Channel Myanmar

Clint Eastwood

True Crime (1999)
True Crime (1999) True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ‌‌စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ....... မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်‌ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား........ တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ..... မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်‌သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ..... ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း ...
movie

True Crime (1999)

Where Eagles Dare (1968) 7.6
Where Eagles Dare (1968)  ဒီတစ်ခါကတော့ ရှေးခေတ်စစ်ကား ကြိုက်သူတွေအတွက် နာမည်ကျော် မင်းသား Clint Eastwood အပြင် ထိုခေတ်ရဲ့ နာမည်ကျော် Richard Burton ပါ ပါပါတယ်။ဇာတ်က ဒုတိယကမ္ဘာစစ်ကို ဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန် ဗိုလ်ချုပ်တစ်ယောက် စီးလာတဲ့ လေယာဥ်က ပစ်ချခံရပြီး ဂျာမနီပိုင်နက်ထဲမှာ အရေးပေါ်ဆင်းသက်လိုက်ရပါတယ်။ ဗိုလ်ချုပ်လဲ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အဲဒီဗိုလ်ချုပ်က ဥရောပကို ပြန်သိမ်းဖို့ အစီအစဥ်ဆွဲနေတဲ့ ညှိနှိုင်းရေးမှူး တစ်ယောက်ပါ။ အဲဒီ ဗိုလ်ချုပ်ကို ဖမ်းထားတဲ့ သိမ်းငှက်ရဲတိုက်ဆိုတာ တိုက်ဖို့အရမ်းခက်တဲ့ နေရာပါ။ဒီတော့ စစ်တပ်တစ်တပ်လုံး လွှတ်မယ့်အစား အထူးအေးဂျင့်တွေကိုပဲ လွှတ်ပါတယ်။ သူတို့ စစ်ဆင်ရေး အောင်မြင်မှာလား ဘယ်လို အခက်အခဲတွေ ကြုံရမလဲ ဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရမှာပါ။ ဇာတ်လမ်း အလယ်လောက်ကနေစပြီး ဇာတ်လမ်း အလှည့်အပြောင်းလေးတွေနဲ့ စိတ်ဝင်တစား ကြည့်ရမှာပါ။ တချိန်လုံး စစ်တိုက်နေကြတာ မဟုတ်ဘဲ ...
movie

Where Eagles Dare (1968)

The Outlaw Josey Wales (1976) 7.8
The Outlaw Josey Wales (1976)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ western ရုပ်ရှင်တွေရဲ့ iconic actor ကြီးဖြစ်တဲ့ Clint Eastwood ရဲ့ western/war film တစ်ခုပါအမေရိကန်ပြည်တွင်းစစ်နှောင်းပိုင်း ၁၈၆၀ ကာလတွေက တောပုန်းကြီးတစ်ယောက်ရဲ့အကြောင်းကို တင်ဆက်ထားပါတယ် IMDb rating 7.9, Rotten Tomatoes 91% ရထားတဲ့ gunfighter ရုပ်ရှင်ကောင်းတစ်ခုပါပဲဇာတ်လမ်းအကျဉ်းကတော့ ... ရိုးရိုးရိုးသားသား လယ်လုပ်စားနေတဲ့ မစ်ဆူရီက လယ်သမားတစ်ယောက်ဟာ မျက်စိရှေ့တင် သူ့မိန်းမနဲ့ သားဖြစ်သူ အသတ်ခံလိုက်ရပြီးတဲ့နောက် လက်စားချေဖို့အတွက် တောပုန်းတစ်ယောက်ဖြစ်လာခဲ့ပါတယ် စစ်ကြီးပြီးလို့ သူပုန်တော်တော်များများ လက်နက်ချကြပြီး Union ထဲ ဝင်ကြတဲ့အချိန်မှာ ဂျိုစီဝေးလ်စ် ကတော့ ငြင်းပယ်ခဲ့ပါတယ် သူ့မိသားစုကို သတ်သွားတဲ့သူက Union ဘက်က ကပ္ပတိန်တစ်ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ ဂျိုစီဝေးလ်စ်တစ်ယောက် လက်တုံ့ပြန်မှုကို ဘယ်နည်းဘယ်ပုံနဲ့ အထမြောက်စေမလဲဆိုတာကို ကြည့်ရှုခံစားကြည့်လိုက်ကြပါဦးဗျ File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. ...
movie

