Channel Myanmar

Christopher Eccleston

Legend (2015) 6.9
Legend (2015) Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie

Legend (2015)

4K HEVC
eXistenZ (1999)
eXistenZ (1999) IMDb - 6.8/10 RT - 76% Old But Gold ဇာတ်ကားတစ်ခုပါ။တစ်ကားလုံး မကြည့်ဖူးသေးရင်တောင် ဂျုဒ်လော ဟင်းပွဲထဲကအရိုးတွေကိုဆက်ပြီး သေနတ်လုပ်တဲ့ ပြကွက်ကိုတော့ FB Reel တွေမှာ ကြည့်ဖူးမှာပါ။ အခုနောက်ပိုင်းမှ အမှန်အကန်တွေ့လာရတဲ့ AI တို့၊ Virtual Reality Game တို့အကြောင်း လွန်ခဲ့တဲ့ ၂၆နှစ်က ရုပ်ရှင်တစ်ကားရှိခဲ့တယ်ဆိုတာ သင်ယုံနိုင်မလား။ဇာတ်လမ်းကတော့ နာမည်ကြီး ဂိမ်းဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ အလယ်ဂရာ (Jennifer Jason Leigh)ဟာ ဂိမ်းမိတ်ဆက်ပွဲတစ်ခုမှာ လုပ်ကြံဖို့ ကြိုးစားခံရတဲ့အတွက် လုံခြုံရေးဝန်ထမ်း ပိုက်ကယ်လ် (Jude Law) နဲ့ အတူ ထွက်ပြေးကြရပါတယ်။ လုပ်ကြံရတဲ့ အကြောင်းကလည်း သူမဖန်တီးထားတဲ့ဂိမ်းကို ဖျက်ဆီးချင်တာ‌ရော၊ ခိုးယူချင်တာပါ ဖြစ်နေပါတယ်။ ထွက်ပြေးရာ လမ်းတစ်လျှောက် လုပ်ကြံသူတွေ အစီအရီအကြား သူမတို့နှစ်ယောက် ဘယ်လို အသက်လုပြေးကြရမလဲကို ...
movie

eXistenZ (1999)

Thor: The Dark World (2013) 6.7

Thor: The Dark World (2013)

2013
4K HEVC
The Others (2001) 7.6
The Others (2001)   The Others (2001)IMDb Rating (7.6) / Rotten Tomatoes (84%) "The others" ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်-ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာဖြစ်သူ Alejandro Amenabarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ် Nicole Kidman, Fionnula Flanagan, Christopher Eccleston, Elaine Cassidy,Eric Sykes, Alakina Mann, James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားရဲ့ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။ဒါ့အပြင် Goya Award for Best Film Goya Award for Best Director Goya Award for Best Original Screenplay Goya Award for Best Sound Goya Award for ...
movie

The Others (2001)

2001
28 Days Later (2002) 7.6
28 Days Later (2002) ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု ====================================ဒါရိုက်တာ - Danny Boyleထွက်သည့်နှစ် - ၂၀၀၂အဓိက သရုပ်ဆောင်များ - Cillian Murphy, Naomie Harris, Christopher Eccleston28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ်ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီးLondon မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါဇာတ်လမ်းအကျဉ်းJim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါLondon မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။"Rage virus" ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာJim ...
movie

28 Days Later (2002)

2002
Gone in Sixty Seconds (2000) 6.5
Gone in Sixty Seconds (2000) ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ညီဖြစ်သူ ကစ်ပ်က ကား‌မှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီးအောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက်ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာမလို့ မမ်ဖစ်တစ်‌ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင်ကားအစီး၅၀ကို ...
movie

Gone in Sixty Seconds (2000)

2000
Young Woman and the Sea (2024) 7.5
Young Woman and the Sea (2024)  ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့ကဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထကြည့်ရှုရမှာပါ...ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာလဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ်ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ "ဒီနေ့ညကိုမကျော်နိုင်ဘူး" လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီးအသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူကသားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါကနားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက်ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန်ခဲ့ပါတယ်..မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကိုအကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ်သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ...
movie

Young Woman and the Sea (2024)

4K HEVC
Dead in a Week Or Your Money Back (2018) 6.3
Dead in a Week Or Your Money Back (2018) Dead in a Week Or Your Money Back (2018)~ IMDb - 6.3/10, Rotten Tomatoes - 52% ~အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ...
movie

Dead in a Week Or Your Money Back (2018)

