Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cole Hauser
7.1
Pitch Black: Riddick (2000)
movie
2000
5.9
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
2 Fast 2 Furious (2003) Fast and Furious 2
2003
4K HEVC
6.9
Tigerland (2000)
Tigerland (2000)IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကိုအပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် ...
movie
Tigerland (2000)
2000
6.3
Transcendence (2014)
Transcendence(2014)2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ...Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်....PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး...နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသောteam တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်...နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..သူတို့ကတော့ "Revolutionary Independence From Technology" (R.I.F.T.)ပါ..လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်...ဒါအပြင် ...
movie
Transcendence (2014)
2014
6.5
Olympus Has Fallen (2013)
Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။ CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ....ဒီမှာ https://www.channelmyanmar.to/?s=has+fallen ကြည့်လို့ရပါတယ်။+++++++++++Olympus Has Fallen (2013)IMDB: 6.5 / Rotten Tomatoes: 50% Genre: Action/ThrillerOlympus Has Fallen (2013) ကတော့ Has Fallen ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီးတော့ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... မိုက်ခ်ဆိုတာကတော့ သမ္မတကြီးရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ရာသီဉတုအရမ်းဆိုးတဲ့ညတစ်ညမှာ ပွဲတစ်ခုကိုလိုက်ပို့ရင်း ကံမကောင်းအကြောင်းမလှတော့ သမ္မတကတော်အသက်ဆုံးခဲ့ရပါတယ်။ အဲဒါကြောင့် မိုက်ခ်ဟာလည်း ရာထူးမှနှုတ်ထွက်ခဲ့ပြီး ဌာနတစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားသံအမတ် လီနဲ့သမ္မကြီးအက်ရှာတို့ဟာ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်မှာ မြောက်ကိုရီးယားစစ်ရေးပြင်နေတာကိုတားဆီးမယ့်ကိစ္စကို အိမ်ဖြူတော်မှာဆွေးနွေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမည်အသိ လေယာဉ်တစ်စင်းဟာ အမေရိကန်လေပိုင်နက်ထဲကိုရောက်လာခဲ့ပါတယ်။ အိမ်ဖြူတော်အတိုက်ခိုက်ခံလိုက်ရပါပြီ။ ကျန်တာတွေကတော့ ဆက်လက်ခံစားကြည့်လိုက်ကြပါ... မိုက်ခ်ဘန်းနင်းအဖြစ် မင်းသား Gerard Butler သမ္မတ အက်ရှာအဖြစ် မင်းသား Aaron Eckhart ယာယီသမ္မတအဖြစ် မင်းသားကြီး ...
movie
Olympus Has Fallen (2013)
2013
4K HEVC
Paparazzi (2004)
Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Paparazzi (2004)
7.6
Dazed and Confused (1993)
ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိသောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ...
movie
Dazed and Confused (1993)
5.3
A Good Day to Die Hard (2013) Die hard 5
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
A Good Day to Die Hard (2013) Die hard 5
2013
Extended
5.3
The Hit List (2011)
