Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cindy Miranda
7.3
Kuman Thong (2024) Black Magic Baby
Black Magic Baby (2024) Original title: Kuman thongIMDb Rating (7.3) ကူမန်ထုံဆိုတဲ့ နာမည်ကိုကြားရင် ထဲထဲဝင်ဝင်မသိဘူးဆိုရင်တောင် အများစုကတော့ ကြားဖူးနေကျ ရင်းနှီးနေကျ နာမည်တစ်ခုဖြစ်မှာပါပဲ။အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ရိုးရာယုံကြည်မှုအစီအရင်တစ်ခုဖြစ်ပြီး အပေါ်ယံသဘောပြောရရင်တော့ ကလေးသရဲတွေကိုအစီအရင်တွေနဲ့အရုပ်ထဲထည့်ပိတ်ပြီးကလေးတွေကိုဆက်ဆံသလို မုန့်ကျွေး၊အဝတ်ဆင်၊ ကစားစရာပေး၊ ကိုယ့်ဘက်က လိုရာဆုတောင်းကြတဲ့ပုံစံမျိုးပါ။အဲ့ဒီဖြစ်စဉ်တွေကြောင့် မသမာမှုတွေ၊ရာဇဝတ်မှုတွေ၊အမှုအခင်းတွေဖြစ်ပေါ်လာတဲ့နောက် အာဏာပိုင်တွေကပါ နှိမ်နင်းရတဲ့အထိအုတ်အော်သောင်းတင်းဖြစ်ခဲ့တာပါ။အခုချိန်မှာ တရားမဝင်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလေးအလောင်းအစစ်ကိုမသုံးတော့ပေမယ့် တစ်ခြားနည်းလမ်းတွေနဲ့တော့ ဆက်ပြီး တည်ရှိနေကြတုန်းပါပဲ။ဒီဇာတ်ကားကလည်း အဲ့ဒီနာမည်ကျော် ကူမန်ထုံကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီးသူလာရောက်တွေ့ဆုံတဲ့ယောက္ခမလောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။Vivamax ရဲ့မိခင် ကုမ္ပဏီကြီးဖြစ်တဲ့ Viva Film ကထုတ်တဲ့ကားဖြစ်ပြီး ...
movie
Kuman Thong (2024) Black Magic Baby
2024
5.8
Ikaw Pa Rin Ang Pipiliin Ko (2024)
ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ်ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ "မိုက်ကယ်"ဂီတအလုပ်တွေနဲ့ပဲနစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ဆက်ဆံရေးကနေမှ...လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့်အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်...အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်းသီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်..အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင်အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ်ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့...ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကိုဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်....Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်းသိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန်ပေးထားပါတယ်...သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်.... File size…1.27GB / 733MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Ikaw Pa Rin Ang Pipiliin Ko (2024)
6.7
Adik Sa’Yo(2023)
Adik Sa'Yo(2023)*************** လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည် ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ် တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့ကအရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ် ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန်အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ် မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာ သူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,,စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာ ကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် ...သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ် ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါ ကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီးလမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ...
movie
Adik Sa’Yo(2023)
5.5
Martyr or Murderer (2023)
နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက်၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေးကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီးဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်းနီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်းလေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့်ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်းနီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) ...
movie
Martyr or Murderer (2023)
6.7
Spellbound(2023)
Spellbound(2023)*****************ဒီရုပ်ရှင်လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Spellbound(2023)
6.7
[18+]Nerisa(2021)
[18+]Nerisa(2021)*****************ဒီကားလေးကတော့ ဖိလစ်ပိုင်ကားလေးဆိုပေမဲ့ ဇာတ်အိမ်အတော်ကောင်းတဲ့ထဲပါပါတယ်နယ်ရီဆာဆိုတဲ့ ကောင်မလေးတစ်ယောက် ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာပါတယ် သူ့ကိုပင်လယ်အောက်ကြမ်းပြင်ကနေ အိုဘတ် ဆိုတဲ့ကောင်လေးက ရှာတွေ့ပြီးကယ်လာတာပါ ဖြစ်ချင်တော့ ကောင်မလေးက ဘယ်ကလာတာလဲ နာမည်ဘာလဲဆိုတာတောင် သူ့ကိုယ်သူမသိပါဘူး မေးလို့လည်းမရပါဘူး နယ်ရီဆာဆိုတာတောင် ကျွန်းပေါ်ကလူတွေ နာမည်ပေးထားကြတာပါ အဲတော့ ကျွန်းသေးသေးလေးထုံးစံအတိုင်း ကောလာဟလပေါင်းစုံ ယူဆချက်ပေါင်းစုံထွက်ပြီး ရေသူမလို့ပြောသူကပြော ကပ်ဆိုးကိုသယ်လာတာလို့ပြောသူကပြောပေါ့ သူတို့ပြောချင်စရာဖြစ်အောင် နယ်ရီဆာ ရောက်လာကတည်းက ကျွန်းပေါ်ကလူတွေ ငါးဖမ်းမကောင်းတော့ပါဘူးနောက်တော့ နယ်ရီဆာက အိုဘတ်ကို ကျေးဇူးရှင်ဆိုပြီး အချစ်ပိုရာက လင်မယားတွေအဖြစ်နဲ့ ကျွန်းပေါ်မှာနေကြပါတယ် နယ်ရီဆာက အရမ်းချောတော့ ကျွန်းပေါ်က ယောကျ်ားသားတွေက အိုဘတ်ကို ဝိုင်းအားကျကြသလို အိုဘတ်ကလည်း ဆောင့်ကြွားကြွားနဲ့ပေါ့တနေ့တော့ ငါးရှားလာတာနဲ့အမျှ ရေပိုင်နက်ကိုကျော်ပြီး ငါးဖမ်းထွက်ကြတဲ့ အိုဘတ်တို့အုပ်စုဟာ ကျွန်းပေါ်ကို ပြန်မလာကြတော့ပါဘူး အိုဘတ်မသေသေးဘူးလို့ ယုံကြည်နေတဲ့ နယ်ရီဆာက အိုဘတ်ပြန်လာအောင် ဘယ်လိုကြိုးစားမလဲ ဘယ်လိုစတေးမှုတွေနဲ့ ရှာဖွေမလဲဆိုတာကို 18+ အခန်းပေါင်းစုံနဲ့ ကြည့်ရှုရမှာပါ ဒီအခန်းတော်တော်များများက Rape အခန်းတွေဖြစ်တာမလို့ အတုယူလွဲမှားနိုင်တဲ့သူတွေကတော့ မကြည့်သင့်ကြောင်းပါဗျ....File Size :(1.8GB) and (836MB) Quality :Blu-Ray 1080P,720p Format…mp4 Duration…01:17:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
[18+]Nerisa(2021)
5.6
[18+] Reroute (2022)
Reroute (2022)Iskandalo ကိုစောင့်ကြည့်ခဲ့ဖူးသူတွေအနေနဲ့ ပါလာနိုး မျှော်ကိုးရင်းနဲ့ ဇာတ်သိမ်းတဲ့အထိ ဘာမှမဘာလိုက်ပဲ ကာလသားတွေကို အသည်းခွဲသွားခဲ့တဲ့ ရဲမေ မမကြီး Cindy Miranda ကို မှတ်မိကြဦးမှာပါ။ အခုဇာတ်ကားကတော့ မမကြီးရဲ့ဇာတ်ကားသစ်ဖြစ်ပြီး Iskandalo တုန်းက အားမရခဲ့သမျှ ဒီကားမှာတော့ စိတ်တိုင်းကျရတော့မှာဖြစ်ပါတယ်။ တကယ်တော့ ဒီကားက ဒီနှစ်အစောပိုင်းကတည်းကထွက်ထားခဲ့တာဖြစ်ပြီး အဖြူအမည်းပုံစံနဲ့ဖြစ်နေခဲ့လို့ ချန်ထားခဲ့တာပါ။ အခု Director's Cut မှာတော့ ဆေးရောင်စုံမြင်ကွင်းကျယ်နဲ့မမရဲ့အလှအပတွေကို တစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ အိမ်ထောင်ရေးအဆင်ပြေပုံမရတဲ့လင်မယားနှစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဘော်ဒါတွေဖျော်ဖြေမယ့် ပွဲတစ်ခုကိုသွားတက်ဖို့ခရီးထွက်လာကြပါတယ်။ လမ်းမှာခင်ပွန်းသည်ရဲ့ မွေးရပ်ရွာကိုဖြတ်သွားရမှာဖြစ်တဲ့အတွက် သူ့အဖေဆီ ဝင်လည်ဖို့လဲရှိပါတယ်။ သူ့ရွာကိုရောက်ကာနီးမှာ အာဏာပိုင်တွေက အော်ပရေးရှင်းတစ်ခုရှိလို့လမ်းပိတ်ထားတာနဲ့ကြုံပြီး လမ်းလွှဲကနေသွားခိုင်းတာနဲ့ ကြုံရပါတယ်။ လမ်းလွှဲကိုသွားဖို့ဆိုရင် ဟိုးအဝေးကြီးနောက်ပြန်မောင်းရမှာဖြစ်တဲ့အတွက် လမ်းကျွမ်းတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ ဒန်ဟာ နီးရာလမ်းတစ်ခုကနေဖြတ်မောင်းရာကနေ လူသူဝေးတဲ့နေရာတစ်ခု တောလမ်းအလယ်မှာ ကားပျက်သွားပါတော့တယ်။ဖုန်းလိုင်းမမိတဲ့နေရာမှာ ကားလဲမပြင်တတ်ပဲ တိုင်ပတ်နေရင်း သားကောင်အသေတစ်ကောင်ကိုထမ်းလာတဲ့လူကြီးတစ်ယောက်နဲ့တွေ့ဆုံမိပြီး အဲ့ဒီလူကြီးက သူ့အိမ်မှာနားရင်း စက်ပြင်ဆရာကိုစောင့်ဖို့ ...