2018
Where Hands Touch (2018) 6.6
Where Hands Touch (2018) Where Hands Touch (2018) ==================== IMDb Rating - 6.6/10ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ဂျာမနီမှာ အခြေတည်ထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ပါ။ Layna ဟာ ဂျာမန်လူဖြူအမေနဲ့ ပြင်သစ်လူမည်း အဖေတို့ ပေါင်းစပ်ပြီး မွေးလာတဲ့ (၁၆)နှစ်အရွယ် ကလေးမလေးပါ။ Rhineland မှာ မွေးဖွားကြီးပြင်းခဲ့ပြီး ဟစ်တလာရဲ့ နာဇီတပ်ဖွဲ့တွေက Leyna လို သွေး နှောလူမည်း ကလေးတွေကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတာကြောင့် ဘာ လင်မှာများ အန္တရာယ်ကင်းနိုင်မလားဆိုပြီး Leyna ရဲ့ အမေ Kerstin တစ်ယောက် သားနဲ့သမီးကို လက်ဆွဲပြီး ဘာလင်ကို ထွက်လာခဲ့ပါတယ်။ပိုကောင်းတဲ့ ဘဝတစ်ခု ရနိုင်ဖို့ Leyna ကို ကျောင်းပို့ပြီး စာသင်ပေးခဲ့ပေမဲ့ နီဂရိုးတစ်ယောက် စာသင်ဖို့ မလိုဘူးဆိုပြီး ကျောင်းကနေဆွဲထုတ်ပြီး စက်ရုံ မှာ အလုပ်လုပ်ဖို့ ပို့လိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ Leyna တစ်ယောက် ထင်ရှားတဲ့ SSအရာရှိတစ်ဦးရဲ့ သားဖြစ်ပြီး ကိုယ်တိုင်လည်း လူငယ်တပ်ဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Lutz နဲ့ ...
movie

Where Hands Touch (2018)

2018
Amelia(2009) 7.0
Amelia(2009) Amelia(2009)************Amelia Earhartဆိုသူဟာ အတ္တလန္တိတ်သမုဒ္ဒရာကို လေယာဉ်နဲ့တစ်ဦးတည်း ဖြတ်ပျံသန်းပြခဲ့တဲ့ ပထမဆုံးအမျိုးသမီးပါပဲ။ အခြားစံချိန်တင် ပျံသန်းမှုတွေကလည်း ဒုနဲ့ဒေးပါ။ သူ့ရဲ့ စွန့်စားမှုတွေအကြောင်းစာအုပ်ထုတ်ဝေရေးသားခဲ့ပြီး 1935 ဝန်းကျင်မှာတော့ အမေရိကမှာနာမည်အကြီးဆုံး အမျိုးသမီးပါပဲ။ ၁၉၃၇ခုနှစ်မှာ ကမ္ဘာကြီးကို တစ်ပတ်ပတ်ပျံရင်း စံချိန်တင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ကံအကြောင်းမလှဘဲ ဒီပျံသန်းမှုလုပ်ဆောင်နေစဥ်အတွင်းမှာပဲ Ameliaနဲ့ သူ့ရဲ့လမ်းကြောင်းပြဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့ပြီး ဘယ်သောအခါမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီရုပ်ရှင်ဟာ သူ့ရဲ့ ပျံသန်းမှုခရီးစဥ်တွေအကြောင်း၊ အမျိုးသမီးလေယာဥ်မှူးတစ်ယောက်ရဲ စွန့်စားမှုတွေ၊ ဘာကြောင့်ပျောက်ဆုံးသွားရတယ်ဆိုတာကို ရိုက်ကူးပြသထားတဲ့ Biography ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်File Size : (1.8GB) and (769MB) Quality :BLU-RAY1080P, 720p Format…mp4 Duration…01:25:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Amelia(2009)

G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
King Lear (2018) 6.1
King Lear (2018) အင်္ဂလန်ပြည့်ရှင်မင်းကြီး King Lear ဟာ တိုင်းပြည်ကိုသုံးပိုင်းခွဲပြီး သမီးတော်သုံးဦးဆီမျှဝေပေးရာကနေ ဇာတ်လမ်းစပါတယ်... ကောက်ကျစ်တဲ့သမီးနှစ်ဦးရဲ့မြှောက်ပင့် စကားတွေကြား ဘ၀င်ခွေ့ခဲ့တဲ့ King Lear... မိမိအပေါ်စိတ်ရင်းနဲ့မေတ္တာထားတဲ့သမီးငယ်ကိုမှ ရက်စက်မိလေခဲ့တဲ့ King Lear... ယုတ်ညံ့သူတွေရဲ့မျက်နှာဖုံးကွာကျလာချိန်မှာ... အမှားအမှန်ကို ကွဲကွဲပြားပြားသိလာချိန်မှာ... အရာအားလုံးက ပြန်ပြင်ဆင်ဖို့အချိန်မှီပါဦးမလား... (ဒီရုပ်ရှင်ထဲမှာ ဘုရင်ကြီးလီယာဘေးက မိတ်ဆွေစစ်တွေရဲ့ တန်ဖိုးကိုလည်းဖော်ကျူးထားပါတယ်)။ Shakespear ရဲ့နာမည်ကျော် King Lear ၀တ္ထုကို ယနေ့ခေတ်အသွင်အပြင်နဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။   Archi Than Gyi ဘာသာပြန်ပြီး အညွှန်းကိုယ်လဲ ကိုယ်တိုင်ရေးပေးထားပါတယ်
movie

King Lear (2018)

2018