Channel Myanmar

Christopher Nicholas Smith

Little Children (2006) 7.5
Little Children (2006) Little Children (2006)IMDb Rating (7.5) / Rotten Tomatoes (80 %)မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ......။ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။" လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်... စပြောင်းလဲဖို့သာ အဓိကပါပဲ"- Little Children (2006)(အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။) File size…(2.4 GB )/(1.2 ...
movie

Little Children (2006)

2006
Paranormal Activity 3 (2011) 5.8
Paranormal Activity 3 (2011)  IMDb rating - 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။File size…(1.6 GB)/(750 MB)Quality….Webrip ...
movie

Paranormal Activity 3 (2011)

Enough Said (2013) 7.0
Enough Said (2013)  Genre – Comedy, Romance, Drama IMDB – 7.0/10အချစ်ကားလေးဆိုလို့ နုနုငယ်ငယ်လေးတွေ ဖလန်းဖလန်းထကြတဲ့ကားမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒါကိုကဇာတ်ကားနဲ့ ဒိုင်ယာလော့ခ်တွေကို ပိုပြီး စစ်မှန်စေတယ်လို့ကျွန်တော်ကတော့ ခံစားရတယ်။ စိတ်ကူးယဉ်မဟုတ်ပဲလက်တွေ့လောကကို ပိုပြီး မြင်ရသလိုမျိုးပေါ့။ ဇာတ်လမ်းကတော့ အိမ်ထောင်ကွဲထားပြီး သမီးကိုယ်စီမွေးထားတဲ့သက်လတ်ပိုင်းအရွယ်တွေရဲ့ ဘဝနေထိုင်မှုကို အသားပေးထားတာမျိုးပါ။ အီဗာဆိုတဲ့အမျိုးသမီးကတော့ ကွာရှင်းထားတာ ၁၀ နှစ်ရှိနေပြီသမီးလေးကလည်း ကောလိပ်သွားတက်ရတော့မယ်သူကိုယ်တိုင်ကလည်း သူများကိုနှိပ်နယ်ပေးရတဲ့ ပရော်ဖက်ရှင်နယ် အနှိပ်သည်တစ်ယောက်ပေါ့လေ။ တစ်ဖက်ကအဲဘတ်ကကျ ကွာရှင်းထားတာ ၄ နှစ်လောက်ရှိပြီ သမီးကလည်းကောလိပ်သွားတော့မယ် သူကကျ ရိုးရာသမိုင်းစာကြည့်တိုက်မှာ တီဗီအစီအစဉ် ထိန်းသိမ်းတာမျိုး လုပ်တဲ့လူ။အီဗာက နှိပ်ပေးရင်းနဲ့ သူငယ်ချင်းရထားတာရှိတယ်ယောက်ျားမကောင်းကြောင်း အင်မတန်ပြောလေ့ရှိတဲ့ ကဗျာဆရာမ မယ်ရီအန်းပေါ့လေ။ ဒီလိုနဲ့ ပါတီတစ်ခုမှာ အီဗာနဲ့အဲဘတ်တို့ တွေ့ခဲ့ကြပြီး နောက်ပိုင်း တွဲဖြစ်ခဲ့ကြပါတယ်အဲဘတ်က လူဝကြီးဆိုပေမဲ့ အီဗာ့အတွက် အဆင်ပြေခဲ့တယ်။အဲဒီမှာပဲ တစ်ရက်ကျ အီဗာဟာ ကိုယ့်ချစ်သူအဲဘတ်ရဲ့ အရင်မိန်းမဆိုသူက ကိုယ်နှိပ်ပေးနေကြ ...
movie

Enough Said (2013)

Storks (2016) 6.8
Storks (2016) Storks (2016) IMDb - 6.8/10_____Rotten - 66%    ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်....     ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ...
movie

Storks (2016)

2016