The Outlaw Josey Wales (1976)

Two Mules for Sister Sara (1970) 7.0
Two Mules for Sister Sara (1970)  ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ကြေးစားဟိုဂန်ဟာ နေတပူပူ သဲတရှပ်ရှပ်နဲ့ ဖုန်ထူလှတဲ့ မက္ကဆီကန်သဲကန္တရထဲမှာ တစ်ကိုယ်တော်ခရီးထွက်လာတဲ့ စစ္စတာဆာရာကို လူဆိုး‌တွေရန်ကနေ ကယ်တင်ပေးခဲ့တယ်။ လူသူကင်းတဲ့သဲကန္တရနဲ့ သီလရှင်မတစ်ယောက်နဲ့ လိုက်ဖက်မှုရှိမ‌နေပေမဲ့ စစ္စဆာရာမှာတော့ မစ်ရှင်တစ်ခုရှိလို ခရီးသွားနေရတာပါတဲ့။ ဦးတည်ရာချင်းမတူကြတဲ့ ကြေးစားဟိုဂန်နဲ့ စစ်စတာဆာရာတိုဟာ ဘယ်လိုအကြောင်းအရာတွေကြောင့် အတူခရီးဆက်ဖိုဖြစ်သွားကြပြီး စစ်စတာဆာရာရဲ့မစ်ရှင်ကရော ဘာများဖြစ်မလဲ။မင်းသားကြီး Clint Eastwood ရဲ့ဇာတ်ကားကောင်းကြီးတစ်ကားဖြစ်ပြီး comedy အမျိုးအစားလေးလည်းဖြစ်တာမို့လို့ အချိန်ကာလအားဖြင့်ကြာမြင့်နေပေမဲ့ လုံး၀ကို ပျင်းစရာ‌ကောင်းမနေတာကိုတော့ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ရင် လက်ခံသွားမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Adventure, Drama, Romance, War, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su  
movie

Two Mules for Sister Sara (1970)

Gran Torino (2008) 8.1
Gran Torino (2008) Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ...
movie

Gran Torino (2008)

2008
4K HEVC
Space Cowboys (2000) 6.5
Space Cowboys (2000)  Space Cowboys (2000)IMDb Rating (6.5) / Rotten Tomatoes (78%) "Space Cowboys" ဇာတ်ကားမှာ အနားယူသွားတဲ့ NASA အဖွဲ့ဟောင်းတစ်ဖွဲ့ကို အာကာသဂြိုလ်တု Ikon ရဲ့ ပြုပြင်ရေးအတွက် တာဝန်ခေါ်ယူလာတဲ့အခါ စွန့်စားခန်းအသစ်တစ်ခု စတင်ခဲ့ပါတယ်။အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Clint Eastwood, Tommy Lee Jones, Donald Sutherland, James Garner တို့ရဲ့ သရုပ်ဆောင်တာတွေကတော့ ဇာတ်ကားကိုပိုကောင်းမွန်စေပါတယ်။ဇာတ်လမ်းမှာ Ikon ကတော့ အန္တရာယ်များတဲ့ ရုရှားလက်နက်နဲ့ ပြည့်နေပြီး ကမ္ဘာပေါ်မှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အခါ NASA က အာကာသစွန့်စားခန်းလုပ်ဖို့ အဖိုးကြီးတွေကို ပြန်ခေါ်ရပါတော့တယ်။ဒီအဖွဲ့ဟောင်းဟာ ၄၀ နှစ်ကြာပြီးမှ အလုပ်ပြန်လုပ်ရတာကြောင့် အခက်အခဲတွေနဲ့ ကြုံရပေမယ့် သူတို့ရဲ့ အရင်အတွေ့အကြုံတွေကြောင့် အခက်အခဲကို အေးဆေးကျော်ဖြတ်နိုင်ခဲ့ပါတယ်။Clint Eastwood ရဲသရုပ်ဆောင်ချက်က အဖွဲ့ခေါင်းဆောင်တစ်ဦးရဲ့ သတ္တိနဲ့ အစွမ်းအစကို ...
movie

