင်ရေခဲမုန့်သည်ဖြစ်လာတယ်။ ကလေးတွေအရမ်းကြိုက်ကြတဲ့ ရေခဲမုန့်ပေါ့။ ဒါပေမဲ့ ရေခဲမုန့်ထဲမှာ ဘာတွေထည့်ထားလဲဆိုတာကိုသိရင်တော့ စားချင်ကြတော့မှာမဟုတ်ပါဘူး။ ကလေးပျောက်မှုတွေ လူသတ်မှုတွေက ရေခဲမုန့်သည်ရဲ့လက်ချက်ဆိုတာကို ဂျွန်နီ၊ ဟယ်သာ၊ တူနာတို့ကလွဲရင် တစ်ရပ်ကွက်လုံးမသိကြသလို ကလေးတွေက ခဏခဏတိုင်ကြားပေမဲ့ သက်သေလည်းမရှိတော့ ရဲတွေလည်း ဘာမှလုပ်လို့မရပါဘူး။ ဒီတော့ ဂျွန်နီတို့ဖွဲ့ထားတဲ့ ဒုံးပျံအဖွဲ့သားတွေကရော ရေခဲမုန့်သည်ကို အနိုင်ယူနိုင်ပါ့မလား၊ စိတ္တဇလူသတ်သမားရေခဲမုန့်သည်ကရော ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကို Ice Cream Manဇာတ်ကားထဲမှာ ကြည့်ရှုအဖြေရှာလို့ရပါပြီ။ လူသားပေါက်စီလို ခပ်ဆင်ဆင်ကားမျိုးမို့ အသည်းငယ်သူတွေ မကြည့်သင့်ပါဘူး။ File size…(1.7GB)/(832.51MB)/(536.77MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Su Eaindra
movie

Ice Cream Man (1995)

Super(2010) 6.8
Super(2010) Super(2010) IMDb.....6.8 2010 မှာထွက်ရှိခဲ့တဲ့ အလန်းစား Superhero ဇာတ်လမ်းပဲဖြစ်ပါတယ် Superhero Comedy ဇာတ်ကားဖြစ်ပြီး ဘာဖြစ်လို့ IMDB 6.8 အထိတောင်ရခဲ့တာလဲ..ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Guardian of the Galaxy ကိုပုံဖော်ပေးခဲ့တဲ့ ဒါရိုက်တာ James Gunn ပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းထဲမှာတော့ ဟာသမင်းသားကြီး Rainn Wilson က ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားပြီးနာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Ellen Page နဲ့ Liv Tyler တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ငယ်စဉ်ကလေးဘဝတည်းကလူတွေရဲ့အနှိမ်ခံဘဝနဲ့နေထိုင်လာရတဲ့ ဖရန့်ခ်ဒါဘို (Rainn Wilson)ရဲ့ မသိစိတ်ထဲမှာတော့ psycho အသေးစားလေးတစ်ခုစွဲကပ်ခဲ့ပါတယ်...အရွယ်ရောက်လာတဲ့အခါမှာလည်း မိန်းမဖြစ်သူ'ဆာရာ'(Liv Tyler)ဟာ သူ့ကိုစွန့်ပစ်ပြီး 'ဂျော့ခ်'ဆိုတဲ့လူနောက်ကိုလိုက်သွားခဲ့ပါတယ် 'ဂျော့ခ်'ဆိုတဲ့သူဟာလည်း ဒုစရိုက်မှုတွေလုပ်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ဒီတော့ဖရန့်ခ်ရဲ့စိတ်မှာ စွဲကပ်နေတဲ့ psycho တွေဟာကြီးမားလာပြီးသူဟာ ဘုရားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့လူတစ်ယောက်လို့ ထင်ယောင်ထင်မှားဖြစ်ကာ ရာဇဝတ်မှုတွေကိုနှိမ်နင်းပါတော့တယ် သူ့လုပ်ရပ်တွေကိုသဘောကျနေတဲ့ 'လစ်ဘီ'(Ellen Page)ဆိုတဲ့ ချာတိတ်မတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးနှစ်ယောက်အတူပူးပေါင်းမိခဲ့ပါတယ် အဲ့နောက်မှာတော့ ဖရန့်ခ်နဲ့လစ်ဘီဟာ 'ဆာရာ့'ကိုကယ်ဖို့ကြိုးစားရင်း ...
movie

Super(2010)

2010