Channel Myanmar

Cliff Curtis

Virus (1999)
Virus (1999) Virus ကတော့ horror, sci-fi movie အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောတစီးပေါ်ကလူတစ်စုဟာ တိုင်ဖုန်းမုန်တိုင်းအတွင်းကျရောက်သွားပြီး သယ်ဆောင်လာတဲ့ပစ္စည်းတွေကိုဆုံးရှုံးခဲ့ပြီးသင်္ဘောမြှပ်မဲ့အခြေအနေနဲ့ကြုံတွေ့ရကာ အသက်ရှင်သန်ဖို့ကြိုးစားနေကြရင်း မုန်တိုင်းအလယ်ဗဟိုထဲသို့ဝင်ရောက်ခဲ့ကြပါတယ်။ အမှတ်မထင်ပဲ မုန်တိုင်းအလယ်ဗဟိုအတွင်းမှာ အခြားသင်္ဘောတစ်စီးရှိနေတာကိုတွေ့ရှိခဲ့ကြရပါတယ်။အဲဒီသင်္ဘောဟာ သူတို့ရဲ့ဆုံးရှုံးမှုတွေကိုပြန်အဖတ်ဆယ်ပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့ သူတို့အဖွဲ့ဟာ အဲဒီသင်္ဘောပေါ်ကိုရောက်ရှိလာကြပါတော့တယ်။ ထူးဆန်းစွာပဲ အင်မတန်ကြီးမားတဲ့စက်ပစ္စည်းကိရိယာတွေတပ်ဆင်ထားတဲ့သင်္ဘောကြီးပေါ်မှာ လူတစ်ဦးတစ်ယောက်မှရှိမနေပါဘူး။ အဲဒီနောက်မှာသူတို့ဟာ စကားလုံးတွေနဲ့ဖော်ပြဖို့တောင်ခက်ခဲတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုကြုံတွေ့လာရပါတော့တယ်။ဒီသင်္ဘောကြီးဟာသူတို့မျှော်လင့်ထားသလို သူတို့ရဲ့ကံကောင်းခြင်းလား ဒါမှမဟုတ် သူတို့ရဲ့အဆုံးသတ်ပဲဖြစ်သွားမလားဆိုတာကို ရင်သပ်ရှုမောဖွယ် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size… (1.3 GB) / (757 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre...Horror, Action, Science Fiction  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Senju 
movie

Virus (1999)

Last Breath (2025) 6.9
Last Breath (2025)   Last Breath (2025)IMDb Rating (6.9) / Rotten Tomatoes (79%) နာမည်ကြီး ရုပ်ရှင်စတားတွေဖြစ်တဲ့ Shang Chi မင်းသား Simu Liu , Woody Harrelson , Finn Cole တို့ဦးဆောင်ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် ကားကောင်းတစ်ကားပါ။စကော့တလန်ကမ်းရိုးတန်းက ပင်လယ်ရေအောက်ဓာတ်ငွေ့ပိုက်လိုင်းတွေကို ပြုပြင်တဲ့ ရေငုပ်သမားတစ်ယောက်အကြောင်းကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။Last Breath ဆိုတဲ့ နာမည်အတိုင်း ရေငုပ်သမားတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်နဲ့ ပင်လယ်ရေအောက် ပေ ၃၀၀ လောက်က အသက်ရှင်ဖို့ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို ရိုက်ပြထားတာပါ။လူ့ဦးနှောက်ထဲကို အောက်ဆီဂျင် မိနစ် ၂၀ လောက်မဝင်ရင်သေသွားပြီလို့ယူဆရပေမဲ့ ခရစ်ဆိုတဲ့ ရေငုပ်သမားကတော့ ပင်လယ်ဂက်စ်ပိုက်လိုင်းပြင်ရင်း မတော်တဆမှုနဲ့ ဆက်သွယ်ရေးပြတ်တောက်ပြီးကယ်ဆယ်ရေးမလာခင်အထိ အောက်ဆီဂျင် မရဘဲ မိနစ် ၄၀ လောက်နေလိုက်ရပါတယ်...ကယ်ဆယ်ရေးအဖွဲ့တွေကတော့ အလောင်းပြန်ဆယ်ဖို့သွားပေမယ့်အသက်ရှင်နေသေးတဲ့ ခရစ်ကို ယနေ့ခေတ်ကျွမ်းကျင်သူတွေကလည်း ဘာကြောင့်လဲဆိုတာ ...
movie

