Channel Myanmar

Christian Vasquez

My Future You (2024) 8.4
My Future You (2024) My Future You (2024)"ငါ့အနာဂတ် မင်း" ================================၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရိုရိုချိုချို ဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကမ္ဘာပေါ်က လူသန်းပေါင်း ၈ ထောင်ကျော်ထဲမှာ ကိုယ့်ရဲ့ ဝိညာဉ်ဖက်ကိုရှာတွေ့ဖို့ဆိုတာ တကယ်မလွယ်တဲ့ကိစ္စပါ။ဒါပေမဲ့ ရှာတွေ့ဖို့အချိန်တန်ရင်တော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာ ဘယ်အချိန်ကိုပဲရောက်နေနေ သူ့အလိုလိုရှာတွေ့စမြဲပါပဲ။လက်စ်ဆိုတဲ့ ကောင်လေးနဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးဟာ အွန်လိုင်းဒိတ်တင်းဆိုက်တစ်ခုမှာတွေ့ပြီး ပုံမှန်စကားပြောဖြစ်နေသူတွေဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ မျက်နှာမမြင်ဖူးဘဲ စကားပြောနေရာကနေ တဖြည်းဖြည်း အဆင့်တက်ကာ ချစ်သူတွေဖြစ်လာကြပါတယ်။အစပိုင်းမှာ ဒီလို ချစ်ကြိုက်ကွဲညားဇာတ်လမ်းမျိုးလို့ထင်ရပေမဲ့ ဇာတ်လမ်းကထင်သလောက်မရိုးရှင်းဘဲ သူတို့နှစ်ယောက်ဟာ ဥက္ကာခဲတစ်ခုကြောင့် ချိတ်ဆက်မိနေတဲ့ အချိန် ၁၅ နှစ်ကွာခြားတဲ့ ကာလနှစ်ခုက ကံကြမ္မာတူလူနှစ်ယောက်ဖြစ်နေတဲ့အခါမှာတော့...။သူတို့တွေ အဖြစ်မှန်ကို ဘယ်လိုသိသွားကြမှာလဲ၊ အချိန်ကာလတွေကို လွန်ဆန်နိုင်မှာလား၊ ဘယ်လိုရှေ့ဆက်ဖို့ကြိုးစားကြမှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size…1.6 GB / 800 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

My Future You (2024)

GG: Good Game (2024) 5.7
GG: Good Game (2024)  ဂိမ်းနဲ့ပတ်သတ်တဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဖိလစ်ပိုင် ဂိမ်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆသ်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက မိခင်ဖြစ်သူက စွန့်ပစ်သွားခဲ့လို့ အဘွားဖြစ်သူနဲ့ပဲ အတူတူနေထိုင်ရင်း ကြီးပြင်းလာခဲ့ရသူလေးတစ်ယောက်ပါ။ စာဘက်မှာ မထူးချွန်ပေမယ့် ဂိမ်းဘက်မှာ ပိုအားသာပြီး ထူးချွန်သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒီလိုနဲ့ ဆသ် တက္ကသိုလ်တက်နေတဲ့အရွယ်မှာပဲ အဘွားဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူနဲ့ အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆသ်ဟာ ဂိမ်းဘက်ကိုပဲအားသာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းမာတစ်ယောက်ဖြစ်ချင်နေသူဖြစ်တဲ့အလျောက် Requiem National ဖိုင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး အောင်မြင်မှုတွေ ရယူချင်နေသူလည်းဖြစ်ပါတယ်။ ဒီလိုနဲ့ Tokwa't Bad Boisဆိုတဲ့ အဖွဲ့ကို ဝင်ရောက်ပြီးတော့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ တွေ့ကြုံရမလဲ ...... အခက်အခဲတွေကို ဖြတ်ကျော်ပြီး အောင်မြင်မှုတွေကို ဘယ်လိုအရယူသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဂိမ်းဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.9 GB)/(1 ...
movie

GG: Good Game (2024)

Road Trip (2024) 6
Road Trip (2024) Road Trip (2024) ခရီးလေးတစ်ခေါက်ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် မိုးအေးအေးလေးနဲ့ ငယ်ဘဝကိုတစ်ခါလောက် ပြန်တွေးမိမယ့် ဖိလစ်ပိုင် လူငယ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆယ်ကျော်သက်ဘဝမှာ သူငယ်ချင်းတွေနဲ့ ခရီးတစ်ခေါက် ထွက်မယ်လို့ လူတိုင်းစဥ်းစားဖူးကြပါတယ်။ တချို့ကျတော့လည်း သူငယ်ချင်းတွေစုံစုံညီညီနဲ့ ဆန္ဒတွေ ပြည့်ပြီးခရီးတွေ ထွက်ဖြစ်ကြတယ်။ တချို့ကျတော့လည်း အသက်ကြီးတဲ့ထိ ခရီးမထွက်ဖြစ်ဘဲ ပါးစပ်အရသာခံရင်း ပြီးဆုံးသွားရတယ်။ဆိုဖီယာ၊ မာရီကာ၊ ဂျီဂျီနဲ့ချီကီတို့ သူငယ်ချင်းလေးယောက်ကတော့ ဒုတိယအမျိုးအစားပေါ့။ ပူလက်တောင်ကို ခရီးထွက်ကြမယ်ဆိုတဲ့ ငယ်ဘဝဆန္ဒလေးကို အသက်၄၇နှစ်ကြာမှ အကောင်အထည်ဖော်ကြရတယ်။ ဒီတစ်ခါတော့ ဆယ်ကျော်သက်ဘဝလို အရာရာလွတ်လွတ်လပ်လပ် မဟုတ်တော့ဘူး။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေ ရောယှက်လာခဲ့ပြီ။ငယ်ရွယ်ချိန်တုန်းကာသူတို့တွေဟာ ငယ်တုန်းကအတိုင်း ရှိနေကြသေးရဲ့လား။ ဘာတွေပြောင်းလဲသွားမလဲ။ မတည့်အတူနေ လေးယောက် ခရီးထွက်မယ့်အစီအစဥ် အောင်မြင်ပါ့မလား။ငယ်ရွယ်စဥ်မှာ လုပ်ခဲ့တဲ့အမှားတွေ၊ အမှတ်တရတွေ၊ အထင်လွဲတာတွေ၊ ရန်ဖြစ်ကြတာတွေကို ပြန်ပြီးတွေးတောကြရင်း ဒီခရီးလေးမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဒီကားလေးမှာစောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.02GB / 869MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h ...
movie

Road Trip (2024)

2024