Space Cowboys (2000)

2000
Firefox (1982) 6.1
Firefox (1982) Firefox (1982)*******************Clint Eastwood ဆိုတဲ့ ဒါရိုက်တာလည်းလုပ် မင်းသားလည်းလုပ်တဲ့ ဒီဘိုးတော်ကြီးကို တော်တော်များများသိကြမယ်ထင်ပါရဲ့...ခပ်ဆန်းဆန်း ဇာတ်ကားတွေကြီးပဲ ဖန်တီးတတ်သလို သူ့ကားတွေကြည့်ပြီးတိုင်း အတွေးတွေ ကျန်ခဲ့အောင် လုပ်နိုင်စွမ်းလည်းရှိပါတယ်...ဒီရုပ်ရှင်ဇာတ်ကားက ၁၉၈၂ ခုနှစ်ကဆိုပေမယ့် ခုချိန်ပြန်ကြည့်လည်း သည်းထိတ်ရင်ဖို ခံစားနေရတုန်းမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...ဆိုဗီယက် ရုရှားမှာ အသံထက်မြန်အောင်ပျံနိုင်တဲ့အပြင် ရေဒါမှာ မပေါ်ဘဲနဲ့ စိတ်နဲ့ထိန်းချုပ်ပြီး ဒုံးကျဉ်ပစ်လို့ရတဲ့ Firefox ဆိုတဲ့ တိုက်လေယာဉ်ကို ဖန်တီးလိုက်ပါတယ်။ ‌တိုက်လေ‌ယာဉ်ရဲ့ နည်းပညာက အဆင့်မြင့်လွန်းလို့ ‌ဗြိတိန်‌တွေက စစ်ရေးအရ စိုးရိမ်ပြီး အမေရိကန် တိုက်လေယာဉ်မှူး မစ်ရှယ် ဂန် ကို လေယာဉ်သွားခိုးဖို့ ရုရှားနိုင်ငံထဲ ခိုးသွင်းပါတော့တယ်။ အဲ့ဒီမှာ ဇတ်လမ်းက စတော့တာပဲ...မင်းသားကြီး Clint Eastwood ရဲ့ ပရိတ်သတ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Htet Wai Lwin မှ ရေးသားထားပါတယ်)File Size : (3.45GB) and (937 MB) Quality : Blu-Ray ...
movie

Firefox (1982)

Trouble with the Curve (2012)
Trouble with the Curve (2012)  IMDb - 6.8ဂန္တဝင်မင်းသားကြီး Clint Eastwood, လူးဝစ် လိန်းသရုပ်ဆောင် Amy Adams နဲ့ Justin Timberlake တို့ ပါဝင်သရုပ်‌ဆောင်ထားတဲ့ အားကစား ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စ် လိုဘယ် (Clint Eastwood) ဟာ ဘေ့စ်ဘောကင်းထောက်တစ်ယောက်ဖြစ်ပြီး ဘရေ့ဗ်အသင်းမှာ အလုပ်လုပ်ပါတယ်။ ငယ်တုန်းကတော့ အသင်းအတွက် ကစားသမားကောင်းတွေ သေချာရှာပေးနိုင်ပေမဲ့ ဇရာရလာပြီဖြစ်လို့ အမြင်အာရုံကလည်း ချို့ယွင်းစပြုလာခဲ့ပြီး ကစားသမားကောင်းရွေးနိုင်စွမ်းလည်းကျလာခဲ့ပါတယ်။ မိတဆိုး သမီးလေးဖြစ်သူ မစ်ကီ (Amy Adams) နဲ့လည်း အခေါ်အပြောဆက်ဆံရေးလောက်ပဲရှိပြီး ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ပါဘူး။ မစ်ကီကတော့ အဖေနဲ့ နီးစပ်ချင်လို့ကြိုးစားခဲ့ပေမဲ့လည်း ဂတ်စ်ကိုယ်တိုင်ကရှောင်နေခဲ့တာပါ။တနေ့မှာတော့ ဂတ်စ်တယောက် မြောက်ကယ်ရိုလိုင်းနားက နာမည်ကြီးနေတဲ့ ဘို ဂျန်ထရီဆိုတဲ့ ကစားသမားကို ကင်းထောက်သွားဖို့ရင်း မိတ်ဆွေဖြစ်သူ ပိပ်ရဲ့ အကူအညီတောင်းမှုကြောင့် သမီးဖြစ်သူ မစ်ကီလည်းလိုက်လာပြီး ကင်းထောက်တာကို ကူညီပေးရင်းနဲ့ အဖေနဲ့ သမီးနှစ်ယောက်ကြားက ...
movie

