Channel Myanmar

Christopher Shyer

Return to Office (2025) 6.7
Return to Office (2025)  Return to Office (2025)IMDb Rating (6.7) ဒီဇာတ်လမ်းကတော့ Hallmark movie တွေရဲ့ ထုံးစံအတိုင်း ချစ်စရာကောင်းတဲ့ ဇာတ်အိမ်တွေနဲ့ rom-com ဇာတ်လမ်းလေးတစ်ပုဒ်ပါ။Tom နဲ့ Liv တိုက ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ အလုပ်လုပ်တဲ့ ရက်တွေမတူကြဘူး။Liv က တနင်္လာနေ့မှာ ရုံးကိုလာပြီး Tom က အင်္ဂါနေ့မှာ လာရတဲ့ ဝန်ထမ်းဖြစ်တယ်။ဒါကြောင့် သူတိုနှစ်ယောက်က အလုပ်ခုံ တစ်ခုံတည်းထိုင်နေပေမဲ့ အပြင်မှာမတွေ့ဖူးကြဘဲ အချင်းချင်း မှတ်စုစာလေးတွေ ချန်ထားရင်း စကားပြောဆက်သွယ်ကြတယ်။သူတိုနှစ်ယောက်ရဲ့ သရုပ်မှန်ကို ထုတ်မပြောဘဲ Ms Monday နဲ့ Mr Tuesday ဆိုပြီး လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ စာပိုနေကြရင်း ကြာလာတော့ အချင်းချင်းအပေါ် ခံစားချက်တွေပေါက်ဖွားလာပြီး လူချင်းတွေ့ချင်လာကြတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.6 GB) ...
movie

Return to Office (2025)

2025
From Embers (2024) 5.0
From Embers (2024)  မိသားစုနဲ့အတူ ကြည့်ဖို့ Family ဇာတ်ကားကောင်းလေးတစ်ခုကို CM ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ခင်ပွန်းသည်က ဓာတ်ခွဲခန်း မီးလောင်ပေါက်ကွဲမှာသေဆုံးသွားပြီးနောက်ပိုင်း အော်တစ်ဇင်သားငယ်နဲ့အတူဘဝကို ရုန်းကန်ကြိုးစားနေတဲ့ လီလီရှုဆိုတဲ့ အမျိုးသမီး၊အရက်စွဲနေတဲ့ အနုပညာဂီတသမား တစ်ယောက် ဖြစ်သလိုသမီးတစ်ယောက်ဖခင်ဖြစ်တဲ့ မာတီ။ လီလီအနေနဲ့ ခင်ပွန်းဖြစ်သူသေဆုံးပြီးနောက်ပိုင်း အသက်အာမခံ ပရီမီယံကြေး ထုတ်ယူဖို့ကြိုးစားရာကနေ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့ရမှုဟာ သာမန်ပေါက်ကွဲမှုမဟုတ်ဘဲ သံသယဖြစ်ဖွယ် အချက်တွေကို သိလာပြီးနောက်ပိုင်းအမှုမှန် ပေါ်ပေါက်ဖို့အတွက် ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ။ ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမလဲဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦးလို့...။ File size… (1.24GB) / (641MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 39m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

From Embers (2024)

Three Wiser Men and a Boy (2024) 7.0
Three Wiser Men and a Boy (2024)  Three Wiser Men and a Boy (2024)IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့အခြေအနေဆိုက်နေပါတယ်။သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေးအဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။   (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Three Wiser Men and a Boy (2024)

