Channel Myanmar

Chungu Bwalya

On Becoming a Guinea Fowl (2024) 7.0
On Becoming a Guinea Fowl (2024)  ဒီကားကိုတော့ ဒါရိုက်တာ Rungano Nyoni ရိုက်ကူးထားပြီးSusan Chardy, Elizabeth Chisela, Roy Chisha တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားကတော့ ဇမ်ဘီယာနိုင်ငံက ရှုလာဆိုတဲ့ အမျိုးသမီးတစ်ဦးရဲ့ မိသားစုအကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ ရှုလာက သူငယ်ချင်းရဲ့ ဝတ်စုံပါတီကနေ ရစ်ငှက်အဝတ်အစားဝတ်ထားရင်း ကားမောင်းပြီးအိမ်ပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ကားလမ်းမပေါ်မှာ သူ့အန်ကယ်ဖြစ်တဲ့ ဖရတ်ဒ်ရဲ့ အလောင်းကို တွေ့ရတဲ့အပြင်အမူးသမားဖြစ်နေတဲ့ ဝမ်းကွဲဖြစ်တဲ့ ဆန်ဆာနဲ့လည်း တွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ အန်ကယ်ဖြစ်သူရဲ့ အသုဘအတွက် အဒေါ်ဖြစ်သူတစ်စုကခေါ်လို့ မိသားစုအိမ်မှာ သွားကူရင်း ဝမ်းကွဲတွေပြန်ဆုံတွေ့တဲ့အခါ သူတို့ရဲ့ ရင်ဖွင့်စကားတွေကနေ အချိန်အကြာကြီး လျှို့ဝှက်ထားခဲ့တဲ့ မိသားစုရဲ့ ဆိုးရွားတဲ့အတိတ်ဟောင်းတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတဲ့အခါ.....ရှုလာမှာရော လျှို့ဝှက်ထားတဲ့ အတိတ်ဆိုးရှိနေမလား.....သူတို့မိသားစုရဲ့ ထုံးတမ်းစဉ်လာတွေနဲ့ အန်ကယ်ရဲ့ မုဆိုးမဇနီးဖြစ်သူရဲ့ မိသားစုနဲ့ သူတို့မိသားစုကြားက ပဋိပက္ခတွေ ၊အဒေါ်တွေရဲ့ဖိနှိပ်မှုတွေကို ဇမ်ဘီယာမိသားစုတစ်ခုရဲ့အိမ်တွင်းဇာတ်လမ်းအဖြစ် ကြည့်ရှုခံစားရမှာပါ။နောက်ဆုံးမှာ ရှုလာကရော မုဆိုးလာရင် ...
movie

On Becoming a Guinea Fowl (2024)