Trouble with the Curve (2012)

Blood Work (2002) 6.4
Blood Work (2002)  ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ပါတယ်။အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူးသေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့Recommend ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ်လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာမဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက်ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက်တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီးမက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာနှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီးမက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ်သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့်အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့အချိန်မှာ သူ့ဆီကို ...
movie

Blood Work (2002)

A Perfect World(1993) 7.5
A Perfect World(1993) A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre :  Crime, Drama, Thriller Subtitle ...
movie

A Perfect World(1993)

1993
Dirty Harry Dead Pool (1988) 6.3
Dirty Harry Dead Pool (1988) Review- Dead Pool ဆိုတဲ့ ဂိမ်းဆိုတာဘယ်သူသေမလဲဆိုတာခန့်မှန်းတဲ့လောင်းကစားပါရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ Peter Swan နဲ့ သူ့ရဲ့ရိုက်ကူးရေးအဖွဲ့သားတွေကဒီဂိမ်းကိုဆော့ကစားကြပါတယ် ဒါပေမယ်သူတို့နာမည်ကျော်တွေကိုပဲခန့်မှန်းပြီးကစားကြပါတယ် ဖြစ်ချင်တော့သေဆုံးသူတွေဟာ Peter Swan ရဲ့စာရင်းထဲကလူတွေပဲဖြစ်နေတာကိုသတိထားမိတဲ့နောက်မှာတော့ စုံထောက်ကြီး Harry Callahan သံသယတွေဝင်လာပါတယ်တကယ်ပဲလူသတ်သမားဟာ Peter Swan ဖြစ်နေမလား သူ့ကိုမုန်းတီးတဲ့အခြားတစ်ယောက်လား ဘာလို့ဒီလိုလိုက်သတ်နေရလဲ စုံထောက်ကြီး Callahan ကရောဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Son Gohan ပါ )File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:31:00 Type__Action, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Son Gohan Encoded by Naing Aung Latt
movie

Dirty Harry Dead Pool (1988)

Absolute Power (1997) 6.7
Absolute Power (1997) အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Absolute Power (1997)

Kelly’s Heroes (1970) 7.6
Kelly’s Heroes (1970) Kelly's Heroes (1970)~ IMDb - 7.6/10, Rotten Tomatoes - 78%~စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ...
movie

Kelly’s Heroes (1970)

