Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Christopher Fulford
7.6
Joyeux Noel (2005)
(ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း)ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။ File Size : 1.74 GB, 787 MB Quality : Blu-Ray 1080p / 720p Running ...
movie
Joyeux Noel (2005)
6.8
You Will Meet a Tall Dark Stranger (2010)
လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကိုရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက်ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကိုထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ်လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲအိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစုဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
You Will Meet a Tall Dark Stranger (2010)
5.4
Bel Ami (2012)
Bel Ami (2012)နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်တလောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ... ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ... ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ... ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ... အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ ...
movie
Bel Ami (2012)
2012
5.7
Queen of the Desert (2015)
Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie
Queen of the Desert (2015)
2015
6.6
Scoop (2006)
Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie
Scoop (2006)
6.8
Stonehearst Asylum (2014)
Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54% ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။ Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie
Stonehearst Asylum (2014)
2014