Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Clement Blake
Showtime (2002)
Robert De Niro နဲ့ Eddie Murphy တို့ တွဲဘက်ညီညီသရုပ်ဆောင်ထားတဲ့ Comedy/ Action ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးချော Rene Russo အပြင် မင်းသားကြီး Robert De Niro ရဲ့ သမီး Drena De Niro ကလည်း ဇာတ်ရံအဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။‘မစ်ချ်ပရက်စ်တန်’က စုံထောက်တစ်ယောက်ဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်နေသူကို လိုက်လံစုံစမ်းဖို့အတွက် သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ စုံစမ်းနေတဲ့အချိန်... ကင်းလှည့်ရဲ ‘ထရေးဆယ်လ်လာစ်’က အထင်လွဲကာ မစ်ချ်ကို ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ မစ်ချ်အယောင်ဆောင်ထားတာကလည်း သတင်းတွေမှာပါ,ပါတဲ့အထိ လူသိရှင်ကြားဖြစ်သွားပြီး သတင်းဌာနကြီးတစ်ခုက သူတို့နှစ်ဦးကိုသတိထားမိကာ Reality show တစ်ခုအတူတွဲရိုက်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ထရေးက နဂိုကတည်းက သရုပ်ဆောင်ရူးရူးနေတဲ့သူတစ်ယောက် ဖြစ်ပြီး မစ်ချ်ကကျ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ချင်သူပါ။ စရိုက်မတူတဲ့ ...
movie
Showtime (2002)
6.8
Walk Hard: The Dewey Cox Story (2007)
(ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie
Walk Hard: The Dewey Cox Story (2007)
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
7.6
Superbad (2007)
Superbad (2007) IMDB (7.5/10) Rotten Tomatoes (88%) ======================== ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ဟာသကား မျှော်နေသူတွေအတွက် ကားကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်။ American pie လိုမျိုး ကျောင်းသားလူငယ်ဟာသကားမျိုးဖြစ်ပြီး လူငယ်သဘာဝ အလွဲတွေကို အဓိကအသားပေး ရိုက်ပြထားလို့ ကြည့်ကောင်းတဲ့ ကားလေးပါ။ ဇာတ်လမ်းထဲမှာ ဆက်သ် နဲ့ အီဗန် တို့ဟာ သူတို့သဘောကျနေတဲ့ ကောင်မလေးတွေကို အထင်ကြီးအောင် လုပ်ဖို့အတွက် ပါတီပွဲမှာ လိုတဲ့အရက်တွေဝယ်ဖို့ တာဝန်ယူလိုက်ပါတယ်။ ပြဿနာကတော့ သူတို့က 21 နှစ်မပြည့်သေးပါဘူး။ အမေရိကန်မှာ 21 နှစ်မပြည့်သူကို အရက်ရောင်းခွင့်မရှိတဲ့အတွက် သူတို့လိုနေတဲ့ အရက်တွေကို ဘယ်လိုရအောင် လုပ်ကြမလဲ။ အရက်ဝယ်ဖို့ကို သေရေးရှင်ရေးလို တွေးနေတဲ့ ဆက်သ်ကတော့ ဘာပဲလုပ်ရလုပ်ရလုပ်ဖို့ အသင့်ပါပဲ။ ဒီလိုနဲ့ ငယ်သူငယ်ချင်းနှစ်ယောက် စော်ရဖို့အရေး အရက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ ဒီကားမှာ သရုပ်ဆောင်တွေအနေနဲ့ Comedy လောကမှာ နာမည်ကြီးတဲ့ Michael Cera နဲ့ ...
movie
Superbad (2007)
HEVC 1080p 5.1