1970
The Bridges of Madison County (1995) 7.6
The Bridges of Madison County (1995) The Bridges of Madison County (1995)~ IMDb - 7.6/10, RT - 90%, Meta - 69% ~အိုင်အိုဝါပြည်နယ်၊ မက်ဒီဆင် စီရင်စုက တောမြို့လေးရဲ့ ယာခင်းတစ်ခုမှာ ပျော်ရွှင်နေတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ စစ်ပြန်လယ်သမားခင်ပွန်းရယ်၊ အီတလီမှာ စစ်ထွက်ရင်း ဖူးစာဆုံခဲ့တဲ့ ဇနီးသည်တစ်ယောက်ရယ်၊ သားနဲ့သမီးရယ် ယာစိုက်ရင်း နွားမွေးရင်း မိသားစုဘဝလေးမှာ ကိုယ်စီရှင်သန်နေကြတာပေါ့။ အဲဒီမှာပဲ ခင်ပွန်းနဲ့ သားသမီးနှစ်ယောက်က ဇနီးသည်ကို ထားခဲ့ပြီး အီလီနွိုက် ပြည်နယ် ကျေးလက်နွေရာသီပွဲကို မွေးထားတဲ့ နွားထီးလှလှကြီး ပြိုင်ပွဲသွင်းဖို့ လေးရက်ကြာခရီးထွက်သွားပါတယ်။ အဲဒီမှာပဲ ခရီးသွားဓာတ်ပုံဆရာတစ်ယောက် လမ်းဝင်မေးရင်းကနေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ရပ်များနဲ့အတူ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တဲ့ လေးရက်ကြာ အချစ်ဇာတ်လမ်းပေါ့။ခင်ပွန်းလည်းမသိ၊ သားသမီးတွေလည်း မသိပဲ လေးရက်ကြာချစ်ဇာတ်လမ်းကို သေသည်အထိ ဖုံးကွယ်ခဲ့ပြီး သေဆုံးပြီးနောက်မှာမှ ...
movie

The Bridges of Madison County (1995)

1995
Escape From Alcatraz (1979) 7.6
Escape From Alcatraz (1979) Escape from Alcatraz (1979)~ IMDb- 7.6/10, RT - 96%, Meta - 76%အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ...
movie

Escape From Alcatraz (1979)

1979
For a Few Dollars More (1965) 8.2
For a Few Dollars More (1965) For a Few Dollars More (1965) ~ IMDb - 8.2/10, RT- 92%, Meta - 74%နာမည်မရှိသော ကောင်းဘွိုင်ကြီး လာပါပြီခင်ဗျာ။ ဇာတ်ကားသုံးကားကို သုံးနှစ်ဆက်တိုက် ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့၊ ကောင်းဘွိုင်ကားသမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ Clint Eastwood ရဲ့ သမိုင်းမှတ်တိုင်တွေပါ။ အခုကားကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကောင်းဘွိုင် ယန်းကီးလေးဟာ ဆုကြေးစား လူဆိုးဖမ်းသမား ဖြစ်နေပြန်ပါပြီ။ အရင်ဇာတ်ကားကရခဲ့တဲ့ ပိုက်ဆံတွေ ဘယ်တည်းခိုခန်းမှာ ဖြုန်းလိုက်လဲ မသိပါဘူးဗျာ။ အခုတော့ ဒေါ်လာတစ်ထောင်တန် လူဆိုးလေးတွေ လိုက်ဖမ်းနေလေရဲ့။အချီကြီးကြံတတ်တဲ့ ပုဂ္ဂိုလ်ဆိုတော့လည်း တကယ့် ဒိတ်ဒိတ်ကြဲ လူဆိုးဂိုဏ်းနောက်ကို အမဲလိုက်ဖို့ ဖြစ်လာတာပေါ့။ တစ်ခါတလေမှာ မုဆိုးက ကျားစာမိသွားတာမျိုးလည်း ရှိတတ်တာမျိုးလေ။ အဲဒီမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးနဲ့ လိုက်လာတဲ့ ဘဲကြီးတစ်ပွေရယ်၊ နာမည်မရှိတဲ့ ယန်းကီးလေးရယ်တို့ ခြင်္သေ့ဂူထဲဝင်ပြီး လူဆိုးတစ်သိုက်နဲ့ ဘတပြန် ...
movie

For a Few Dollars More (1965)