Last Breath (2025)

2025
Training Day (2001) 7.8
Training Day (2001) Training Day(2001)IMDb....7.8,,,,Rotten....77%ကျွန်တော်တို့ရုပ်ရှင်ကားတော်တော်များများကြည့်ကြတယ်..တစ်ချို့ကားတွေကြတော့ သရုပ်ဆောင်ကြောင့်ကို တမင်ကြည့်ကြတာ... သူတို့ပါရင် အဲဒီကားက တစ်နည်းမဟုတ်တစ်နည်းကောင်းကိုကောင်းနေတတ်တာ....ဇာတ်လမ်းညံနေရင်တောင် သူတို့အရှိန်အဝါကြောင့် ကြည့်ကောင်းနေတတ်တာမျိုး....ဇာတ်လမ်းကောင်းနေရင်တော့ ပြောဖွယ်ရာမလိုတော့ပေ...ဒီလို သရုပ်ဆောင်ကြီးတွေထဲမှာ ဒန်ဇယ်ဝါရှင်တန်ဟာ ထိပ်ဆုံးစာရင်းထဲမှာရှိနေမယ်ထင်ပါတယ်....သူပါဝင်သရုပ်ဆောင်ထားတဲ့The Equalizer ,Philadelphia ,Courage Under Fire ,Man on Fire  စသည်ဖြင့် နာမည်ကြီးကားများစွာကို သိရှိကြမယ်ထင်ပါတယ်....ဒီ Training Day(2001) ဇာတ်ကားထဲမှာတော့ ဒန်ဇယ်ကြီးက မြင်တွေ့နေကျပုံမျိုးမဟုတ်တဲ့ စရိုက်နဲ့ သရုပ်ဆောင်ထားတယ်...ဒီဇာတ်ရုပ်က ပီပြင်လွန်းလို့ အော်စကာဆုတောင်ရရှိသွားပါတယ်....ဒီဇာတ်ကားဟာ ဆုပေါင်း (၁၆)ဆုရရှိခဲ့သလို အခြားဆုပေါင်း(၂၃)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...ဒန်ဇယ်ကားဆိုတာနဲ့ ဇာတ်ညွှန်းတွေထွေထွေထူးထူးမပြောတော့ဘူး......သူက အကျင့်ပျက်ရဲတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်...တစ်ခုတော့ သတိပေးပါရစေ...ခင်ဗျားတို့ဇာတ်ကားကြည့်နေတုန်း အနားမှာ  ကောက်ပေါက်လို့ရမယ့် ဟာမျိုးတွေ တုတ်တွေမထားပါနဲ့ ..ဘာလို့ဆိုဇာတ်ကားကြည့်နေရင် သူသရုပ်ဆောင်တာပီပြင်လွန်းတော့ နင်းကန်စိတ်တွေတိုပြီး TV ကြီးကို ပစ်ပေါက်မိမယ်စိုးလို့ပါ.... File Size : 2.12GB & 840MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:03:00 Genre :  Crime, Drama, Thriller Subtitle : Myanmar ...
movie

Training Day (2001)

The Insider(1999) 7.9
The Insider(1999) The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်..နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲဒီဒေါက်တာက တင်ပြခဲ့တယ်...အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : 4.51GB & 990MB Quality : ...
movie

The Insider(1999)

1999
Six Days Seven Nights (1998) 6 days , 7 Nights 5.9
Six Days Seven Nights (1998) 6 days , 7 Nights Six Days, Seven Nights (1998)ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။ File ...
movie

