Channel Myanmar

Christopher Brand

The Sonata (2018) 5.5
The Sonata (2018) The Sonata (2018)*********************ဒီဇာတ်ကားလေးကတော့ Freya Tingley နဲ့ Simon Abkarian တို့က အဓိကပါဝင်တင်ဆက်ထားတာပါ။ဒီဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Rose Fisher က နာမည်ရခါစ တယောပညာအဖြစ်အသက်မွေးနေတဲ့ အချိန်မှာ အဖေ Richard Marlowe ဖြစ်သူ ဆုံးပါးသွားတဲ့သတင်းကို ကြားလိုက်ရတယ်။အဖေဖြစ်သူက ငယ်ငယ်လေးကတည်းမိသားစုကို ပစ်ပြီး ရုတ်တရတ်ထွက်ထားခဲ့တဲ့အတွက် အဖေက သူ့ဘဝမှာမလိုအပ်ဘူးလို့ နှုတ်ကပြောနေပေမဲ့ စိတ်ထဲမှာတော့ မေတ္တာစိတ်ကရှိနေဆဲပေါ့။ဒီလိုနဲ့ ရှေ့နေနဲ့သွားတွေ့တော့ ကျန်ရစ်ခဲ့တဲ့ သူပစ္စည်း​တွေရယ်၊ နောက်ဆုံးနေခဲ့တဲ့ ပြင်သစ်ကအိမ်သော့ကို လွှဲပေးလိုက်တော့ အဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ သူအဖေဘယ်သူမှ​မပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေက ဘယ်လိုအသက်ဝင်လာမလဲ။သူအေးဂျင့်ဖြစ်တဲ့ Charles Vernaisကလည်း ဘယ်လိုတွေကူပေးရပြီး သူ့အကူအညီက ကောင်းရာဘက်ကို ဦးတည်သွားမလား... နှစ်ယောက်သားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Latvian National Film Award Lielais Kristaps for Best Fiction Film Cinematographerဆုရထားတဲ့ ကားလေးမို့ ပိတ်ကားပေါ်မှာ အတူစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်...)File size…1.35GB / 707MB Quality… BluRay ...
movie

The Sonata (2018)

Basic Instinct 2 (2006)(18+) 6.5
Basic Instinct 2 (2006)(18+) Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ....   File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie

Basic Instinct 2 (2006)(18+)