အယ်လန် ကမ့်ဘဲလ်ဆိုတာက အရှုံးသမား အကြွေးကဝိုင်းမိန်းမကလည်း အချစ်ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်အလုပ်မှာ ရာထူးတိုးကလည်းမရ။ဒီလိုနဲ့ပဲ ညဘက်အရက်ဆိုင်မှာမှောက်ဖို့ကြံနေတဲ့သူ့ဆီကိုမိတ်ဆက်လာတာကတော့ ဂျိုးနားစ် အာဘာ။အထူးအေးဂျင့်အနေကနေ ပြေးလာပြီးတော့ ဒီမြို့လေးမှာအချိန်လာဖြုန်းလုပ်ချင်ရာလုပ်နေတဲ့လူ။ အယ်လန်ရင်ဖွင့်သမျှကြားပြီး ဂျိုးနားစ်က သူ့ကိုကမ်းလှမ်းခဲ့တာကအယ်လန်အမုန်းဆုံးလူ နာမည်ငါးခုချရေး ဂျိုးနားစ်ကရှင်းပေးမယ်။ဂျိုးနားစ်ကတော့မယုံမကြည် မူးမူးနဲ့ရေးပေးလိုက်ပြီးနောက်နေ့မနက် ပထမတယောက်ကို တကယ်ဖြစ်လာတဲ့အခါမှာတော့အယ်လန်တယောက် ကျန်တဲ့လူတွေကိုပါ ဂျိုးနားစ်ရဲ့ရန်ကနေကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ဂျိုးနားစ်ရဲ့ကစားပွဲအောက်မှာ အယ်လန်တယောက်စာရင်းထဲပါသူတွေကို ကယ်တင်နိုင်ပါ့မလား။ဂျိုးနားစ်ကရော ဘာဖြစ်လို့ ဒီလိုမျိုးလုပ်နေတာလဲ။ဒီကစားပွဲရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက်ထဲကဘယ်သူကအောင်မြင်သွားမလဲဆိုတာကိုCMပရိတ်သတ်ကြီးကဒီဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။ File size… 1.5 GB / 590 MB Quality… Bluray 1080p / 720p Format… mp4 Duration…. 1h 41m Genre ..... Action, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by... Brackman
movie
The Hit List (2011)
4.1
The Ritual Killer (2023)
The Ritual Killer (2023) =================မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ် ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာ တစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက် ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ် ရာနဲ့ဖခင်တစ်ယောက်ပါ။တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့ တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။ ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့် လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.45 GB) / (575 MB) / (335 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......CM Team Encoder..........SWM
movie
The Ritual Killer (2023)
2023
6.5
Higher Learning(1995)
Higher Learning==============အခုတင်ဆက်မဲ့ကားကတော့ အမြင်လှပြီးအတွင်းပုပ်နေတတ်တဲ့အမေရိကန်တက္ကသိုလ်လောကအကြောင်းကို ကွက်ကွက်ကွင်းကွင်းတင်ဆက်ထားပါတယ်။Columbus တက္ကသိုလ်ဟာ နာမည်ကြီးအကောင်းဆုံးတက္ကသိုလ်တွေထဲကတခုပါ။ဒီကျောင်းကြီးရဲ့ပရ၀ုဏ်အတွင်းမှာကတော့လူဖြူလူမည်းပဋိပက္ခတွေလူမျိုးရေးခွဲခြားဆက်ဆံတာတွေလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေစသဖြင့်ပွေလီရှုပ်ထွေးနေပါတယ်။ဒီလိုနေရာကိုရောက်လာတဲ့ကျောင်းသားသစ်သုံးယောက်ကတော့Malik Williamsလူမည်းအပြေးအားကစားကျောင်းသားဖြစ်ပြီးပညာရေးမှာရုန်းကန်နေရပါတယ်။Kristen Connor ကတော့ အရှက်ကြီးပြီးအယုံလွယ်တဲ့ကျောင်းသူလေးပေါ့။Remyကတော့ ရေကန်မရှိတဲ့ငါးလိုကိုယ့်နယ်ကနေရပ်ရွာသစ်မှာအဖော်မဲ့လမ်းပျောက်နေသူပါ။ဒီသုံးယောက်ရဲ့ကျောင်းသားသစ်ဘ၀မှာတဦးချင်းစီကြုံတွေ့ရမဲ့ လူမျိုးရေးခွဲခြားမှုတွေ, သွေးထိုးလှုံ့ဆော်မှုတွေ, လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း အတွေးအမြင်ကောင်းကောင်းတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားကိုတော့Omar Epps, Ice Cube, Jennifer Connelly, Laurence Fishburne စသဖြင့်နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်အားဖြည့်ထားပါတယ်။ File Size : 2.73GB / 1.28 GBQuality : BluRay 1080p 5.1CH , 720pDuration : 2hr 8minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by BrackmanEncoded by Min Wai
movie
Higher Learning(1995)
The Minute You Wake Up Dead (2022)
"မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan ...