Six Days Seven Nights (1998) 6 days , 7 Nights

1998
Push (2009) 6.1
Push (2009) Push (2009)IMDb Rating (6.1)မင်းသားချော Chris Evans ၊ Djimon Hounsou ၊Clifford Curtis၊ မင်းသမီးချော Dakota Fanning ၊ Camilla Belle တို့လို သရုပ်ဆောင်တွေနဲ့ Push ရုပ်ရှင်ကတော့ စူပါဟီးရိုးခေတ်ဦးကို အမှတ်ရစေမယ့် စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းကတော့...ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။ အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Division လို့ခေါ်တဲ့အဖွဲ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . ။ File size…(9.7 GB)/ (2.9 GB ) / (1.4 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:51:27 Subtitle….Myanmar ...
movie

Push (2009)

2009
4K HEVC
Sunshine (2007)
Sunshine (2007)  အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ်ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus ...
movie

Sunshine (2007)

Whale Rider (2002) 7.5
Whale Rider (2002) Mulan 2020 ဇာတ်ကားနဲ့ပဲ Best Director ဆုရရှိခဲ့တဲ့ နယူးဇီလန် ဒါရိုက်တာ Niki Caro ရိုက်ကူးထားပြီး၊ နယူးဇီလန် မင်းသားကြီး Cliff Curtis နဲ့၊ GOT ထဲက ဒွန်း နိုင်ငံက ကီရှာ နေရာမှာ သရုပ်ဆောင်ထားတဲ့ နယူးဇီလန် မင်းသမီးချောလေး Keisha Castle-Hughes ကို သူ့ရဲ့ငယ်ရုပ်လေးနဲ့ ကြည့်ရမှာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း Best Actress in a Leading Role အော်စကာဆု ရရှိခဲ့ပြီး တခြားဆုပေါင်းမှားစွာလည်းရရှိထားတဲ့ Drama/Family ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်ကတော့ နယူးဇီလန်အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒဏ္ဍာရီလာ ဝမ်ဂရာ လူမျိုးတွေအကြောင်းရိုက်ကူးထားတာပါကနူးလှေနစ်မြှပ်ပြီး ဝေလငါးတစ်ကောင်က ကျောပေါ်တင်ပြီး ကမ်းစပ်ကိုပို့ပေးခဲ့လို့ သေဘေးကနေလွှတ်မြောက်ခဲ့တဲ့ ရှေးဦးလူတို့ဖန်ဆင်းပေးခဲ့တဲ့ ပိုက်ကီယာ ဆိုတဲ့ ဝမ်ဂရာ လူမျိုးတွေရဲ့ ဘိုးဘေးတစ်ယောက်ရှိခဲ့တယ်..... ပိုက်ကီယာ ကို အစွဲပြုပြီးတော့ သားဦးယောက်ျားလေးတိုင်းဟာ ...
movie

Whale Rider (2002)

Crossing Over (2009)
Crossing Over (2009) ဒီတစ်ခါကတော့ IMDb 6.7ရရှိထားတဲ့ Indiana Jonesမင်းသားကြီး Harrison Fordရဲ့ Crime, Dramaကားလေးတစ်ကားပါပဲဇာတ်လမ်းအညွှန်းကတော့ မင်းသားကြီး Harrison Ford ဟာ Max Brogan ဆိုတဲ့ ရဲတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့တပ်ဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွင်းမှာ တရားမဝင်‌ဘဲနေနေတဲ့ လူတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ဖမ်းမိတဲ့မိန်းကလေးတစ်ယောက်က သူ့သားလေးကို ကူညီဖို့အကူအညီတောင်းတဲ့အခါ သူက သဘောကောင်းလွန်းနေသူဖြစ်တာကြောင့်ကူညီဖို့ကြိုးစားပါတော့တယ်။တစ်ခုပြောချင်တာက ဒီဇာတ်ကားမှာ Harrison Fordဟာ အဓိကပါဝင်ပေမဲ့ သူ့တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ အမေရိကန်နိုင်ငံထဲမှာနေနေကြတဲ့ တခြားနိုင်ငံကလာတဲ့လူတွေရဲ့ အခက်အခဲတွေ အတွေ့အကြုံတွေကိုလဲ ၄, ၅မျိုးခွဲပြီးတစ်ခါတည်း ရိုက်ပြထားပါတယ် ပြီးတော့လည်း ထိုအကြောင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေတာမို့ ပုံမှန်မဟုတ်တဲ့ ခံစားချက်တစ်မျိုးနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားထဲမှာ ၁၈ယောက်ရှိမှကြည့်လို့ရတဲ့ အခန်းအချို့လဲပါဝင်တာမို့လို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့လို့ ပြောချင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(881 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Crime, Drama  Subtitle….Myanmar ...
movie

Crossing Over (2009)

Live Free or Die Hard (2007) Die hard 4 7.2
Live Free or Die Hard (2007) Die hard 4 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Live Free or Die Hard (2007) Die hard 4

2007
4K HEVC
Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Meg 2: The Trench (2023) 6.0
Meg 2: The Trench (2023)  မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက်rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆိုဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူတရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကိုတည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်းပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေတီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေးခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲမက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ... File size… 5GB/2.35 GB /  1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH /  720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Meg 2: The Trench (2023)

4K HEVC
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie

The Majestic (2001)

2001
True Spirit (2023)
True Spirit (2023)  ကိုယ့်ဘဝမှာဖြစ်ချင်နေတဲ့ အိပ်မက်တွေရှိနေပြီး အဲ့ဒီအိပ်မက်တွေနောက်ကိုအကြောင်းအမျိုးမျိုးကြောင့် မလိုက်နိုင်ဖြစ်နေကြတဲ့ လူတွေအများကြီးရှိမှာပါ။အဲ့ဒီလို အိပ်မက်တွေဖြစ်လာဖို့က ကိုယ့်ရဲ့အိပ်မက်ကိုကိုယ်ယုံကြည်ပြီးအပြင်းအထန်ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့သက်သေပြသွားတာပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဂျက်ဆီကာလို့ခေါ်တဲ့ သြစတေးလျကမ်းခြေမှာကြီးပြင်းလာခဲ့တဲ့ကောင်မလေးတစ်ယောက်က ငယ်ငယ်လေးကတည်းက ပင်လယ်နဲ့အကျွမ်းတဝင်ရှိခဲ့ပြီး ရွက်လွှင့်ရတာကို အရမ်းနှစ်သက်သဘောကျတဲ့ကောင်မလေးပဲဖြစ်ပါတယ်။သူကအသက် ၁၇ နှစ်နဲ့ကမ္ဘာတစ်ပတ်ကိုအကူအညီမပါပဲ ဆက်တိုက်ရွက်လွှင့်ခဲ့တဲ့ဂျက်ဆီမာတင်ဆိုတဲ့ အသက်အငယ်ဆုံးရွက်လွှင့်သူကို အရမ်းအားကျပြီးသူကိုယ်တိုင်လဲအဲ့လိုမျိုးဖြစ်ချင်ခဲ့ပါတယ်။ဒါကြောင့်ဂျက်ဆီကငယ်ငယ်လေးကတည်းက ဘန်ဆိုတဲ့နည်းပြနဲ့လေ့ကျင့်ခဲ့ပြီးအသက် ၁၆ နှစ်ပြည့်တဲ့အခါမှာတော့ ကိုယ်တိုင်သူသွားချင်တဲ့ပန်းတိုင်ကို ခရီးနှင်ဖို့စတင်ခဲ့ပါတော့တယ်။ ဒါပေမယ့်စစချင်းမှာတော့ မီဒီယာတွေနဲ့အစိုးရက သူ့ကိုအရမ်းတိုက်ခိုက်ကြပေမဲ့ လုံးဝလက်မလျှော့ပဲ မိသားစုနဲ့နည်းပြရဲ့ အကူအညီနဲ့ သူ့ရဲ့ကမ္ဘာပတ်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ဒီခရီးတစ်လျှောက်မှာ တွေ့ကြုံရမဲ့အခက်အခဲတွေမုန်တိုင်းတွေကိုဘယ်လိုတွေဖြစ်ကျော်ပြီးရက်ပေါင်း ၂၁၀ (ခုနှစ်လ) ကြာမြင့်တဲ့အခါမှာအောင်မြင်စွာပြန်လာနိုင်ခဲ့ပုံတွေကို ရင်ထိတ်ဖွယ်ရာ စိတ်ဝင်စားစရာဒရာမာတွေနဲ့ လူ့ဘဝရဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီး ရိုက်ကူးထားနိုင်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  2.70GB / 800MB Quality… NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre …..  Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