movie
[18+] Reroute (2022)
2022
6.7
Ang Pambansang Third Wheel (2018)
Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie
Ang Pambansang Third Wheel (2018)
2018
6.5
(18+) House Tour (2021)
House Tour (2021) ဒီနေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်။ အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ။ ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ် .. ဘယ်ကိုဖြင့်ခရီးသွားနေတယ် .. စတာတွေဟာ လိုသူတွေအတွက်တော့ အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့ .. မကောင်းကြံဖို့ .. စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ .. “House Tour” .. အထူးသဖြင့်နာမည်ကြီး celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့ ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။ လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ ...
movie
(18+) House Tour (2021)
2021
7.7
Adan (2019)
Adan (2019)ဖိလစ်ပိုင် Lesbian ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။အယ်လန် ဆိုတဲ့ ကောင်မလေးက ကလေးဘဝကတည်းက အမေဖြစ်သူက ထားခဲ့တာကြောင့် မိတဆိုး သမီးလေး အဖြစ် အဖေဖြစ်သူနဲ့ အတူ နေထိုင်ခဲ့ရပါတယ်။ကျေးတောသူလေး အယ်လန် မှာ အရင်းနှီးဆုံးဆိုလို့ ရန် ဆိုတဲ့ သူငယ်ချင်းမလေးပဲ ရှိပါတယ်။ အယ်လန်းလေ တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့အချိန် အယ်လန်အဖေ့မှာ အကြွေးတွေ ပုံလာတဲ့အချိန်မှာ အယ်လန်ကို အကြွေးရှင်လက်ထဲကို ထိုးထည့်ဖို့ရာ ဖြစ်လာပါတော့တယ်။အယ်လန် သိသွားတဲ့အချိန်မှာ ထွက်ပြေးဖို့ ကြိုးစားရင်း အဖေဖြစ်သူကို လက်လွန်ပြီး သတ်လိုက်မိပါတော့တယ်။ ဒီအချိန်မှာ ရန် ရောက်လာပြီး ရန် နဲ့ အယ်လန် မြို့ကို ထွက်ပြေးရင်း သံယောဇဉ်တွေ ဆထက်တိုးခဲ့ပါတယ်။ဒါပေမယ့် သူတို့ရဲ့ ချစ်ခရီးလမ်း သာယာဖြောင့်ဖြူးရဲ့လား ဆိုတာကတော့ဖြင့် .....သူတို့နှစ်ယောက်ရဲ့ ဖောင်းဒိုင်းရှူးရှဲ အပြင် အခြားဖောင်းဒိုင်းရှူးရှဲပါ ပါတာမို့ ..... မိသားစုနဲ့တော့ အတူတူ ကြည့်လို့ မရကြောင်းပါ။IMDb ...
movie
Adan (2019)
2019
8.7
Maria (2019)
လီလီဟာ ဘလက်ခ်ရိုစ့်ဆိုတဲ့ ဒုစရိုက်ဂိုဏ်ကြီးရဲ့ ထိပ်တန်းလုပ်ကြံရေးသမား တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ ပေးအပ်တဲ့တာဝန်ကို ဖီဆန်ခဲ့မှုနဲ့ ဂိုဏ်းက သူ့ကို သတ်မိန့်ပေးခဲ့ပါတယ်။ အဲ့ဒါတွေအားလုံးဆီကနေ သူ့နည်းသူ့ဟန်နဲ့ ရှောင်ထွက်လွတ်မြောက်နေခဲ့ပြီး ကာလတစ်ခုမှာ သူဟာ ဘ၀ဟောင်းကိုမေ့ပျောက်ထားပြီး မာရီယာ ဆိုတဲ့ သာမန် အိမ်ထောင်ရှင်မအဖြစ် ဘ၀သစ်တစ်ခုကို ထူထောင်လျှောက်လှမ်းနေတဲ့ အချိန် အတိတ်ဟောင်းက မိတ်ဆွေဟောင်းတွေ သူ့ကို ပြန်ခြေရာခံမိသွားတဲ့နောက် သူ ရုန်းထွက်ချင်တဲ့ဘ၀ဆီက လွတ်မြောက်နိုင်ပါ့မလား။ ဘယ်လိုဖြစ်ရပ်ဆိုးတွေကြုံလာရမလဲဆိုတာ..။ အမျိုးသမီးဗားရှင်းနဲ့ John wick လို့ပြောလို့ရပါတယ်။ မြင်နေကျ ဇာတ်အိမ်မျိုးကိုမှ သွက်သွက်လက်လက်နဲ့ နောက်ခံတေးဂီတ ကောင်းကောင်း အက်ရှင်ခန်း အလန်းစားတွေနဲ့ ဆွဲခေါ်သွားနိုင်ပါတယ်။ အက်ရှင်ခန်း နှိပ်စက်ခန်းတစ်ချို့ကြမ်းလွန်းလို့ကလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ File size…(950 MB) and (620 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Maria (2019)
2019