Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cindy Busby
4.7
American Pie Presents: The Book of Love (2009)
American Pie Presents ဇာတ်ကားတွေကတော့ နာမည်ကျော် American Pie မူလဇာတ်လမ်းရဲ့ Spin-off ဇာတ်ကားတွေဖြစ်ပါတယ်။- American Pie Presents: Band Camp (2005) - American Pie Presents: The Naked Mile (2006) - American Pie Presents: Beta House (2007) - American Pie Presents: The Book of Love (2009) - American Pie Presents: Girls' Rules (2020)ဒီ American Pie Presents ဇာတ်ကားတွေကတော့ မူလဇာတ်ကြောင်းနဲ့ဆက်စပ်မှုနည်းပါးသွားပြီး မူလဇာတ်လမ်းထဲက Jim ရဲ့ အဖေဖြစ်သူ လက်ဗင်စတိန်းနဲ့ Stifler ရဲ့ အမျိုးတွေလောက်သာ ပါလာပြီး တစ်ကားကို ဇာတ်လမ်းတစ်ခုစီဖြစ်ပါတယ်။+++++++++++++++American Pie Presents: ...
movie
American Pie Presents: The Book of Love (2009)
5.3
A Whitewater Romance (2024)
ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေပဲ အရိုက်များကြတဲ့ Cindy Busbyနဲ့ Ben Hollingsworthတို့ရဲ့ ကနေဒါရိုမန့်စ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗက်စတာဆိုတဲ့ ဆိုရှယ်မီဒီယာအက်ပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာယာ။ တစ်ရက် အလုပ်လုပ်နေတုန်း မမျှော်လင့်ပဲ ကုမ္ပဏီရဲ့ စီအီးအို အယ်လီဂရာ့ဆီက ဖုန်းဝင်လာခဲ့တယ်။ ရော့ကီးတောင်တန်းတွေဆီကို ပိတ်ရက်မှာ လာခဲ့ဖို့။ ဗက်စတာရုံးခွဲလေးခုရှိတာထဲကနေ အရှေ့ပိုင်းရုံးရဲ့ ကိုယ်စားပြုဝန်ထမ်းအနေနဲ့ သွားရမှာပါ။ သူ့ရုံးက အထက်လူကြီးက စီအီးအိုခေါ်တဲ့ဆီကိုသွားပြီး သူတို့ကုမ္ပဏီရဲ့နောက်ထွက်မဲ့ အက်ပ်မှာ သူတို့ရုံးအသာစီးရဖို့အရေး ဘယ်လိုနည်းနဲ့မဆိုကြိုးပမ်းဖို့ မှာလိုက်ပါတယ်။ ခေါ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ မာယာတစ်ယောက် သူနဲ့လုံး၀မလိုက်ဖက်တဲ့နေရာမှာ အလွဲလွဲအချော်ချော်တွေဖြစ်ရင်း ဘ၀ရဲ့အနှစ်သာရဆိုတာကို ခံစားလာမိတဲ့အချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(920 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre... Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie
A Whitewater Romance (2024)
6.2
Diary of a Wimpy Kid (2010)
Diary of a Wimpy Kid (2010)~ IMDb - 6.2/10, Rotten Tomatoes - 54% ~စာအုပ်အနေနဲ့ရော ဇာတ်ကားတွေ အနေနဲ့ပါ အောင်မြင်နေတဲ့ ငပိန်လေးရဲ့ ဒိုင်ယာရီ ပထမဆုံးဇာတ်ကားပါ။ ဇာတ်ကားမှာတော့ "ဒါက အလယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ဒိုင်ယာရီမဟုတ်ဘူး အလယ်တန်းကျောင်းမှာ မသေအောင်ဘယ်လိုနေရမလဲဆိုတဲ့ လမ်းညွှန်" လို့ ရွှတ်နောက်နောက်ရေးထားပါတယ်။ဒီဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေ များကြမှာပါ။ ဇာတ်ကားကိုကြည့်ပြီးတော့ ကိုယ်တိုင် အလယ်တန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုသတိရဖြစ်ကြလိမ့်မယ်ထင်ပါတယ်။ ကလေးမဟုတ် ဆယ်ကျော်သက်မမြည် ဟိုမရောက်ဒီမရောက်၊ စကောစက၊ လအော့လအယ် လူချဉ်စရာ ကန့်လန့်အရွယ်လေးတွေပေါ့ဗျာ။ ကျောင်းမှာရော အိမ်မှာပါ အတွေးအခေါ်အဆန်းကြီးတွေတွေးပြီး ပေါက်ကရ လျှောက်လုပ်တာကို အဟုတ်ကြီးမှတ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆရာကြီးထင်ဖူးကြတာကို ပြန်သတိရသွားအောင်လုပ်ပေးပါလိမ့်မယ်။Chloë Grace Moretz ပေါက်စလေးကို ထည့်ထားတာက အလကားနေ ဇာတ်ကောင်အပိုထည့်ထားတဲ့ပုံပေါက် နေပေမဲ့ ကြည့်ရတာ ချစ်စရာကောင်းနေတော့လည်း ...