movie
The Minute You Wake Up Dead (2022)
7.0
Hart’s War(2002)
Hart's War(2002) အညွှန်း*********************** မင်းသားကြီး Bruce Willis နဲ့ Collin Ferrellတို့ရဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းက true story လို့မဆိုသာပေမယ့် စာရေးဆရာ John Katzenbach ကသူ့အဖေ Nicholas ရဲ့ စစ်တွင်းအတွေ့အကြုံတွေကို မှီငြမ်းထားတာမလို့ တစ်စိတ်တစ်ပိုင်းတော့ မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်.. အဲဒီခေတ်က အပြင်လောကမှာသာမက တပ်ထဲမှာပါလူဖြူလူမည်းဆက်ဆံရေးကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။WWII ကာလ တပ်သားစုဆောင်းရေးမှာ ဥပဒေဒုတိယနှစ်ကျောင်းသားလေးသောမတ်စ်ဟာ့တ်လည်း ပါသွားတယ်..သူက စစ်ပွဲနဲ့ လားလားမှ မသက်ဆိုင်တဲ့သူ လက်ဖ်တင်နင်ဘဝနဲ့ပဲ ကျေနပ်နေတဲ့သူပေါ့...ဒါပေမယ့် သူ့အဖေကလည်း တပ်ထဲမှာ ထူးချွန်တဲ့ အရာရှိကြီးတစ်ဦး.. တစ်နေ့တော့ အူတီးအူလည်နဲ့ အထက်လူကြီးတစ်ယောက်ကို လိုက်ပို့ရင်းဂျာမန်တွေဆီမှာ အဖမ်းခံလိုက်ရတယ် ဟာ့တ်တစ်ယောက် သုံ့ပန်းစခန်းကိုရောက်သွားပြီး Bruce Willis တို့ထံရောက်သွားတယ်..စစ်သုံ့ပန်းဘဝနဲ့ ဘယ်လိုပြဿနာမျိုးစုံတွေ့ရမလဲဆိုတာကိုတော့... File Size : (2.03GB)(761 MB) and (245MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : War , Drama Subtitle : ...
movie
Hart’s War(2002)
8.3
Good Will Hunting(1997)
Good Will Hunting(1997) IMDb....8.3,,,,Rotten ...97 ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ...သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ -------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်...လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ...
movie
Good Will Hunting(1997)
1997
Panama (2022)
Panama (2022)ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကတော့ Yoon Sandi ...
movie
Panama (2022)
2022
5.5
Running with the Devil(2019)
movie
Running with the Devil(2019)
2019
6.6
Tears of the Sun(2003)
Tears of the Sun(2003)Tears of the Sun ဆိုတဲ့ စစ်ကားဟာ ကျွန်တော်တို့ ကလေး ဘ၀ကထဲက ထွက်ရှိပြီး ဘာသာစကားနားမလည် စာတန်းမထိုးဘဲနဲ့ ကြည့်ခဲ့ရတာပါ..... သို့ပေမယ့် Bruce Willis ခေါင်းဆောင်တဲ့ Navy SEAL အဖွဲ့ဟာ အန္တရယ်များလွန်းလှတဲ့ ပြည်တွင်းစစ်ကြားမှာ ကယ်ဆယ်ရေး သွားလုပ်ရတဲ့ အထူးစစ်ဆင်ရေးတစ်ခုဆိုတာကို ကျွန်တော်တို့ သိခဲ့ကြတယ်.... ဒီ Navy SEAL အဖွဲ့နဲ့ စစ်ဆင်ရေးအတူရောက်သွားသလို ခံစားရသလို ဗီဒီယိုရုံတစ်ခုလုံးလည်း အပ်ကျသံမကြားရလောက် တိတ်ဆိတ်စွာ ရင်ထိတ်စိတ်လှုပ်ရှားနေကြအောင် ဒီဇာတ်ကား ဆွဲဆောင်မှုရှိခဲ့တယ်.. နိုင်ဂျီရီးယားရဲ့ ပြည်တွင်းစစ်က တကယ့်ကိုသွေးပျက်ဖွယ်ရာပဲ.. လက်နက်ကိုင်မျိုးစုံ ထကြွသောင်းကျန်းကြသလို လူမျိုးစု ၂၅၀ ရှိလေတော့ ထိန်းကွပ်မယ့် အစိုးရကြီးမရှိမှုကို အခွင့်ကောင်းယူပြီးသတ်ချင်သတ် လုပ်ချင်သလိုလုပ်နေကြတယ်... Bruce Willis တို့ရဲ့ အဓိကတာဝန်က အမေရိကန်လူမျိုး ကယ်ဆယ်ရေးဆရာဝန်လုပ်နေတဲ့ ဒေါက်တာကန်ဒရစ်ကို ကယ်ထုတ်ဖို့ပါပဲ... သူတို့သွားကယ်မယ့် နေရာမှာ ရန်သူ ၅၀၀၀ခန့် ခြေရာချင်းထပ်အောင် လှုပ်ရှားနေကြသလို ပြည်သူ့စစ်ဆိုတဲ့သူတွေကလည်း ဒုက္ခသည်ပါမချန် အကုန်သတ်နေတာဆိုတော့ ဒါ့ထက်တော့ အန္တရယ်များတာမရှိတော့ပေ... သူတို့အောင်မြင်မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး... ဒီကားက ကြည့်ပြီးသားဆိုပေမယ့် လည်းပြန်ကြည့်ရင် တကယ်ကိုအရသာတစ်မျိုးခံစားရပါတယ်..ဒီဘက်ခေတ်စစ်ကားတွေကို ကောင်းကောင်းယှဉ်နိုင်သလို ရသအပြည့်အ၀ခံစားလို့ရအောင် Blu-Ray1080p5.1CHပါတင်ဆက်ပေးထားပါတယ်...File Size :(2.12GB), (950 MB) ...
movie
Tears of the Sun(2003)
2003
5.0
Acts of Violence (2018)
အက်ရှင်ကားတွေမျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် မင်းသားကြီး ဘရုစ်ဝီလီ ပါဝင်ထားတဲ့ ကားသစ်လေး တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating အနေနဲ့ 5 ရရှိထားပါတယ်။သတို့သမီးလောင်းဖြစ်သူ မာယာ ကို လူကုန်ကူးတဲ့အဖွဲ့တစ်ခုက ပြန်ပေးဆွဲခြင်းခံလိုက်ရတဲ့အခါ ရိုမန်တစ်ယောက် သူရဲ့စစ်ပြန်အစ်ကိုနှစ်ယောက်နဲ့အတူ ချစ်သူကိုကယ်ဆယ်ဖို့ကြိုးစားရင်း လူဆိုးခေါင်းဆောင်ကို လိုက်ဖမ်းနေတဲ့ စုံထောက်အေဗရီနဲ့ပူးပေါင်းမိသွားတဲ့အခါ... ဒုစရိုက်သမားတွေရဲ့လူအင်အားလက်နက်အင်အားနဲ့ပိပိရိရိလှုပ်ရှားမှုတွေ အပြင် FBI နဲ့ပါပူးပေါင်းကြံစည်မှုကြောင့် ဥပဒေအရလှုပ်ရှားဖို့အခွင့်မသာတဲ့အခါ...မိမိရဲ့ မိသားစုအတွက်အသက်ကိုတောင်ပေးဆပ်နိုင်တဲ့ ညီအစ်ကိုတွေရဲ့ သက်စွန့် ဆံဖျားကြိုးပမ်းမှုတွေ...နာမည်ကျော်မင်းသားကြီး ဘရုစ်ဝီလီ ပါဝင်သရုပ်ဆောင်ထားပြီး ဘာတွေများဆက်ဖြစ်လာမလဲလို့ ရင်တထိတ်ထိတ်ကြည့်ရှုနေရတဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့အပြင် မိသားစုကိုချစ်စိတ်နဲ့သံယောဇဉ်ကြီးမားမှုကိုပါထင်ဟပ်နေမဲ့ရသစုံပေးနိုင်တဲ့ဒီဇာတ်လမ်းဟာ ပရိတ်သတ်ကိုဇာတ်လမ်းအစအဆုံး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ခေါ်ဆောင်သွားမှာပါ။ File Size : (750 MB) and (330 MB) Quality : WEB-DL 720p Running Time : 1hr 26min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated ...
movie
Acts of Violence (2018)
2017