Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cole Heppell
6.2
Diary of a Wimpy Kid (2010)
Diary of a Wimpy Kid (2010)~ IMDb - 6.2/10, Rotten Tomatoes - 54% ~စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ "ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်" လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း ...
movie
Diary of a Wimpy Kid (2010)
2010
3.7
The Fog (2005)
The Fog (2005) Genre – Horror, MysteryHalloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်းလေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကိုသူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီးကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေးအဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ...
movie
The Fog (2005)
6.4
Dear Mr. Gacy (2010)
Dear Mr. Gacy (2010) ================= IMDb Rating - 6.4/10စိတ္တဇလူသတ်သမားတစ်ယောက်ရဲ့စိတ်ကို နားလည်ချင်ပါသလား၊ နားလည်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်း ပါတယ်။ စိတ္တဇလူသတ်သမားနဲ့မိတ်ဆွေဖြစ်ခဲ့တဲ့သူက အရိပ်လို လွှမ်းမိုးနိုင်ခဲ့တဲ့အကြောင်းတွေရဲ့ ဖြစ်ရပ်မှန်အချက်အလက်တွေကို သေချာရိုက်ပြထားတာပါ။အက်ဖ်ဘီအိုင်တောင်အဖြေမရှာနိုင်တဲ့ စိတ္တဇကွင်းဆက်လူသတ်သမား တစ်ယောက် ဂျွန်ဝိန်းဂေဆီ ကို ၁၈နှစ်အရွယ် ကောလိပ်ကျောင်းသား ဖြစ်တဲ့ ဂျေဆန်မော့စ် ကတော့ စိတ်ဝင်စားမိပါတယ်။ ကျောင်းမှာလည်း စာတော်တဲ့ မော့စ်က သူ့စာတမ်းအတွက် ဂေဆီ့အကြောင်းရေးဖို့ ဆုံး ဖြတ်ချက်ချခဲ့ပါတယ်။ အချိန်ကတော့ ဂေဆီကိုသေဒဏ်မပေးခင် ခြောက်လအလို...မော့စ်က ဂေဆီကိုချဉ်းကပ်ဖို့အတွက် စာတစ်စောင်ရေးခဲ့ပါတယ်။ လွယ်လွယ်နဲ့စာပြန်မလာတဲ့အတွက် ဂေဆီစိတ်ဝင်စားမယ့် ဂေးဆန် ဆန်ဓါတ်ပုံတွေပါ ထည့်ပြီး စာပို့လိုက်ပါတယ်။ ယောက်ျားလေး ၃၃ ယောက်ကို မုဒိန်းကျင့်လူသတ်ခဲ့တဲ့ ဂေဆီအတွက်တော့ ထောင်ထဲ နေရင်း မုတ်ဆိတ်ကိုပျားစွဲတော့တာပေါ့။ သိပ်မကြာခင်မှာ မော့စ် နဲ့ ဂေဆီတို့ စာအပြန်အလှန်ရေးဖြစ်ရင်း ဖုန်းပါပြောဖြစ်ခဲ့ကြပါတယ်။ဂေဆီ့အကြောင်းတွေကို တစ်ဖြေးဖြေးနားလည်လာခဲ့တဲ့ မော့စ် တစ် ယောက်၊ ဂေဆီ နဲ့သူက တစ်သားတည်းဖြစ်လာသလို ခံစားခဲ့ရပါတယ်။ အပြစ်တင်စိတ်တွေစိုးမိုးလာခဲ့တယ်။ ကြောက်စိတ်တွေပြင်းထန်လာခဲ့ တယ်။ မော့စ်ဆိုတဲ့ လူတစ်ယောက် တစ်ဖြေးဖြေးပျောက်ကွယ်လာတဲ့ အချိန် ဂေဆီ သေဒဏ်ပေးခံရတဲ့နေ့မှာတော့.... မော့စ် ...
movie
Dear Mr. Gacy (2010)
2010
5.5
Red Riding Hood (2011)
Red Riding Hood (2011)_____IMDb - 5.5/10 ဒီဇာတ်ကားကို စာရေးဆရာမ Sarah Blakley-Cartwright ရဲ့နာမည်ကျော် Red Riding Hood စာအုပ်ကိုအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ Drama, Horror အမျိုးအစားဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီးLeonardo DiCaprio ကထုတ်လုပ်သူအဖြစ်ပါဝင်ခဲ့ပါတယ်။ ဇာတ်ကားရဲ့ဒါရိုက်တာကတော့ Catherine Hardwicke ဖြစ်ပြီးခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးချော Amanda Seyfried ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားချော Lukas Haas နဲ့ မကြာသေးခင်ကမှ Oscar ဆုကိုရှရှိခဲ့တဲ့ မင်းသားကြီး Gary Oldman တို့က ဇာတ်ပို့သရုပ်ဆောင်များအဖြစ်ပါဝင်ထားပါတယ်။ Horror Genre ဖြစ်လို့ ရုပ်ရှင်အကဲဖြတ်တွေအကြား ရေပန်းမစားခဲ့ပေမယ့်လည်း တကယ်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ----------------------------- Valerie ဟာ Daggerhorn လို့ခေါ်တဲ့ ရွာလေးမှာနေထိုင်တဲ့ မိန်းမပျိုလေးတစ်ဦးဖြစ်ပြီးတော့ အဲဒီရွာဟာ သမန်းဝံပုလွေတစ်ကောင်ရဲ့ နှောင့်ယှက်ခြင်းကိုခံနေရပါတယ်။ သူဟာ မိဘမဲသစ်ခုတ်သမားလေး Peter နဲ့ရည်ငံနေပေမယ့် မိဘဖြစ်သူတွေက ချမ်းသာကြွယ်ဝတဲ့ပန်းပဲဆရာကြီးတစ်ဦးရဲ့သားဖြစ်သူ Henry Lazar နဲ့လက်ထက်ထိမ်းမြားဖို့ ကြောင်းလမ်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့်သူတို့ချစ်သူနှစ်ဦးက မခွဲနိုင်တာကြောင့် ...
movie
Red Riding Hood (2011)
2011