Channel Myanmar

Cie Allman

Gladiator (1992) 6.5
Gladiator (1992) Gladiator (1992) IMDb: 6.5/10Shorts တွေ tiktok တွေမှာ ဗီဒီယိုအတိုလေးတွေအနေနဲ့မြင်တွေ့နေကျ လူဖြူလူမဲ လက်ဝှေ့သမား ဖိုက်တာကားကိုမြန်မာဘာသာပြန်နဲ့ တင်ဆင်ပေးလိုက်ပါပြီ။ ၁၉၉၂ကထွက်ရှိခဲ့ပြီးအတန်အသင့် ရေပန်းစားခဲ့တဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းတွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေးအဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေကဂိုဏ်းတွေဖွဲ့ မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်ကလူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။အဲဒီထဲကမှ တွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာနာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီး အချင်းချင်းလည်းတွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက်ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။သူတို့ရန်ပွဲကို အမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲကတစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့်လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကို မြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ဒါပေမဲ့ ထင်ထားတာထက် တွမ်မီက အရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူဘော့စ် မစ္စတာဟောန်က ...
movie

Gladiator (1992)

Pulp Fiction (1994) 8.9
Pulp Fiction (1994) Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino  ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie

Pulp Fiction (1994)

1994
4K HEVC