Channel Myanmar

Christophe Tek

Paternal (2024) 6.3
Paternal (2024)  ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်း‌တွေအကြောင်း၊ လူ‌သားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းSimonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု‌တွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ်တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ‌ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာ‌တွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ်ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကို‌ရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…(1 GB)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

Paternal (2024)

Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC
Neither Heaven Nor Earth (2015) 6.3
Neither Heaven Nor Earth (2015)  ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3RTမှာ92%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေတစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေစပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့်​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကိုရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip  1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Neither Heaven Nor Earth (2015)

Catherine Called Birdy (2022) 6.5
Catherine Called Birdy (2022) Catherine Called Birdy (2022) ===================== IMDb Rating - 6.5/10"ရှင်တို့ယောကျ်ားတွေက နတ်ဘုရားတွေမဟုတ်ဘူး။ ကျွန်မတို့ဘယ်လိုလူလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လောက်တန်တယ်ဆိုတာ ရှင်တို့ဆုံးဖြတ်စရာမလိုပါဘူး။ ကျွန်မတို့ကအရာဝတ္ထုပစ္စည်းတွေမဟုတ်ဘူး လူတွေပါ..."အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ ‌သူ့မှာ အက်ဒ၀ပ်နဲ့‌ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့‌ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ‌ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ‌ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ဘ၀အပြောင်းအလဲများစွာကို ရင်ဆိုင်ရတဲ့အခါ... ဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထားပါတယ်။ ခေတ်ဟောင်းနောက်ခံကားပေမဲ့ ဟာသလေးတွေနှော ထားတာမို့ ခပ်မြူးမြူးလေးနဲ့ တကယ်ကြည့်ကောင်းပါတယ်။IMDb rating 6.5/10 နဲ့ Rotten Tomatoes 88% ...
movie

Catherine Called Birdy (2022)

2022