True Spirit (2023)

The Meg (2018) 6.1
The Meg (2018) The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ်အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်...ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ ...
movie

The Meg (2018)

2018
4K HEVC
Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Last Knights(2015) 6.2
Last Knights(2015) Last Knights(2015)===============ကိုယ်ကိုယ်တိုင် မတရားမခံရမချင်း မတရားမှုကို လက်ပိုက်ကြည့်နေခဲ့ရင်ဘာဖြစ်လာနိုင်မလဲဧကရာဇ်ရဲ့ အတိုင်ပင်ခံတစ်ဦးဖြစ်တဲ့ ဂီးဇာမော့တ်ဟာ အာဏာကို တလွဲအသုံးချပြီး ကိုယ်ကျိုးအတွက် သူကောင်းမျိုးတွေဆီကနေ လက်ဆောင်ပဏ္ဍာတွေ အတင်းအကျပ် တောင်းယူပါတယ် ပြည်သူတွေဆီကနေ အခွန်တွေအဆမတန် တိုးကောက်ပါတယ် သူကောင်းမျိုးတွေကလည်း သူနဲ့ အဆင်ပြေမှအခွင့်အရေးရမှာမို့ မတရားမှုတွေကို ဒီတိုင်းကြည့်နေကြပါတယ်တစ်နေ့မှာတော့ လော့ဒ်ဘားတော့ခ်အလှည့် ရောက်လာခဲ့ပါပြီ အကြောင်းပြချက်ပေးပြီး လာဘ်တောင်းဖို့ သူ့ကို မြို့တော်ဆီ ဆင့်ခေါ်လိုက်ပါတယ်မတရားမှုကို‌ ခေါင်းငုံ့မခံနိုင်တဲ့ လော့ဒ်ဘားတော့ခ် တောင်းဆိုချက်တွေကိုပြောင်ပြောင်တင်းတင်းဘဲ ငြင်းဆန်လိုက်ပါတယ် မတရားမှုကို ခုခံတဲ့အတွက်ပြစ်ဒဏ်အနေနဲ့ သူ့အသက်ကို ပေးရပါတော့မယ်လော့ဒ်ဘားတော့ခ်ရဲ့ တပ်မှူး ရေဒင်နဲ့ နောက်လိုက်တွေဟာ သခင့်နာမည်ကိုပြန်အဖက်ဆယ်နိုင်ဖို့ ဘာတွေလုပ်ကြမလဲ မတရားမှုကို အောင်အောင်မြင်မြင်တွန်းလှန်နိုင်ပါ့မလားမြင်းစီးစစ်သည်တွေရဲ့ တာဝန်နဲ့ သစ္စာတရားကို သရုပ်ဖော်ထားပြီး Dialogueကောင်းကောင်းတွေလည်း ပါဝင်တာကြောင့် ခံစားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်... File size…1.51GB / 574MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ..... Action ...
movie

Last Knights(2015)