1965
A Fistful of Dollars (1964) 8
A Fistful of Dollars (1964) A Fistful of Dollars (1964) ~ IMDb - 8/10, RT - 98% ~ဇာတ်ကား သုံးကားမှာ အဓိက သရုပ်ဆောင်ဖြစ်ပေမယ့် ဇာတ်ကားထဲမှာ သူ့နာမည်ကို ဘယ်သူမှ မသိကြဘူး။ သိတဲ့သူတွေကလည်း သူ့နာမည်ကို မခေါ်ကြဘူး။ ဒီတော့ ကောင်းဘွိုင်ရုပ်ရှင်ချစ်ပရိသတ်က သူ့ကိုချစ်စနိုးခေါ်ကြတာ Man with No Name တဲ့။ နာမည်မရှိတဲ့လူသားကြီး၊ လူကြမ်းကြီး၊ ခြေသလုံးအိမ်တိုင်၊ လေနှင်ရာလွင့်၊ ရောက်တဲ့အရပ်မှာ ဘဝကို ကုလားဖန်ထိုး၊ မတရားတာတွေ့ရင် ဓားခုတ်ရာ လက်ဝင်လျှိုတတ်သေး။အမေရိကန်မြောက်ပိုင်းသား ယန်းကီး၊ မြင်းနဲ့ မြည်း စပ်ပြီးကျလာတဲ့ mule တစ်ကောင်နဲ့၊ ပွိုင့် 45 ပစ္စတို (ခြောက်လုံးပူး) တစ်လက်နဲ့၊ ဘယ်အချိန်မဆို ဘိုင်ကျ အိတ်ကပ်ခါလီသမား။ ခါးကြားကဗျောက်ကိုထုတ် တစ်စက္ကန့်အတွင်းမှာ 6 rounds (ကျည်ခြောက်တောင့်) လုံးကို ...
movie

A Fistful of Dollars (1964)

1964
Pale Rider (1985) 7.3
Pale Rider (1985) Pale Rider (1985) ~ IMDb - 7.3/10, Rotten Tomatoes - 93% ~ချစ်ရတဲ့သူ ပြောတဲ့စကားကို ချစ်ခြင်းအားဖြင့် ယုံကြည်ပေးမှ အချစ်စစ်တယ်တဲ့။ အဲဒီစကားက သူတို့နှစ်ယောက်ကို ထာဝရ မဆုံဆည်းနိုင်မယ့် စကားဖြစ်နေရင်တောင်မှပဲပေါ့။ - ဘုန်းတော်ကြီး (ဘွဲ့တော်မရှိ)အမျိုးသမီးတစ်ယောက်အတွက် သူချစ်မြတ်နိုးရတဲ့ယောက်ျားရယ်၊ အနားမှာ အမြဲရှိနေမယ့် ယောက်ျားရယ် နှစ်‌ယောက်ထဲက တစ်ယောက် ရွေးရတော့မယ်ဆိုရင် ဆင်းရဲအတူ ချမ်းသာမခွဲ နေပေးမယ့် ‌ယောက်ျားကိုပဲ ကျွန်မရွေးမယ်။ - ဆဲရာ ဝီလာအံ့ချီးဖွယ် ကံကြမ္မာကို ကိုယ်တော်ဆီ ဆုတောင်းခဲ့ဖူးတယ်။ ရှင်ရောက်လာတဲ့နေ့မှာ အဲဒီဆုတောင်း ပြည့်ခဲ့တယ်။ - မယ်ဂန် ဝီလာနာမည်မရှိသော ကောင်းဘွိုင်ကြီး Clint Eastwood ကို နာမည်မရှိသော သေနတ်သမားဟောင်း ဘုန်းတော်ကြီးအဖြစ် ခံ့ခံ့ညားညားကြီး ပြန်လည်မြင်တွေ့ရတဲ့ ဇာတ်လမ်းပေါ့။ချွေးစက်တွေကို ရွှေမှုန်အဖြစ် ပြောင်းသူ ရွှေကျင်သမားတစ်အုပ်ရဲ့ ဘဝအဖုံဖုံမှာ တခဏတာ လာပတ်သက်သွားတဲ့ ...
movie

Pale Rider (1985)

1985