Channel Myanmar

Coki Pardede

2nd Miracle in Cell No. 7 (2024) 7.8
2nd Miracle in Cell No. 7 (2024)  2nd Miracle in Cell No. 7 (2024)IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ...
movie

2nd Miracle in Cell No. 7 (2024)

2024
Si Juki the Movie: Harta Pulau Monyet (2024) 7.7
Si Juki the Movie: Harta Pulau Monyet (2024) Si Juki the Movie: Harta Pulau Monyet ( 2024 ) စီဂျူကီနှင့် မျောက်ကျွန်းရတနာသိုက်ဒီတစ်ခါတော့ CM ပရိသတ်ကြီး အပျင်းပြေကြည့်ရှုနိုင်ဖို့ အင်ဒိုနီးရှား ကာတွန်းကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မိသားစုရဲ့ စီးပွားရေးကျဆင်းနေမှုကြောင့် အခက်တွေ့နေရတဲ့ ဂျူကီတစ်ယောက် လုပ်ငန်းကိုပြန်လည်ကြီးပွားတိုးတက်ဖို့ အကြံမျိုးစုံထုတ်ပြီး ကြိုးပမ်းနေရပါတယ်။ ဘယ်လိုလုပ်လုပ်မအောင်မြင်တာမို့ ရုန်းကန်နေရချိန် နောက်မတော်တဆနဲ့ ဘိုးဘေးတွေချန်ထားခဲ့တဲ့ ရတနာမြေပုံကိုရှာတွေ့သွားပြီးတဲ့နောက်မှာ အန္တရာယ်စွန့်စားခန်းအပြည့်နဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်ပါတော့တယ်။သူတို့ရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘာတွေကြုံတွေ့ရမလဲ... အောင်မြင်စွာပဲ ရတနာတွေရလာမှာလား... ရတနာမြေပုံအတုဖြစ်နေတာမျိုးကြုံရပြီး လက်ဗလာနဲ့ပဲပြန်လာရမလား.... ရှိရင်းစွဲလုပ်ငန်းကိုပဲ အောင်မြင်ကြီးပွားအောင်ကြိုးစားကြမလားဆိုတာကိုတော့ စွန့်စားခန်းအပြည့်နဲ့ဟာသဆန်ဆန်ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team တို့ပဲဖြစ်ပါတယ် ) File size… 1.4 GB / 688 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Si Juki the Movie: Harta Pulau Monyet (2024)

Miracle in Cell No. 7 (2022) 7.8
Miracle in Cell No. 7 (2022) Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie

Miracle in Cell No. 7 (2022)

2022
Before I Met You (2022)
Before I Met You (2022) Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie

Before I Met You (2022)