2024
Life or Something Like It (2002)
Life or Something Like It (2002) ကြည့်သူတိုင်းကြိုက်ကြတဲ့ ရုပ်ရှင်ဇတ်ကားကောင်းတစ်ခုဆီးယက်တဲလ်ရုပ်သံလွှင့်ဌါနက သတင်းထောက်နဲ့ သတင်းကြေညာသူ လေးနီကာရီဂန်( အိန်ဂျယ်လီနာဂျိုးလီ)ရဲ့ ဘဝဟာ သူ့ကိုယ်သူရှေ့ဖြစ်ဟောဆရာလို့ အမည်တပ်ထားတဲ့ အိမ်ယာမဲ့ ဂျက်ခ်(တိုနီရှားလုဘ်)နဲ့တွေ့ပြီးဂျက်ခ်ကသူ(မ)လိုချင်တဲ့“ယူအက်စ်အေနက်ထ်ဝေါ့ခ်”ရုပ်သံလွှင့်ချန်နယ်ကြီးကအလုပ်ကိုလည်းမရဘူးပြီးတော့သူ(မ)တစ်ပါတ်ပဲအသက်ရှင်တော့မယ်လို့ဟောလိုက်တဲ့အခါအလုပ်အကိုင်ငွေကြေးရုပ်ရည်အချစ်ရေးဘဝကအစပြီးပြည့်စုံတယ်ထင်ရတဲ့သူ့ဘဝကိုပြန်သုံးသပ်ရမယ့်အခြေအနေကိုရောက်လာပါတယ်။ “ဂျက်ခ်ရဲ့ ရှေ့ဖြစ်ဟောပြောချက်တွေကိုမယုံပေမယ့်အခြားအတိအကျမှန်လာတဲ့အချက်တွေရှိလာခဲ့ပြီးနောက်တစ်ပါတ်ထိပဲအသက်ရှင်ရတော့မယ်လို့ ယုံလာတဲ့အခါ လေးနီတစ်ယောက်ရင်ဖွင့်ဖို့အနီးကပ်ဆုံးလူတွေကိုစကားစကြည့်တဲ့အခါသူတို့တစ်တွေရဲ့တုံ့ပြန်မှုတွေက ဘာတွေဖြစ်မလဲ။ဂျက်ခ်ရဲ့ဟောပြောချက်မှန်လာမလား။ဒီရက်သတ္တပါတ်အတွင်း လေးနီဘာအလှည့်အပြောင်းတွေကြုံရမလဲ။လူအများစုဟာ သေခြင်းတရားကိုမေ့လျော့နေကြပြီး ရှင်သန်နေထိုင်စဥ်ကာလမှာလည်း ဘယ်လိုနေထိုင်စိတ်ထားမယ်ဆိုတာကို သတိလက်လွတ်နေတတ်ကြပါတယ် ။ဒီရုပ်ရှင်ကရှင်သန်နေထိုင်ခြင်းနဲ့သေခြင်းတရားအတွက်အတွေးအခေါ်အယူအဆတွေကိုပြောပြမှာဖြစ်တယ်။တန်ဖိုးထားရမယ့်အရာတွေကိုလည်း ပြောပြပေးသွားမှာဖြစ်တယ်။အကြိုက်ဆုံးစကားလေးတွေက“တကယ်လို့ တစ်ပါတ်အတွင်းငါသေတော့မယ်ဆိုရင်-ငါကအချိန်အခိုက်တန့်တိုင်းကိုကြိုးစားပြီးနေထိုင်မှာ။လူတွေကိုသွားတွေ့မယ်ငါ့အတွက် အဓိပ္ပါယ်အရှိဆုံးသူတွေပြီးတော့ သူတို့မျက်နှာတွေကို ကြိုးစားပြီးအမှတ်တရဖြစ်အောင်လုပ်မယ်”ဇတ်လမ်းနဲ့လိုက်ဖက်တဲ့သီချင်းလေးတွေကိုထည့်သွင်းထားပြီး တစ်ချို့ဇတ်ဝင်ခန်းတွေက သင့်မျက်ရည်ကိုချူမယ့်ဇတ်ဝင်ခန်းတွေဖြစ်တယ်။ ဒါရိုက်တာက စတီဗင်ဟားရက်ခ်(Steven Herek)ကရိုက်ကူးထားပါတယ်။Edward Burns ( အက်ဒ်ဝါ့ဒ် ဘန်းစ်)က ပီးထ်အဖြစ် သရုပ်ဆောင်ထားပြီးအခြားသရုပ်ဆောင်များလည်းပါဝင်အားဖြည့်ထားပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Comedy, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin
movie

Life or Something Like It (2002)

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Along Came a Spider (2001) 6.4
Along Came a Spider (2001) မင်းသားကြီး မော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားပြီး2001 တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင်‌ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်/စုံထောက်ဒေါက်တာ အဲလက်စ် ခရော့စ် (မော်ဂန် ဖရီးမန်း) ဟာစစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့တွဲဖက်ကို ဆုံးရှုံးလိုက်ရပြီးကတည်းကသူ့ကိုယ်သူခွင့်မလွှတ်နိုင်ပဲ၊ ဘဝကြီးကိုလည်းရည်ရွယ်ချက်မရှိဖြတ်သန်း‌နေသူပါ။ဒီဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ရှစ်လအကြာမှာတော့ပြည်နယ်လွှတ်တော်အမတ် ဟန့်ခ် ရို့စ်ရဲ့ကိုယ်ပိုင်ကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့သမီးလေး ရို့စ်ဟာ Secret Service ရဲ့စောင့်ရှောက်မှုအောက်မှာရှိနေရင်းနဲ့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ဒီလိုနဲ့ အဲလက်စ်ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီးသူရဲ့ကစားပွဲထဲကို ဝင်ပါခိုင်းရင်း အဲလက်စ်တစ်ယောက် ပြန်ပေးသမားရဲ့ကစားပွဲကိုနိုင်အောင်ကစားနိုင်မှာလား၊ ရို့စ်ကိုရော အောင်အောင်မြင်မြင်နဲ့ကယ်ထုတ်နိုင်မှာလား၊ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရမလဲ၊ဘယ်လိုအလှည့်အပြောင်းတွေရှိလာမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…  2.77 GB /  742 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 39m Genre .....  Drama , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by TMMT
movie

Along Came a Spider (2001)

2001