movie
Diary of a Wimpy Kid (2010)
2010
4.8
The Wrong Daughter (2018)
The Wrong Daughter (2018) ================== ယောက်ျားထုရဲ့ မင်းသမီးလေး Sydney Sweeney ရဲ့ ပွဲဦးထွက်ကာလများဆီက ရုပ်ရှင်ကားဖြစ်ပြီးတော့ အေးစက်စက်ဆိုက်ကိုဇာတ်ကောင်နေရာကနေ လှပစွာ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့.... ကလေးကိုမွေးကင်းစအရွယ်ကတည်းက မွေးစားဖို့ စွန့်ပစ်လိုက်တဲ့ Kate ဟာ သူ့ရဲ့ သမီးအရင်းကို ပြန်ရှာတွေ့တဲ့အခါ မိခင်ဆိုတဲ့အတိုင်း သမီးလေးကို သိချင်စိတ်တွေ ဆုံးရှုံးလိုက်ရတဲ့ အချိန်တွေအတွက် ပြန်လည်ဖာထေးပေးချင်စိတ်တွေနဲ့ ရင်းနီးလိုစိတ်တွေကြောင့် သူနဲ့ ယောက်ျားဖြစ်သူ Joe တို့ဟာ Danica ကို အိမ်ကိုလာနေဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ မကောင်းတဲ့ကိစ္စတွေ ထူးဆန်းတာတွေ ဖြစ်လာတဲ့ အခါ Kate ဟာ သူတို့အိမ်ကိုခေါ်လိုက်တဲ့ အမျိုးသမီးဟာ သမီးအရင်းမဟုတ်တာ ဖြစ်နိုင်ကြောင်း သဘောပေါက်လာပြီးတော့ ဒီ Danica ဆိုတဲ့ ထူးဆန်းတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာကို အချိန်မလွန်မီ စုံစမ်းရပါတော့တယ်။ ဒီဇာတ်ကားဟာမိသားစုနဲ့ အန္တရာယ်တွေ ယုံကြည်မှုကြောင့် ဘယ်လိုဒုက္ခရောက်နိုင်လဲ ဆိုတာကို တင်ဆက်ပြသထားတာဖြစ်ပြီးတော့ Psychological Thriller ကြိုက်တတ်တဲ့ ...
movie
The Wrong Daughter (2018)
12 Rounds 2: Reloaded (2013)
အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်.အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်.နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား??? ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား??? အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်.အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + ...
movie
12 Rounds 2: Reloaded (2013)
6.2
The Big Year (2011)
ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးကတော့ တနှစ်တာ ...
movie
The Big Year (2011)
6.4
Love in Zion National: A National Park Romance(2023)
Love in Zion National: A National Park Romance(2023)***************************************************ဇိုင်ယွန်အမျိုးဥယျာဉ်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်ဗာသဘာဝသမိုင်းပြတိုက်ကို ရှေးဟောင်းပစ္စည်း စုဆောင်းသူ မစ္စဟိုလင်းစတန်းဟာ ဆန်နာဆာဇီမှာတွေ့ခဲ့တဲ့ရှေးဟောင်းအိုးသုံးခုနဲ့အတူ သူခရီးသွားမှတ်တမ်းဂျာနယ်ကို သူ့ဘဝနောက်ဆုံးဆန္ဒအတိုင်း လှူဒါန်းခဲ့ပါတယ်။ဒါပေမယ့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေဖြစ်တဲ့အတွက် တူမြေးဖြစ်သူ ဂရေဒီဟာ ပြန်လိုချင်နေပါတယ်၊ ပြတိုက်တာဝန်ခံမှူးဖြစ်တဲ့ လော်ရန်ဟာ ဒီအိုးတွေ သုတေသနလုပ်ကြည့်ခဲ့တဲ့အခါ တစ်ခုခုမှားယွင်းနေတာကိုသိလိုက်ရတယ်၊ အကြောင်းက အိုးသုံးခုမဟုတ်ဘဲလေးခုဖြစ်နိုင်တယ်ဆိုတဲ့အချက်ပါ။ထင်မှတ်မထားတဲ့နောက်ခံရာဇဝင်အကြောင်းကိုသိလာတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.... File Size : (1.7GB) and (804MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:24:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Love in Zion National: A National Park Romance(2023)
6.3
Warming Up to You (2022)
Warming Up to You (2022) ===================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးကတော့ လတ်တလောခေတ်စားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ gym trainer ကောင်မလေးနဲ့ နာမည်ကျော်မင်းသားတစ်ယောက်တို့ရဲ့ ရိုမန့် ဇာတ်လမ်းလေးလို့ပဲ ဆိုကြပါစို့။ကျန်းမာရေးအတွက်ပဲ အမြဲအဓိကထားပြီး လေ့ကျင့်ပေးတတ်လို့ ပေါ်ပင်တွေ နောက်လိုက်တတ်တဲ့ Gym နဲ့ အမြဲကတောက်ကဆဖြစ်ရတဲ့ ပါဆင်နယ်ထရိန်နာမလေး ကိတ်ဝို့ဖ်။နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် body structure ကို ဂရုမစိုက်ဘဲ စားချင်သလိုတွေစားလို့ ကြွက်သားတွေပျောက် ဝဖိုင့်လာရတဲ့ မင်းသား ရစ်ခ်စတီးလ်။ တစ်နေ့မှာ ရစ်ခ် ရဲ့ စတူဒီယိုကနေ ပါဆင်နယ်ထရိန်နာအဖြစ် လေ့ကျင့်ပေးဖို့ ကိတ် ကို ငှားရမ်းလာတဲ့အခါ၊ စတွေ့ကတည်းက ကြောင်နဲ့ ကြွက်လို အမြင်မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ထရိန်နင်ဆင်းကြတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုမန့်စ် လေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေး စီးမျောခံစားကြည့်ရဦးမှာပါ။ ကိုယ့်ရဲ့ ကလိုင်းရန့်နဲ့ လုံးဝ ဒိတ်မလုပ်ဘူးလို့ ကြွေးကြော်ထားခဲ့တဲ့ ကိတ် အတွက်ရော ဘယ်လို challenge တွေဖြစ်လာမလဲဆိုတာကတော့ ... ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Christie Will Wolf ...
movie
Warming Up to You (2022)
2022